ကျနော်တို့ မြန်မာပြည်က လူငယ်တွေ စိတ်ဓါတ် နဲ့ အကျင့်စာရိတ္တ တော်တော်ညံသွားတယ်။ စာတတ်ပေတတ် လို့ ပြောရမဲ့ ဘွဲ့ရတွေရောဘဲ။ facebook အကောင့်တွေ ခဏခဏ hack တာတွေ မြင်နေရတယ်။ ၁၀ တန်း မအောင်တဲ့သူ မလုပ်နိုင်ဘူး။ တော်ရုံ technical သိတဲ့သူ တောင် မလုပ်နိုင်ဘူး။ ဆိုတော့ အတတ်ပညာ ကောင်းကောင်းတတ်တဲ့သူ တွေ လုပ်နေကြတယ်။ စိတ်ဓါတ်ပျက်စီး နေတဲ့သူတွေ အဖျက်လုပ်ငန်းတွေ လုပ်နေကြတယ်။ မင်းတို့ခေတ်ကျမှ ညံ့တယ်လို့တော့ မပြောသာဘူး..ညံ့တော့ မညံ့ဘူး လုပ်နိုင်တယ်..။ ကော်နဲ့ ဘဲ ကပ်ထားတဲ့ စာအိတ်ကို တရားဝင် ဖောက်ဖတ်ခွင့် ရတဲ့ အစိုးရ လက်ထက် ကြီးပြင်းလာတဲ့ မင်းတို့ ခေတ်ကျမှ စိတ်ဓါတ်တွေ အောက်တန်းကျသွားတာ သိပ်တော့ မထူးဆန်းဘူး။ ethic ဆိုတာ မင်းတို့ အဘိဒါန်ထဲက ထုတ်ထားလိုက်တော့.။
Posted on: Sun, 30 Jun 2013 00:19:34 +0000
Trending Topics
Recently Viewed Topics
© 2015