ကျမ - TopicsExpress



          

ကျမ အင်ဂျင်နီယာတယောက်ပါ။ ဘုရားစူး အင်ဂျင်နီယာပါ။ ဒါပေမဲ့ အင်/ယာ အလုပ်နဲ့ အသက်မွေးတာ ၁နှစ်မပြည့်သေးပါဘူး။ ၂၀၀၇ ဒီကိုစရောက်ကတည်းက ပြောရရင်စကားတွေ အများကြီးပြောရတဲ့အလုပ်တွေကြီးပဲလုပ်ခဲ့တာ ကျောင်းတော်က အင်/ယာ ဘွဲ့ကိုတောင်အာနာမိပါရဲ့။ ဆိုတော့ ဘယ်သူ့ကျေးဇူးနဲ့ အသက်ဆက်လာသလဲဆိုတော့ ဆရာဖေဖေ ဦးမြင့်အောင် ပါ။ ဆရာ့ ကျေးဇူးတွေက ခုထိကို ပါနေတုန်းပါ။ဆရာ့ အတန်းမှာတက်နေတုန်းက ဆရာကျင့်ပေးထားတဲ့ အလေ့အကျင့်က ခုထိကိုပါနေတုန်း။ ဘာလဲဆိုတော့If you cant show ur dictionary, u have to show ur underwear ။ ဟဟ ရိုင်းသွားတယ်လို့များတွေးနေကျလား။ ဆရာဘယ်လိုလူမျိုးလဲ ဆိုတာ ဆရာ့တပြည့်ဖြစ်ဖူးသူတိုင်းသိတယ်။ ကိုတွေကလဲဒီလောက်မှ မနှိပ်ကွပ်ထားရင် သိပ်မဝပ်ချင်ဘူး။ ဆန်ရင်းနာနာဖွတ် ဆိုသလိုမျိုးတော့ ဆရာကတော်တော်ကျင့်ခဲ့တာ။ ရုံးစာပွဲမှာလဲ အဘိဓာန် ရှိတယ်။ ဖုန်းအသစ်ဆိုရင်လဲ အဘိဓာန် ကစအရင် ဒေါင်းလုပ် လုပ်တယ်။ ဒီရက်ပိုင်းဆရာ့ကိုတော်တော်လေးသတိရနေတယ်။ ဇေယျာလင်း တဖြစ်လဲ (ဇရာလင်း လို့သမီးမပြော) ဆရာ့အတန်းစာပွဲတွေရှိရာ သမီးတခေါက် လာချင်သေးတယ်။ မုတ္တမ ညည်းဘာလာရှုတ်တာလဲဆိုတဲ့ဖိတ်ခေါ်သံကို လွမ်းတယ်။ စာလဲသင်ပေးရ ထမင်းလဲကျွေးရဆိုတဲ့ ရက်ရောသံကိုလဲ အမှတ်ရတယ်။ချစ်စရာကောင်းတဲ့ ဆရာမတွေ အကုန်လုံးနဲ့အတူ မေငယ်ကိုလဲ သတိရတယ်။ ဒီနှစ် ဆရာ့မွေးနေ့အမှီပြန်လာရင် ဘာကျွေးမလဲ ဟီး။ ဆရာပေးတဲ့ မှတ်ချက်တချို့နဲ့ ဆရာ့ ချစ်တပြည့်တယောက် လောကထဲ စောင်းငန်းငန်း လွင့်ကောင်းဆဲ။ ဆရာထုတ်မဲ့ ကဗျာစာအုပ်မှာ မျက်နှာဖုံး ပန်းချီဆွဲနိုင်မဲ့သူနဲ့လဲ မိတ်ဆက်ပေးချင်တယ်။ (ကိုယ်တိုင်ဆွဲဖို့ အခွင့်အရေး ရချင်တယ်) ခုထိ ဆန့်ကျင်ဘက်လိင် တယောက်ကို ဆရာ့ရုံးခန်းထဲခေါ်မိတ်မဆက်ပေးရသေးလို့ သား/သမီး တာဝန် မကျေသေးသလိုလဲ ခံစားရတယ်။ u r a free woman...independent-minded ဆိုတဲ့မှတ်ချက်ကလဲ u r not material of romance လို့သွယ်ဝိုက်ပြောနေတယ်လို့ခံစားရတယ်။ ဘာပဲဖြစ်ဖြစ် ဆရာ့ကိုလာတော့နှောက်ရှက်အုံးမယ်။ Y.E.S ကျောင်းကြီးရှိနေသ၍ ဗမာပြည်ပြန်ထမင်းမငတ်ဘူးဆိုတဲ့စိတ်နဲ့ ဒီနှစ်ထဲတခေါက်တော့ပြန်ခဲ့အုံးမယ် ဆရာဖေဖေ :) ရိုသေစွာ ကန်တော့လျှက် ချစ်သမီး မုတ္တမ (ခ) မိုးသူမ
Posted on: Mon, 02 Dec 2013 16:07:58 +0000

Trending Topics



Recently Viewed Topics




© 2015