ကျွန်တော့် စာရေးနည်း - TopicsExpress



          

ကျွန်တော့် စာရေးနည်း နှစ်မျိုး ဒီနေ့ ........ တစ်နေ့ စာမရေးရင် သေသွားနိုင်ပါတယ် ဆိုတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောလိုက်ရတယ်။ သူရေးတဲ့ စာတွေ တော်တော် များများကလည်း နက်ထဲမှာ တော်တော် ပျံ့နှံပါတယ်။ ဥပမာ - ခရမ်းချဉ်သီးရောင်းသူ ၊ မေမေရဲ့ ၈ ကြိမ်မြောက်လိမ်ညာခြင်း စသော စာတွေကို ရေးနေတဲ့ “ ချော ( အစီမ်းရောင်လွင်ပြင် ) ဆိုသူပါ။ ဒီနေ့ သူ့ရဲ့ ဘလော့လေးက Wordpress ကနေ ကိုယ်ပိုင် ပြောင်းထားတာပါ missgreenlady ။ အခုတော့ သူတို့ဆီက Wordpress ကို ပိတ်လိုက်တယ် ဆိုတော့ သူ့မှာ စာရေးရ တော်တော် ခက်သွားတယ်။ ဒါနဲ့ ဘာမှ မသိသော ကျွန်တော်ကို ကျော်နည်း ၊ ခွနည်း မေးတော့ ကျွန်တော်လည်း လိုက်ပြီးတော့ ဆိုက်တကာ့ဆိုက်ကို မွှေနှောက်ပြီး ကျော်နည်း ခွနည်းတွေ ရှာပေးလိုက်ပါတယ်။ ကိုယ်လည်း မသုံးဖူးတော့ အဆင်ပြေပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်။ သူ့ခဗျာမှာလည်း ဒိုမိန်းတောင်မှ လှမ်းဝယ်ထားတာ။ အခုတော့ သူ့မှာ WP ဝင်မရတော့ ဆက်ရေးလို့မရဖြစ်နေတယ်။ ဒါနဲ့ သူနဲ့ ကျွန်တော် စာရေးတဲ့ အကြောင်းတွေ ပြောဖြစ်တယ်။ အဲ. . .သူ . .သူ. .နဲ့ ပြောရတာ တကယ်တော့ ရိုင်းနေမယ် ထင်တယ်။ မချော လို့ပဲ ဆက်မယ်ဗျာ။ မချော ခဗျာမှာဗျာ..။ စာရေးချင်လွန်းလို့ သူ့မှာ တကယ်လို့ WP သာ ပိတ်လိုက်ရင် ဆိုတဲ့ အတွေးကြောင့် မချော mylovecofe ကို ဖွင့်ပါတယ်။ မချောမှာ စာရေးစရာတွေ များနေလို့ လို့ ပြောတယ်။ နောက်ပြီး စာဆိုတာ ရေးချင်တဲ့ အချိန်လေး ရေးလိုက်ရမှ တဲ့။ ဒီနေ့ ရေးတာနဲ့ မနက်ဖြန်ရေးတာ မတူဘူးတဲ့။ ဒီနေ့ ရေးမယ် ဆိုတဲ့ စာလေး မနက်ဖြန်မှ သွားရေးလိုက်ရင် စာက သိပ်ပြီး အသက်မဝင်သလိုပဲလို့ မချော ကပြောတယ်။ ဒါနဲ့ပဲ ကျွန်တော်လည်း မချောကို ပြောပြဖြစ်တယ်။ “ ဟုတ်တယ်ဗျာ။ ကျွန်တော့်မှာ စာရေးနည်း နှစ်မျိုးရှိတယ်။ ပထမ တစ်မျိုးကတော့ မော်ဒန်ရေးနည်း ၊ နောက်တစ်မျိုးကတော့ အဖိုးကြီး ရေးနည်း။ ” “ ဘယ်လို အဖိုးကြီးရေးနည်းလဲ..၊ ကြားတောင်မှ မကြားဖူးဘူး။ ” “ ဟုတ်တယ်ဗျ။ ကျွန်တော့်ဖာသာ ထွင်ထားတာလေ။ တကယ်လို့ အချိန်ရတယ် ၊ စိတ်ကလည်း လင်းလက်နေတယ် ဆိုရင် ကျွန်တော် ရေးတာတွေက ဝတ္ထုဆန်ဆန် မော်ဒန်ကျကျ ကျွန်တော် ရေးမိမယ်။ ဒါကို ကျွန်တော်က “ မော်ဒန်ရေးနည်း ” လို့ သတ်မှတ်တယ်။ ဒါမှမဟုတ်ပဲ အချိန်တွေလုနေရပြီး စိတ်လက် မသာမယာနဲ့ ရေးချင်လို့သာ စာတစ်ပုဒ်ကို ရေးလိုက်ရတယ် ဆိုရင် ဒါ...“ အဖိုးကြီး ရေးနည်း ” ပဲလေ။ ဘာလို့ အဖိုးကြီး ရေးနည်းလို့ ပြောလဲ ဆိုတော့ အဖိုးကြီးတွေ ဆိုတာ အသက်ကြီးပြီလေ။ ဒီတော့ သူတို့ ဘာလုပ်လုပ် ဖြေးဖြေး နှေးနှေးကွေးကွေး ၊ ဟိုဟာမေ့ ဒီဟာမေ့ ဖြစ်တတ်ကြသေးတယ် ၊ လုပ်လိုက်ရင်လည်း အဆီအငေါ်တည့်တယ်လို့ မရှိဘူးလေ။ စာရေးတဲ့ နေရာမှာ အချိန်လုပြီး စိတ်မပါပဲနဲ့ ရေးလိုက်မိရင် ဒါ အဖိုးကြီး စာရေးနည်းပဲ ဟိုဟာကျန် ဒီဟာကျန်ပဲဗျာ ၊ စာတွေက အဆီအငေါ်မတည့် ၊ ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ ၊ ဖတ်ရတဲ့ သူတွေကလည်း အပေါ်ရောက်သွားလိုက် ၊ အောက်ရောက်သွားလိုက်နဲ့ ဒါကြောင့် ကျွန်တော်က အဖိုးကြီး ရေးနည်းနဲ့ ရေးတာလို့ ပြောတာပါ။ ” အခုတလော အလုပ်က တော်တော်မအားဘူးဗျာ။ ဒါကြောင့် ရေးချင်တဲ့ စာတွေ အများကြီး ရှိပေမဲ့ မရေးနိုင်သေးဘူးဗျာ။ အခု ဒီစာလေးကိုတောင်မှ ကျွန်တော် အခု ပြောသလိုပါပဲ အဖိုးကြီးရေးနည်းနဲ့ ရေးလိုက်ပါတော့တယ် ။ ( အမှန်က ဒါကို ပြောချင်နေတာလေ :P ) ပျော်ရွှင်ကြပါစေ။ ကိုဇော် ခံစားတင်ပြသည်။ zaw357.blogspot/2010/01/blog-post_14.html
Posted on: Mon, 02 Sep 2013 21:27:52 +0000

Trending Topics



Recently Viewed Topics




© 2015