ခရီးသည်တင်ယာဉ် - TopicsExpress



          

ခရီးသည်တင်ယာဉ် ၀န်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားမှုတွင် ဆက်ဆံရေး မပြေလည်မှုနှင့် ယာဉ်စီးခ ပိုတောင်းမှု အများဆုံးဖြစ် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းများနှင့် ပတ်သက်၍ တိုင်ကြားမှုတွင် ဆက်ဆံရေး မပြေလည်မှုနှင့် ယာဉ်စီးခ ပိုမိုတောင်းခံသည့် အမှုဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မထသ (ဗဟို) ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။ ယင်းကဲ့သို့ ခရီးသွား ယာဉ်လိုင်းများ၏ ၀န်ဆောင်မှုနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်မှ သြဂုတ် ၂၇ ရက်အထိ တိုင်တန်းမှုပေါင်း ၁၆၁ မှု ရှိခဲ့ကြောင်း သိရသည်။ ယာဉ်ကြောလမ်း မဟုတ်ဘဲ မောင်းတာတွေ၊ မှတ်တိုင် မဟုတ်ဘဲ ရပ်တာတွေနဲ့ ပတ်သက်ပြီး တိုင်ကြားတာတွေလည်း ပါဝင်တယ်။ အများစု တိုင်ကြားတဲ့ အကြောင်းအရာကတော့ ယာဉ်စီးခ ပိုတောင်းတာနဲ့ ယာဉ်နောက်လိုက်၊ ယာဉ်မောင်းတွေက ခရီးသည်တွေကို ဆက်ဆံမှု မပြေပြစ်တာတွေဘဲ... မထသ (ဗဟို) ဥက္ကဋ္ဌဖြစ်သူ ဦးလှအောင်က 'ကျွန်တော်တို့ဆီကို ဒီနှစ်ထဲမှာ ပြည်သူတွေက စာနဲ့တိုင်တာ၊ လူကိုယ်တိုင် လာရောက်တိုင်တာ၊ ဖုန်းနဲ့တိုင်တာတွေ စုစုပေါင်း ၁၆၀ ကျော်ရှိတယ်။ အဲဒီအထဲမှာ သတ်မှတ် ယာဉ်ကြောလမ်း မဟုတ်ဘဲ မောင်းတာတွေ၊ မှတ်တိုင် မဟုတ်ဘဲ ရပ်တာတွေနဲ့ ပတ်သက်ပြီး တိုင်ကြားတာတွေလည်း ပါဝင်တယ်။ အများစု တိုင်ကြားတဲ့ အကြောင်းအရာကတော့ ယာဉ်စီးခ ပိုတောင်းတာနဲ့ ယာဉ်နောက်လိုက်၊ ယာဉ်မောင်းတွေက ခရီးသည်တွေကို ဆက်ဆံမှု မပြေပြစ်တာတွေဘဲ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ စစ်ဆေးအရေးယူပြီး ဖြစ်ပါတယ်။ ပြစ်မှုပေါ် မူတည်ပြီးတော့ ဒဏ်ငွေမှ ယာဉ်လိုက်ခွင့် တစ်လအထိ ပိတ်ပြီး အရေးယူ ထားပါတယ်။ အရေးယူပြီးရင်လည်း တိုင်ကြားထားတဲ့ ပြည်သူတွေကို ပြန်ပြီး အကြောင်းကြားပါတယ်' ဟု သြဂုတ် ၂၈ ရက် ညနေပိုင်းက ပြောကြားသည်။ ယင်းကဲ့သို့ ပြည်သူများမှ တိုင်တန်းမှုကို စစ်ဆေး အရေးယူရန်အတွက် မထသ(ဗဟို)တွင် သက်ဆိုင်ရာ ဌာနအလိုက် ကော်မတီများ ဖွဲ့စည်းထားကြောင်း သိရသည်။ လမ်း၏အလယ်တွင် ခရီးသည် အတင်အချ ပြုလုပ်နေသော ခရီးသည်တင် ယာဉ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်) - Eleven Media Group
Posted on: Fri, 30 Aug 2013 02:25:25 +0000

Trending Topics



Recently Viewed Topics




© 2015