ခံတွင်းရောဂါနှင့် - TopicsExpress



          

ခံတွင်းရောဂါနှင့် အ၀လွန်ရောဂါ ( Periodontal Disease and Obesity ) အ၀လွန်ရောဂါသည် ရင့်ကျက်သောရောဂါတစ်မျိုးဖြစ်ပြီး တိုးတက်သောနိုင်ငံမှာ အ၀လွန်ရောဂါပိုဖြစ်ကြပါတယ်။ ဒီရောဂါသည် ကလေးလူကြီးအရွယ်မရွေး ကျား/ မ မရွေးဖြစ်နိုင်ပြီး အစားအသောက်နှင့် စားသုံးသောစရိုက်ပေါ်လည်း မူတည်ပါတယ်။လေ့လာချက်အရ အ၀လွန်ရောဂါသည် တခြားရောဂါကို ဖြစ်နိုင်ချေဖြစ်စေသော ရောဂါများမှာ - သွေးတိုးရောဂါ၊ ဆီးချိုရောဂါအမျိုးအစား ၂ ၊ အဆစ်ရောင်ရောဂါ၊ ဦးနှောက်သွေးကြောကျဉ်းရောဂါ/ ရင်သားကင်ဆာရောဂါ / အူလမ်းကြောင်း ရောဂါ၊ စသည်တို့ဖြစ်ပါတယ်။ လေ့လာချက်အရ အ၀လွန်ရောဂါသည် သွားဖုံးရောဂါဖြစ်စေနိုင်ချေမျိုးရှိပြီး အ၀လွန်ရောဂါနှင့် သွားဖုံးရောဂါဆက်စပ်မှုကို ထိန်းချုပ်ပေးသောအင်စူလင်ကိုလည်း ထိရောက်မှုရှိနိုင်စေပါတယ်။ ပြီးတော့ ( BMI ) မြင့်တက်ခြင်း ရှိသော ဝေဒနာရှင်များသည် ရောင်ရမ်းခြင်းဖြစ်စေသော Protein ပမာဏပိုများစေပါတယ်။ Bacteria ပိုးများလျော့ခြင်းနှင့် သွားဖုံးတလျောက်မှာ သွား၏အပေါ်ပိုင်းနှင့်အောက်ပိုင်းမှာ ကပ်နေသော ဂျူလင်စီများ ထုတ်ပစ်ခြင်းသည် ခံတွင်းနှင့် သွားကျန်းမာရေး၊ ကိုယ်ခန္ဓာအဖွဲ့အစည်း ကျန်းမာရေးများအတွက် ညီညွှတ်သောအချက် ဖြစ်ပါတယ်။ ကြိုးနှင့် သွားသန့်ရှင်းရေးလုပ်ပေးခြင်း bacteria ပိုးမွှားများကို ကာကွယ်ပေးစေသော သွားတိုက်ဆေးနှင့် တစ်ရက်မှာ နှစ်ကြိမ်ပုံမှန်တိုက်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
Posted on: Sat, 17 Aug 2013 04:12:40 +0000

Trending Topics



v class="sttext" style="margin-left:0px; min-height:30px;"> Hello Friends of 40 Berkeley Did you know that
Remember this: Fitness doesn’t start Monday. Or any other day
Black Friday Deals @@ X-ACTO X5285 13 Blades in Zippered Storage
Ninguém divulga, mas eu estou fazendo minha parte na
A great morning read! I have a crazy idea: Success isn’t just
s & I go two tests
****BETRAYAL**** Episode 55 ;) 7:30am I finally left our

Recently Viewed Topics




© 2015