ငခုံးမ - TopicsExpress



          

ငခုံးမ မဖြစ်ချင်သောကျွန်တော် (ဆရာဘ၀ ကြုံခဲ့ရတဲ့အလွဲ) ဒီတစ်ခါ အလွဲကတော့ … ကျွန်တော့်အတွက် ရီစရာတစ်ခုမဟုတ်ခဲ့ပါဘူး.. တကသိုလ်ဆရာပေါက်စ တစ်ယောက်အတွက် ယဉ်ကျေးမှုတကသိုလ်ကြီးမှာ ဆရာတစ်ယောက် ဆက်လုပ်ဖို့ လုံးဝ ကို ယုံကြည်မှုပျက်ခဲ့ရသလို …ဘ၀ကိုထူထောင်စ မပြေမလည် ကျနော်တို့ မိသားစုအတွက် အဲဒီအချိန်က တော့ လုံးဝဒုကရာက်ခဲ့ရပါတယ်။ လူကြီးအချို့ရဲ့ အမိန့်အာဏာတစ်ချက်က မိသားစု တွေ လူတစ်စုတွေအတွက်ဘယ်လောက်သောကေ၇ာက်စေခဲ့လဲဆိုတာ ဆင်ခြင်သင့်ပါတယ်။ ၂၀၀၂ ခုနှစ် ခန့်လောက်က ပေါ့… အမျိုးသားဇာတ်ရုံမှာ အဲဒီနေ့က ဆရာကန်တော့ပွဲလုပ်တဲ့နေ့ပေါ့…….အဲဒီနေ့က မိုးတွေသည်းသည်းမဲမဲရွာနေတာကို မှတ်မိတယ်….အဲဒီပွဲကို တက်ေ၇ာက်ဖို့ တစ်တိုက်တည်းအတူနေဆရာတွေ ကို ကျနော်လိုက်ခေါ်ဖြစ်တယ် ..ဆရာတစ်ယောက်မှ မလိုက်တာနဲ့ ကျနော်လည်း ဒီပွဲကို မတက်ဖြစ်တော့ပါဘူး။ ဒါက အကြီးအကျယ်ကိစတစ်ခုမဟုတ်ဘူးလို့တွေးခဲ့တယ်..ဆရာတွေတောင်မသွားတာ ငါလည်း မသွားတော့ဘူးကွာလို့နေခဲ့တယ်…ဖြစ်ချင်တော့ အဲဒီနေ့က..အဲဒီအခမ်းအနားအပြီး ၀န်ကြီးအစည်းအဝေးထပ်ခေါ်တယ်ဆရာဆရာမတွေအားလုံးတက်ရောက်ဖို့ပါ……..ဒါပေမယ့် အဲဒီနေ့က ၀န်ကြီးအစည်းအဝေးကို တက်ရောက်ဖြစ်တဲ့ဆရာတော်တော်လေးကို နည်းပါတယ်။ ဒီလိုတက်ရောက်မည့်သူနည်းတော့ ၀န်ကြီးက တော်တော်ဒေါပွပြီး မတက်ရောက်တဲ့ဆရာ အားလုံးကို အရေးယူဖို့ မှာပါတော့တယ်……..ဒီလိုနဲ့ နောက်ရက်မှာတော့ တကသိုလ်တစ်ခုလုံးက ဆရာတွေအားလုံးရဲ့ သုံးပုံ ၂ပုံလောက် မတက်ရောက်ခဲ့တဲ့ အထဲမှာမှ ..ပန်းချီပညာဌာနက ကျနော်နဲ့ဆရာ ဦးအောင်သင်းဦး ၂ ဦးပဲ အရေးယူခံရပါတော့ …. အရေးယူမှုကတော့ အစည်းအဝေးမတက်ရောက်တဲ့အတွက် တစ်လမှ ၁၂၅၀ လောက်ရတဲ့ တကသိုလ်ဆရာဘ၀မှာ လစာထဲက တစ်လ ၁၀၀ ကျပ်နဲ့ ၆လဖြတ်ခြင်းခံရသလို ကျနော်တို့ရဲ့ service စာအုပ်မှာ မှင်နီတားခံရတာရယ် အရေးယူပါတော့တယ် ဘ၀ကို မနည်းရုန်းကန်နေရတဲ့ကာလမှာ ဒီအပြစ်ဒဏ်က အတော်ဆိုးရွားပါတယ်……..မဟုတ်မခံတဲ့ ကျနော့်စိတ်က ပါမောခ ချုပ်ကို သွားတွေဖြေရှင်းပါတော့တယ်… ဆရာဦးအောင်သင်းဦးကတော့ အေးအေးဆေးဆေးနေတတ်သူမို့ ဆရာက သွားမတွေ့ဖို့တားတဲ့ကြားက ကျနော်ကတော့ မဟုတ်ရင်မခံချင်တဲ့စိတ်နဲ့ သွားတွေပါတယ်…. ရှင်းပြပါတယ်..အဲဒီနေ့က တကယ်တန်းမတက်တဲ့ဆရာဆရာမတွေ အများကြီးပါလို့ …ကျောင်းရဲ့ သုံးပုံတစ်ပုံသောဆရာဆရာမတွေသာ တက်တာပါ။။။တစ်ချို့ဆရာတွေ ကျနော်နဲ့အတူ မတက်ပဲ အတူတူရှိနေကြပါတယ်လို့………….ဘာကြောင့်ကျနော်တို့၂ ဦးတည်းကိုမှရွေးပီး အပြစ်ပေးရတာလဲ တကယ်တန်းအပြစ်ပေးရင် ……..မျတစွာပေးရမှာပေါ့ဘာညာ ကျနော်သွားပြောပါတော့တယ်… ပါချုပ်ကလည်းလျော့မပေးပါဘူး……..ကျန်တဲ့လူတွေက ဘယ်မှာဘယ်တာဝန်နဲ့ဘာလုပ်နေတယ် ဘယ်သူကတော့ ခွင့်ယူထားတယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ….ဌာနမှုးတွေက စာတင်လာတယ်တဲ့ ..မင်းတို့ ၂ယောက်ပဲ တကယ်မတက်တာလို့ပြောလာပါတော့တယ်…….တကယ်လို့ မင်းပြောတာ မှန်တယ်ဆိုရင် …..မတက်တဲ့ ဆရာ၊ဆရာမတွေရဲ့စာရင်းငါ့ကိုပေး ငါအေ၇းယူမယ.်လို့ပြောလာပါတယ်.. ကျနော်ဘာလုပ်ရမှာလဲ……..ကျနော်က ကျန်တဲ့ဆရာဆရာမတွေစာရင်းပေးရင် ကျန်တဲ့ဆရာ ဆရာမတွေပါ အရေးယူခံရမယ်..အပြစ်ပေးခံရမယ်…….ကျနော့်ကြောင့်ဆိုတဲ့ အမဲစက်က ဖြစ်ဦးမယ်……….ကျနော်ငခုံးမ တစ်ကောင်မဖြစ်လိုပါ………..ကျနော့်ကြောင့်ကျန်တဲ့လူတွေထိခိုက်မှာမျိုး မလုပ်ချင်တဲ့စိတ်နဲ့ ..ကျနော့်လက်သီးတွေက နံရံပေါ်ကိုသာရောက်ရင်း……၆ လစာ ဆန်ဆီ အဖြတ်ခံရင်းကျနော်အငတ်ခံကာ နေခဲ့ရဖူးတယ်..…..ဒီအကြောင်းတွေကို ကျနော်ဘယ်တော့မှ မမေ့ပါ…လုပ်ရက်ခဲ့သူတွေကိုလည်း ကျနော်မမေ့ပါ……..ဒီအဖြစ်ပျက်မှာ ..လူကြီးဆိုသူတွေရဲ့လက်လွတ်စပယ်လုပ်ဆောင်မှုတွေက ထိခိုက်နာကျင်မှုတွေဖြစ်ခဲ့ရတယ်ဆိုတာ… သူတို့တွေးမိမှာ မဟုတ်သလို ..ဒါမျိုးရှိခဲ့လို့လားတောင် ခုအချိန်မှာ သူတို့က ပြန်မေးလာဦးမှာပါ… ကာကွယ်ပေးနိုင်ခွင့်ရှိသူကလည်း မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုတဲ့အတိုင်း သူကာကွယ်ပေးလိုသူတွေကိုကာကွယ်ပေးပြီး မလိုသူကိုတော့ထိုးကျွေးတော့တာပါပဲ……. ခေတ်စနစ်ရယ် လူတွေရယ်မကောင်းသရွေ့ ..တိုင်းပြည်တိုးတက်ကောင်းမွန်ဖို့ဘယ်လွယ်လိမ့်ဦးမလဲ…. ဒီအဖြစ်အပျက်အပြီးမကြာခင်မှာပဲ ကျနော် အလုပ်ထွက်ခဲ့ပါတယ်……..ဒီလို မတရာမှုတွေအကြား မပြောရ မဆိုရနေရတဲ့ အနေအထားတွေကြား ကျနော်ရှင်သန်မနေနိုင်တော့လို့ပါပဲ ။ ပညာရပ်နဲ့ တကသိုလ်ြ့ကီးကို သိပ်ချစ်ပါတယ် တပည့်တွေနဲ့ပညာရပ်နဲ့ ဒီလိုရှင်သန်နေချင်ပေမယ့် ကျနော်တို့ စိတ်တွေကို အချိုးအဖဲ့ဖျက်ဆီးခံခဲ့ရတယ်..ကျနော်တု့နှစ်တွေက ဆရာဆရာမ ပြန်ဖြစ်နေသူတော်တော်များများလည်း ခုထွက်ကုန်ကြပါပီ အနည်းအကျဉ်းသာကျန်ရှိနေတော့ပါတယ်……့လူတော် တွေတော်တော်များများဟာ ထွက်ကုန်ခဲ့တာ အများကြီးနစ်နာဆုံးရှုံးပါတယ်….. ပထမဆုံးအသုတ်နဲ့ ဒုတိယအသုတ်ထဲက ဆရာဆရာမဖြစ်ပီးမှထွက်သွားသူတွေ ဆိုရင်.. မှတ်မိသလောက် ပန်းချီနဲ့ပန်းပုဌာနက ဆိုရင် ကိုစိုးနိုင်၊ကိုဇော်မျိုး၊ကျနော်၊ကိုဇေယျာအေး၊မမာလာအောင်၊ကိုစိုးအောင်၊ကိုညီညီထွန်း၊ကိုဘိုညီ၊ကိုထွန်းဝင်းအောင်၊ကိုအောင်မြတ်ဌေး၊ကိုရန်နိုင်ဝင်း၊မ၀င်းသနာ၊မဝေမာညွန့် တို့ပါပဲ……….အကြောင်းအမျိုးမျိုးကြောင့် အလုပ်ထွက်သွားကြပေမယ့် ………..သူတို့ရင်မှာတကသိုလ်ကိုချစ်တဲ့စိတ် ..တကသိုလ်အတွက်လုပ်ကိုင်ပေးလိုစိတ်တွေ ယခုတိုင်ရှိနေကြဆဲလို့ ကျနော်ယုံပါတယ်….ခေတ်စနစ်ရယ်လူတွေရယ်သာ မှန်မှန်ကန်ကန်နဲ့ လုပ်ကြရင် ဆွဲဆောင်နိုင်စွမ်းရှိရင် ဒီလူတွေ မထွက်ပါဘူး……..အလုပ်တွေအများကြီးဆက်လုပ်ကြဦးမှာပါ..ခုအခါမှာတော့ ဒီလူတွေအားလုံးလည်း သူနေရာနဲ့ သူရပ်တည်နေကြပါပြီ………။ ဘာပဲပြောပြောပါ…….ကျနော်ခံခဲ့ရပေမယ့် ………ကျနော် ငါးခုံးမ တစ်ကောင်မဖြစ်အောင်နေနိုင်ခဲ့တာအတွက်တော့ ကျေနပ်မိသည်……….။ (ခုဒီအကြောင်းတွေ ဒီလိုနေရာမှာရေးနေတဲ့ အတွက်ကြောင့်တော့ ကျနော် ငခုံးမတစ်ကောင်ဖြစ်ချင်ဖြစ်လာမှာပါ ဒီလိုမြင်ချင်လည်းမြင်ကြမှာပါ…….. ဒါပေမယ့် ကျနော် လူလိမ်မာလိုနေခဲ့ပြီးပါပီ…… လူမှုရေးလုပ်တာတောင် စတန့်ထွင်တယ် .လူအထင်ကြီးအောင်လုပ်တယ်လို့မကောင်းမြင်တတ်သူတွေရှိနေလေတော့…..ရင်ထဲရှိတာတွေ ကြုံခဲ့ရတာတွေ အမှန်အတိုင်းရေးရင် ကျနော် ငခုံးမ လုပ်ပါတော့မည်။ စေတနာ အမှန်ကတော့ မဟုတ်တာတွေ မလုပ်ပါနဲ့ မတရားတာတွေမလုပ်ပါနဲ့ တရားမျတစွာတွေးခေါ်လုပ်ဆောင်စေချင်တာရယ် ငါတို့တကသိုလ်မှာမကောင်းတဲ့သူတွေ..မကောင်းတဲ့အကျင့်ဆိုးတွေ..မကောင်းတဲ့လုပ်ရပ်တွေ မရှိတော့ပဲ ပညာရပ်အပေါ်မှာပဲ အာရုံထားတိုးတက်အောင်လုပ်ဆောင်နေတဲ့ တကသိုလ်ကြီးဖြစ်စေလိုတာပါပဲ ။) ဆန်းထွန်း(ပန်းချီ) ယဉ်ကျေးမှုတက္ကသိုလ်ဆရာဟောင်း
Posted on: Thu, 01 Aug 2013 02:55:06 +0000

Trending Topics



Recently Viewed Topics




© 2015