စည်းကမ်းဆိုတာ "Discipline" by Antonio - TopicsExpress



          

စည်းကမ်းဆိုတာ "Discipline" by Antonio Gramsci Posted by Aye Aye Soe Win on August 27, 2013 at 1:33am အင်္ဂလိပ်စာရေးဆရာ ရု့ ယာ့ ကက်ပလင်းရဲ့  တောတွင်းစာအုပ်( The Jungle Book) က ဇတ်လမ်းတပုဒ်ကို အခြေခံပြီး ဂရမ်ချီက အောက်က အက်ဆေးတိုလေးမှာ ရေးခဲ့တာကို ဘာသာပြန်ထားပါတယ်။ သူဆွေးနွေးသွားတဲ့ အယူ အဆ က အမိန့် နဲ့ မောင်းခြင်း၊ သို့ မဟုတ် စည်းကမ်း ပေးခြင်း ဆိုတဲ့ ခေါင်းစဉ်ပါ။ စည်းကမ်း ဆိုတဲ့ အချင်းအရာဟာ ငွေရှိသူတို့ လွှမ်းမိုးအုပ်ချုပ်တဲ့ လူ့ အသိုင်းအ၀န်းမှာ ဘယ်လောက် ထိ တာသွားသလဲ။ ဘယ်လောက် တောင် ထိရောက်သလဲ။ အဆင့်ဆင့် အမိန့်  ပေးခြင်းဖြင့် ငွေများငွေနိုင်ယဉ်ကျေးမှုသာရှိတဲ့ ဓနရှင်တို့  စည်းကမ်းက လူတွေ၏ ယုံကြည်ပုံ၊ နေထိုင် ခံစားပုံတွေ အပေါ် ဘယ်လောက်တိုင် ထိရှ စေသလဲ။ ဒါတွေကို ဂရမ်ချီ က တွေးစေချင်ပုံရပါတယ်။ ကက်ပလင်း၏ ဇတ်လမ်းထဲမှာ မြည်းတွေ မြင်းတွေ သာ အမောင်းခံရတာမဟုတ်ပဲ၊ စစ်ဘုရင်ခံ ချုပ်အထိ၊ တိရိစ္ဆာန်တွေနဲ့  မကွဲ ထိုနည်းအတိုင်း အမိန် နာခံရမှု များ ကို တွေ့  ရပါလိမ့်မယ်။ ဒါကို ဂရမ်ချီက သူ့ သတင်းစာမှာတင်ပြခဲ့တဲ့အက်ဆေးမှာ သင်္ကေတ အရာပြ ဆိုဖို့  ယူသုံးခဲ့ ဟန်ရှိ ပါတယ်။ သူ့  သတင်းစာ က အတွေးအမြင် အက်ဆေးတွေ ဟာ သူ့ အကျဉ်းထောင် မှတ်တမ်းများထဲက အစိတ်အပိုင်းတခု မဟုတ်ပါ။ သူဟာ ၁၉၂၆ မှာ ထောင်ကျခဲ့ပါတယ်။ ၁၉၁၇ နှစ်ဆိုတာ သူထောင်မကျမီ နှစ်ထက် ၉ နှစ် ပိုစောတယ်။ သူ့  အသက် ၂၅နှစ်။ “Discipline” ဟာ သူ သတင်းစာ ဆရာ ဖြစ်ချိန်။ သူ့ သတင်းစာမှာ ဖေဖေါ်ဝါရီ ၁၁၊ ၁၉၁၇ နေ့ စွဲနဲ့  ပုံနှိပ်ခဲ့တဲ့ အက်ဆေးဖြစ်ပါတယ်။ နောက်ပိုင်း၊ သူ့ အကြောင်းလေ့လာတဲ့ သမိုင်းရေးဆရာများက သူ့ ရဲ့  မာ့က်စ်ဝါဒနှင့် ဆိုရှယ်လစ်အတွေးအခေါ်များ၊ဆိုင်ရာ စာတမ်းတွေကို နှစ်အလိုက် စုဆောင်းထား ခဲ့ပါတယ်။ အီတလီဘာသာ က အင်္ဂလိပ်လို ပြန်ထား တဲ. အက်ဆေးကို ဒေးဗစ်ဖေါဂက်စ် တည်းဖြတ်သည့် ဂရမ်ချီ၏ လက်ရွေးစင် စာစုများ( ၁၉၁၇-၁၉၃၅၊ စာမျက်နှာ ၃၁-၃၂) က ယူပါတယ်။ ဘာသာပြန်ဆိုသူ အေးအေးစိုးဝင်း ========================= စည်းကမ်းဆိုတာ (ဂရမ်ချီ) စည်းကမ်းဟာ ဘူဂျွာလူတန်းစားအားကောင်းတဲ့ စနစ်၏ အလုပ်ခွင်မှာ အတော့်ကို အလုပ်ဖြစ်တယ်။ (ဒါကို ကက်ပလင်းကသူ့  တောတွင်းစာအုပ် ထဲမှာ ဒီလိုရေးသွားပါတယ်။) ငွေများငွေနိုင် လူ့ အဖွဲ့ အစည်းမှာ လူတိုင်းဟာ စည်းကမ်း လိုက်နာတတ်ကြ တယ်။ ရှေ့ တန်း စစ်မြေပြင် သုံး နုံအအ မြည်း လေးတွေဟာ၊ အမိန့်  ပေးတဲ့ တပ်ကြပ်ကြီးခိုင်းတာကို လိုက်နာကြ တယ်။ မြင်းတွေလည်း မြည်းတွေနဲ့  အလားတူ။ သူတို့ ကို ခွစီးတဲ့ စစ်သားတွေ စေလိုရာ အတိုင်း၊ မြင်းတွေ က စည်းကမ်းတကျ နာခံတတ်ကြတယ်။ စစ်သားတွေကလည်း သူတို့ အထက်က ဗိုလ်ကလေးတွေ ခိုင်းသမျှ နာခံ ကြတယ်။ ဗိုလ်ကလေးတွေကလည်း သူတို့ အထက်က တပ်ရင်းမှုးဗိုလ်မှူးကြီးတွေ ခိုင်းတဲ့အတိုင်းစည်းကမ်းတကျ နာခံကြပြန်တယ်။ တပ်ရင်းမှုး တွေကလည်း သူတို့  အထက်အထက်က စစ်ထောက်ချုပ်ကြီးတွေ ပေးတဲ့အမိန့် ကို စည်းကမ်းတကျ ဆောင်ရွက်ကြပြန်တယ်။ ဗိုလ်ချုပ်ကြီးတွေကြည့်လည်း ထူးမခြားနားပါပဲ။ သူတို့ ဟာ အိန္ဒိယ ကိုလိုနီ တိုက်နယ်မှာ ရာထူးအကြီးဆုံး အထက်က စစ်ဘုရင်ခံ မှူးကြီး ၏ အမိန့် ကို နာခံရပြန်တယ်။ တဖန် ဒီဘုရင်ခံ မှူးချုပ်ကြီးတွေကလည်း သူတို့ အထက်က ဗစ်တိုရီးယား ဘုရင်မခိုင်းသမျှ တသွေမတိမ်း နာခံရပြန်တယ်။ ( ကက်ပလင်းဒီလိုရေးခဲ့စဉ်က သူ့  ဘုရင်မ ဗစ်တိုရီးယား သက်ရှိထင်ရှားရှိနေဆဲဖြစ်ပါတယ်။) သည်လိုနဲ့  ဧကရာဇ်မ ဗစ်တိုးရီးယားက စစ်ဘုရင်ခံ တိုက်နယ်မှူချုပ်တွေကိုခိုင်း၊ မှူးချုပ်တွေက ဗိုလ်ချုပ်တွေကို ခိုင်း၊ ဗိုလ်ချုပ်တွေက တပ်ရင်းမှူးတွေကို ခိုင်း၊ တပ်ရင်းမှူးတွေက ဗိုလ်လေးတွေ ကို ခိုင်း၊ ဗိုလ်လေးတွေက စစ်သားတွေကို ခိုင်း၊ စစ်သားတွေက တိရိစ္ဆာန်လေးတွေကို ခိုင်း၊ သည်နည်းနဲ့  စစ်စည်းကမ်းလိုက်နာသူ ချိန်းကြိုးရှည် ကြီးက အစီအစဉ်ကျကျ အတန်းလိုက်။ အကွက်ညီညီ လှမ်း အမိန့် နာခံရင်း သူများနိုင်ငံတွေကို တိုက်ဖို့ ၊ အောင်ပွဲတွေကို သိမ်းဖို့  စနစ် တကျ ချီတက်ကြတယ်။ ကက်ပလင်းပြောတဲ့ပုံပြင် ထဲက ဇတ်လိုက်ဟာ စစ်ရေးပြ အခန်းအနားမှာ ၀င်ပါ လို့ မရ တဲ့ အုပ်ချုပ်ခံ (subject ) တယောက်ကို လှမ်းပြောတယ်။ “ထက်အောက်အမိန့် စီးဆင်းမှုအရ သံပြိုင်ချီတက်နေတဲ့၊ စစ်ရေးပြ အခန်းအနား တွေဟာ ခင်ဗျားလို အုပ်ချုပ်ခံတွေ နဲ့  မဆိုင်ဘူး။ ဒီတော့ ခင်ဗျား သူတို့ နဲ့  ရောပြီး၊ ၀င်ပါ ချင်လို့  မရဘူး၊ ခင်ဗျားက သူတို့ လက်အောက်က အုပ်ချုပ်ခံ သက်သက်။ ရပ်ပဲ ကြည့်နေလို့  ရမယ်။” ဒီတော့ကာ--ငွေများငွေနိုင် ငွေရှိသူ အုပ်ချုပ်တဲ့ ဘူဂျွာ လူ့ အဖွဲ့ အစည်းမှာ ဘယ်ဟာ က မောင်းနှင် အားအစစ်လဲ။ စည်းကမ်းဆိုတာကပဲ သူတို့ ၏ မောင်းအားဖြစ်နေတယ်။ လူ့ အဖွဲ့ အစည်းကို စစ်အမိန့် စစ်စည်းကမ်းနဲ့  တင်းနေအောင် ပတ်ထားခြင်းဖြင့် ဒီဘူဂျွာ လူတန်းစားဟာ၊ သူတို့ လူတန်းစားကို အုပ်စုကြီး တရပ်အနေနဲ့  ခိုင်သထက်ခိုင်လာအောင်ပြုဖို့  တတ်စွမ်းနိုင် လာကြတယ်။ ဒီတော့ ကျနော် တခု ပြောချင်တယ်။ ငွေများငွေနိုင် ငွေ ရှင် ဓနရှင် လူတန်းစား၏ စည်းကမ်း ဆိုတာကို ကျနော်တို့ ဖက်က စည်းကမ်း ဆိုတဲ့အရာနဲ့ ပဲ ပြန်ရင်ဆိုင်ရလိမ့်မယ်။ သူတို့ စည်းကမ်းမှာ ၁ -- စက်ယန္တယားလို ကြိတ်ခြေတဲ့သဘာဝ ရှိတယ်။ ၂ -- အာဏာ နဲ့  အမိန့် ကို အခြေပြုတယ်။ ကျနော်တို့ ဘက်က၊ လူဘောင်သစ်လိုလားတဲ့ ဆိုရှယ်လစ်တို့  စည်းကမ်း က သူတို့ နဲ့ ဖီလာဖြစ် တယ်။ ကျနော် တို့  စည်းကမ်းဟာ ၁ - ကိုယ့်ကြမ္မာ ကိုယ် ဖေါ်ယူ ရတဲ့တရား။ ကိုယ့်အသိနဲ့ ကိုယ် မောင်းနှင် တည်ဆောက်ရမဲ့ စည်းကမ်းမျိုး ၂ - အခြေအနေတွေအပေါ် မှန်ကန်စွာ တုန့် ပြန်နိုင်တဲ့ကျင့်ဝတ် စည်းကမ်းမျိုး။ ဥပမာပေးရ လျှင်-- လူ့ ဘောင်သစ်ကို အလိုရှိတဲ့ ခံယူချက်နဲ့  လူငယ် တယောက် ဟာ သူ့ အသက်လေးခပ်ငယ်ငယ်၊ လူငယ် အဖွဲ့  အစည်း တရပ်မှာ ပါဝင် လှုပ်ရှားမယ်။ သူ ဆိုရှယ်လစ် တယောက် ဖြစ်ချင်တယ်။ သူ့  လူ့  အဖွဲ့  အစည်းကို သူ ပြောင်းပစ်ချင်စိတ်ရှိတယ်။ ဒီိတော့ ထို လူငယ်လေးဟာ တစုံတခုသော စည်းကမ်းကို လိုက်နာ ရတော့မယ်။ သူဟာ သူတပါးအတွက်၊ လူ့ ဘောင်အတွက် ရပ်တည်ဖို့ အာသီသရှိပြီဆိုလျှင်၊ အမျိုးအစားအမည်နာမအရ သူဟာ ဆိုရှယ်လစ် ဟုတ်သည် ဖြစ်စေ၊မဟုတ်သည်ဖြစ်စေ၊ အဲလို ကြိုးပမ်းနေသည့်ကာလမှာဖြစ်စေ၊ အားထုတ်မှု ဖြစ်စဉ်မှာ သူဟာ အထက်က အမိန့် ကို လုံးလုံး မနာခံလိုတော့ဘူး။ နာခံမှု ဆိုဟာ သူ့ အတွက် မဟုတ်တော့ဘူး။ သူ့ လိုအပ်ချက် မဖြစ်နိုင်တော့ဘူး။ သူဟာ သူများမောင်းတာ မခံပဲ သူ့  ကိုယ်သူမောင်း တဲ့ လူငယ်လေးတယောက်ဖြစ်လာခဲ့တယ်။ လူငယ်တယောက် မှာဖြစ်တတ် တဲ့ အလျှင်စလို ဆန္ဒတွေ၊ ဟိုယိုင်ဒီယိုင် မသေခြာမှုတွေ၊ အနားဖွာ မသပ်ယပ် တဲ့ အိုင်ဒီယာနဲ့  စိတ်ကူးစိတ်သန်းတွေကို လူငယ်လေးဟာ ထိန်းချုပ်ချင်လာတယ်။ ဒီ့အတွက် သူဟာ သူ့  ကိုယ် သူ စည်းကမ်းထားပြီး စနစ်တကျ ပြန်မောင်းတယ်။ အဲဒီလိုမှာ နားမလည်ထားလျှင်--ကျနော်တို့ ဟာ ကျနော်တို့  နားမလည်နိုင် ခံစားပေး လို့ မရတဲ့ ငွေများငွေနိုင် လူတန်းစား၏ စက်ထဲ ရောက်၊ သူတို့ အမိန့် နဲ့  စည်းကမ်း တကျမောင်းနှင်မှု မှာ အကြိတ်ခံရတော့မယ်။ သူတို့ အကျင့်ကို စောကြော မှုမရှိပဲ၊ ပြန် ပြီး မေးခွန်းမထုတ်နိုင်ပဲ၊ တခွန်းမှ ပြန်မပက်နိုင်ပဲ ၊ သူတို့ ခိုင်းသမျှ ငြိမ်ပြီး အသံမဲ့ နာခံနေရပါမယ်ဆိုလျှင် အထူးအဆန်းတွေဖြစ်လာပါလိမ့်မယ်။ နာခံမှုကို မဆန်းစစ်ဖူးဆိုလျှင် ကျနော်တို့  ကျင့်သုံးတဲ့ ကိုယ်ပိုင် စည်းကမ်းအရ သွားနေတဲ့ လမ်းကြောင်းပေါ်မှာ တကယ် အလုပ် ဖြစ်မဲ့ အလုပ်တွေကို ထလုပ်နိုင်မှာ မဟုတ်ဘူး။ နာခံနေသ၍ အလုပ်အစစ်တွေဖြစ်ခွင့်ရှိမှာမဟုတ်ဘူး။ ဒီတော့ ကျနော်တို့ ဟာ စည်းကမ်းနဲ့ ပဲ ကိုယ့်ကို ကိုယ် ရှေ့ နောက် ညီညွတ်စွာ အကျိုးအပြောက် မရှိပဲ၊ နေပြရလိမ့်မယ်။ ကိုယ့်သံပတ်ကိုယ်ပေး စည်းကမ်းတကျ နေပြနိုင်ရမယ်။ အဲလို မဟုတ်လျှင် ကျနော်တို့  အပေါ် ငွေများငွေနိုင် လူတန်းစား ၏ စည်းကမ်းကပဲ အနိုင်ယူ သွားလိမ့်မယ်။ ကျနော်ပြောတဲ့ ကိုယ်ပိုင်စည်းကမ်းဆိုတာဟာ--ဘာနဲ့ တူသလဲဆိုလျှင်-- ဒီစည်းကမ်းဖြစ်လာလျှင်၊ ခု ကျနော်တို့  ဘ၀ မှာ ငွေများငွေ နိုင်လူတန်းစား ဘာလုပ်သလဲ ဘယ် သွားနေသလဲ ဒါတွေကို ဓမ္မဓိဌာန်ကျကျ လေ.လာ စောင့်ကြည့်ခွင်ရတယ်။ ဒီလူတန်းစား၏ အမိန့် စည်းကမ်း ဆို တာဟာလူတွေကို မလှန်ရဲအောင်၊ လူတိုင်းကို သူတို့  အခိုင်းခံ၊ အုပ်ချုပ် ခံတွေချည်း ဖြစ်စေလောက်တဲ့ ဖိစီး မှုမျိုးနဲ့ စနစ်တကျ ၀င်လာတာချည်းပဲ။ လူတွေကလည်း သူများခိုင်းဖတ်ဖြစ်၊ အစေအပါးလို လိုက်လုပ်နေရတာတောင်မှ အမှန်ကို တဲ့တဲ့မမြင်နိုင်ကြတော့ ပဲ ထင်တလုံးနဲ့  စိတ်ကြီးဝင်လာကြတယ်။ သူတို့ ဟာ သမိုင်း၏ အရေးပါတဲ့အဖြစ်အပျက်တွေမှာ ရိုက် ခတ် လွှမ်းမိုးနိုင်တဲ့ သူတွေလိုလို၊ သွေးနားထင်ရောက် ထင်ယာင် မြင်မှားတွေ ဖြစ်လာကြတယ်။ လူ့ ဘောင်သစ်ကို ရှေ့ ရှု တဲ့ ဆိုရှယ်လစ်ပါတီ တရပ်၏ စည်းကမ်းက တော့ ဆန့် ကျင် ဘက် အသွင်ရှိတယ်။ လူတယောက်ကို အုပ်ချုပ်ခံ၊ အခိုင်းခံ အောက်တန်းစားဘ၀ က အထက်တန်း စားနိုင်ငံသား ဖြစ် စေတဲ့ အစွမ်း၊သတ္တိနဲ့  တန်ဖိုး လက္ခဏာတွေပါတယ်။ သည် စည်းကမ်းကြောင့် ပဲ လူငယ်လေးဟာ သူ့  စိတ်အကြောင်း နဲ့  သူ့ ပတ်ဝန်းကျင်အကြောင်းကို ပိုပြီး နှံ့ စပ်ကျွမ်း ကျင်လာ တယ်။ သူ့  စိတ်နေစိတ်ထား၊ အကျင့်လက္ခဏာကို လည်း သူဟာ တစထက်တစ ထဲထဲ ၀င်ဝင် ပို သိလာတယ်။ လူငယ်လေးဟာ သူ့ ကိုသူ အုပ်ချုပ်ခံလို့  မသတ်မှတ်တော့ပဲ နိုင်ငံသားဖြစ် လာတယ်။ ထိုအခါ လူငယ်လေးဟာ နိုင်ငံကြီးသား အဆင့်အတန်းနဲ့  ပုန်ကန် တတ်လာတယ်။ သူ့ သဘောသူဆောင်လာတယ်။ ဒီတော့ မေးမယ်။ သည်လူငယ်လေး ဘာကြောင့် ပုန်ကန်ဖီဆန် နိုင်စွမ်းရှိလာခဲ့သလဲ။ သူ့ စာရိတ္တ၊ သူ့  ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ အကျင့်အကြံ တွေဟာ ငွေများငွေနိုင် လူတန်းစား ၏ စနစ်အောက်မှာ သံ ကြိုးနဲ့ ခတ် ခံထားရတယ်ဆိုတာ လူငယ်လေး သိလာလို့ ပဲဖြစ်တယ်။ ကမ္ဘာကြီးပေါ်မှာ မိမိသဘောနဲ့ မိမိ လွတ်လွတ်လပ်လပ် လူလုပ် နေထိုင်ခံစားခွင့်၊ ကျင့်ကြံခွင့်၊ အလုပ်လုပ်ခွင့်ရဖို့ ဆိုလျှင်၊ ဒါတွေကို ဖြစ်ခွင့်မပေးတဲ့ ငွေများငွေနိုင်ဓနရှင် လူတန်းစား ကို မတော်လှန်လျှင် မဖြစ် ဘူးဆိုတာ သူ သိလာတဲ့အတွက် သူ ပုန်ကန်ရခြင်း ပဲ ဖြစ်တယ်။ ဂရမ်ချီ ၁၉၁၇ ဖေဖေါ်ဝါရီ ၁၁ ရက် From La Citta futura အေးအေးစိုးဝင်း။ ။ (ပိုက်ဆံ သုံး သူများကိုခိုင်းတဲ့ လူတန်းစား၊ ပိုက်ဆံကို အိတ်ကြီးတွေနဲ့ သဲ့ အမြတ်ထုတ် ရှာစားနည်း ကို သူတို့ ချည်းမောင်ပိုင်စီးထားတဲ့လူတန်းစားကြောင့်၊ စစ်စစ်မှန် မှန်ဖြစ်ရမဲ့သူတွေဟာ သူများဝန်အခမဲ့ထမ်းပေးရတဲ့ မြည်းလေးတွေ ဖြစ်သွား တတ်တယ်။ မြည်း ဘ၀ ရောက်သွားတာ ကို မသိလိုက်ပဲ သမိုင်းရေးနေကြသူများလို့ သွေးနားထင်ရောက် လာတတ် ကြတယ်။ perfect analogy) (At least some will be freed of the childish J-factor they have for the superior kind. At least they will commit to real work.-- မျိုးဖျက် အယုတ် တို့ ) (Credit to Aye Aye Soe)
Posted on: Tue, 27 Aug 2013 02:07:05 +0000

Trending Topics



Recently Viewed Topics




© 2015