ဆေးခန်းများ - TopicsExpress



          

ဆေးခန်းများ မီဒီယာများတွင် အလွန်အမင်းမကြော်ငြာရန် ညွှန်ကြားထားဟုဆို -------------------------------------- ရန်ကုန်-ဆေးခန်းကြော်ငြာများကို ရုပ်သံများ၊ နေ့စဉ်ထုတ်သတင်းစာများနှင့် ဂျာနယ်များတွင် အလွန်အမင်းကြော်ငြာခြင်းမပြုရန် ညွှန်ကြား ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သတင်းရရှိသည်။ “တရားဝင်ဖွင့်နေတာမဟုတ် ရင်တော့ ဥပဒေအရ အရေးယူသွားမှာ။ တရားဝင်ဖွင့်နေတဲ့ ဆေးခန်းတွေဆိုလည်း အလွန်အမင်းမကြော်ငြာဖို့ ပြောထားတယ်။ အချို့ဆေးခန်းတွေက ပုံမှန်ကုသမှုပဲ။ ဒါပေမဲ့ ကြော်ငြာတွေနဲ့အရမ်းလုပ်ထားတာ”ဟု လူမှုရေးဝန်ကြီး ဒေါက်တာ မြင့်သိန်းက ဆက်လက်ပြောသည်။ ဆေးပညာကျင့်ဝတ်အရ ဆရာဝန်နာမည်တပ်၍ရသော်လည်းတစ်ခါတည်းနှင့် ပျောက်ကင်းသည်ဟူ၍လည်းကောင်း မပျောက်ပါက မည်သို့ပြုလုပ်ပေးမည်ဟူသော ပုံစံမျိုးဖြင့် ကြော်ငြာခြင်းသည် ကျင့်ဝတ်နှင့်မကိုက်ညီကြောင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင် က ပြောကြားသည်။ “အခုက ဆေးခန်းတွေက လှည့်ပြီးကြော်ငြာလာတာ။ ဆရာဝန်တွေ By Name နဲ့ မကြော်ငြာရတော့ ဘယ်လို ခေတ်မီစက်ကိရိယာတွေနဲ့ ဘယ်ဆရာဝန်တွေကုသမှာဆိုပြီး ကြော်ငြာလာကြတယ်။ အဲဒါတွေကိုလည်း လိုအပ်တဲ့အမိန့် ကြော်ငြာစာတွေနဲ့ထပ်ပြီးတားဖို့ လို လာရင်လည်း တားရမှာပဲ။ ရေဒီယိုတွေ၊ ဂျာနယ်တွေမှာ ကြော်ငြာနေတာတွေက လက်လှမ်းမမီဘူးဖြစ်နေတယ်။ အစိုးရပြန်ကြားရေးကို ရောက်လာတာတွေကိုပဲ စစ်ဆေးနိုင်တယ်” ဟု ကျန်းမာရေးဝန်ကြီးက ပြည်သူ့လွှတ်တော်တွင် ပြောသည်။ “ဂျာနယ်မှာကတော့ ဆေးရုံ၊ ဆေးခန်းတွေ ကြော်ငြာတာ နည်းပါတယ်။ တရုတ်ဆေးခန်းတွေပဲ အများဆုံး ကြော်ငြာဝင်တာ”ဟု နေ့စဉ်ထုတ် သတင်းစာမှ ဈေးကွက်ရှာဖွေရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။ 7Day News Journal
Posted on: Sat, 13 Jul 2013 10:26:30 +0000

Trending Topics



Recently Viewed Topics




© 2015