= = = ဆွန်နီ - ရှီယိုက် - TopicsExpress



          

= = = ဆွန်နီ - ရှီယိုက် စစ်ပွဲ = = = (ဘာသာပြန် တတိယပိုင်း) KMS 30 OCT 2013 (ယခုအပတ် စာတည်း အမြင်) The Sunni-Shiite war By The Weeks Editorial Staff ဒေသတွင်း အတွက် ဘာအဓိပ္ပာယ် သက်ရောက်သလဲ ? ကြီးစွာသော ဒုက္ခ ဖြစ်ပေသည်။ ကျယ်ပြန့်သော အမြင်ဖြင့် ကြည့်လျှင် - ဆော်ဒီအာရေဗျ နိုင်ငံနှင့် အီရန်နိုင်ငံတို့သည် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးအပေါ် သြဇာလွှမ်းမိုးရေးအတွက် ပြိုင်ဆိုင်နေခဲ့ကြပြီး သူတို့၏ ရည်မှန်းချက်များ ပြည့်ဝလာစေရန် ရည်ရွယ်၍ ပြည်တွင်းစစ်ပွဲများအား လောင်စာဖြည့်ပေးလိုကြ၏။ ဆွန်နီဂိုဏ်း အုပ်ချုပ်သော နိုင်ငံအများအပြား - အထူးသဖြင့် ဘာရိန်းနိုင်ငံ၊ ယီမင်နိုင်ငံနှင့် ကူဝိတ်နိုင်ငံတို့ -တွင် ကြီးမားသော ဒေသခံ ရှီယိုက်ဂိုဏ်းဝင် ပြည်သူများရှိနေကြ၏။ ဆွန်နီဂိုဏ်း အုပ်ချုပ်သူများသည် ထို လူထုအား ဆီးရီးယား ပဋိပက္ခက အရင်းအမြစ်မှ လှန်ပစ်လိုသော သဘောထားများ ဖြစ်ပေါ်လာစေကာ သူတို့ပြည်တွင်း၌ ထကြွမှုများဖြစ်ပေါ်သည်အထိ အဆင့်တက်လာမည်ကို ကြောက်ရွံနေကြ၏။ What does that mean for the region? Big trouble. In a broad sense, Saudi Arabia and Iran are competing for influence over the entire Middle East and are willing to fuel civil wars in pursuit of their goals. Many Sunni-ruled nations have large, restive Shiite populations, particularly Bahrain, Yemen, and Kuwait. Sunni rulers fear that these populations could become radicalized by the Syrian conflict and stage uprisings of their own. ဆွန်နီဂိုဏ်းဝင် တစ်ဦးဖြစ်သော ဂျော်ဒန်နိုင်ငံဘုရင် အဗ္ဗဒူလာက အရှေ့အလယ်ပိုင်း ဒေသ အနှံ့ ပြန့်နှံလာနေသော “ရှီယိုက် လခြမ်း”၏ အန္တရာယ်ကို သတိပေးခဲ့သည်။ “ဆီးရီးယားနိုင်ငံမှာ မီးတောက်များဟာ လာမယ့် အချိန်ကာလ တစ်ခုအတွက် တောက်လောင်နေဦးမှာ ဖြစ်ပါတယ်”ဟု ဒေသတွင်း နိုင်ငံများစွာတွင် တာဝန်ထမ်းခဲ့သည့် အမေရိကန် သံအမတ်ဟောင်း ရိုင်ယန် ကရော်ကာ က ပြောကြားသည်။ “တောမီး အကြီးကြီးတစ်ခုလိုပေါ့ - ကျွန်တော်တို့ လုပ်နိုင်ဖို့ အများဆုံး မျှော်လင့်နိုင်တာက အဲဒါကို ထိန်းထားဖို့ပါပဲ။” King Abdullah of Jordan, a Sunni, has warned of the danger of a Shiite crescent spreading across the Middle East. The fires in Syria will blaze for some time to come, said Ryan Crocker, former U.S. ambassador to several countries in the region. Like a major forest fire, the most we can do is hope to contain it. ချောက်ကမ်းပါးစွန်းပေါ်က အီရတ်နိုင်ငံ အီရတ်နိုင်ငံမှ အမေရိကန်တို့ ဆုတ်ခွာပြီး နှစ်နှစ်အကြာတွင် - ထိုနိုင်ငံသည် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆွန်နီ - ရှီယိုက် ပြည်တွင်းစစ်ပွဲ စစ်စစ် တစ်ခု ဆီသို့ ဝေ့၀ိုက် သက်ဆင်းမှုတွင် ပိတ်မိနေခဲ့သည်။ ဆာဒန် ဟူစိန်၏ အုပ်စိုးမှုကာလအတွင်း လူမဆန်စွာ ဖိနှိပ်မှုကို ခံစားခဲ့ရသည့် ရှီယိုက် လူများစုသည် အမေရိကန် ကျူးကျော်ဝင်ရောက် သိမ်းပိုက်မှု နောက်ပိုင်းတွင် အာဏာရရှိလာခဲ့၏။ သို့သော် ရွေးကောက်ပွဲများသည် နိုင်ငံရေးအရ တည်ငြိမ်မှုကိုသော်လည်းကောင်း၊ ရှီယိုက်ဂိုဏ်း၊ ဆွန်နီဂိုဏ်း နှင့် ကာဒ်လူမျိုးများအကြား အာဏာ လွန်ဆွဲမှုကို အဆုံးသတ်ရန်သော်လည်းကောင်း မပြုလုပ်ပေးနိုင်ခဲ့ပေ။ ၀န်ကြီးချုပ် နော်ရီ အယ်-မာလီကီဟာ က - ဆွန်နီဂိုဏ်းဝင်တို့၏ မိမိတို့ ဖိနှိပ်ခံနေရသည်ဟူသော အမြင်ကို နက်ရှိုင်းစေသည့် - အတိုက်အခံတို့အား ဖြိုခွဲခြင်းနှင့် ဆွန်နီဂိုဏ်း ခေါင်းဆောင်များအား ထောင်ချခြင်းတို့ဖြင့် သူ့အာဏာကို ထိန်းသိမ်းထားရန် နည်းလမ်းရှာခဲ့၏။ Iraq on the brink Two years after the U.S. pulled out of Iraq, the country is engulfed in violence and spiraling downward toward a full-on Shiite-Sunni civil war. The Shiite majority, which suffered brutal repression during the reign of Saddam Hussein, gained power after the U.S. invasion and occupation. But elections did not produce political stability or end the power struggle between Shiites, Sunnis, and Kurds. Prime Minister Nouri al-Malikihas sought to shore up his power by cracking down on the opposition and jailing Sunni leaders, deepening the Sunnis sense of oppression. ယခုနှစ်တွင် - အယ်လ်ကေဒါအဖွဲ့နှင့် အချို့က ချိတ်ဆက်ထားသည့် - ဆွန်နီဂိုဏ်း ခုခံရေး အုပ်စုများသည် လူရာပေါင်းများစွာအား သေစေပြီး စိုးရိမ်ဖွယ် ဒဏ်ရာရရှိစေသော ဗုံးခွဲမှု လှိုင်းတစ်ခုကို အပတ်စဉ် ပြုလုပ်ခဲ့ကြ၏။ အီရတ်နိုင်ငံသား (၆၀၀၀)ကျော်သည် ပြီးခဲ့သည့်နှစ်အတွင်း အသတ်ခံခဲ့ရရာ စက်တင်ဘာလ တစ်လတည်း အတွင်းတွင် အသတ်ခံရသူ (၁၀၀၀) အပါအ၀င်ဖြစ်၏။ ထို ဆွန်နီဂိုဏ်း ဂျီဟတ် ဘာသာရေး အဖွဲ့များသည်ပင် ဆီးရီးယားနိုင်ငံနှင့် အီရတ်နိုင်ငံ နှစ်ခုစလုံး၌ - နယ်စပ်ကို အပြောင်းအပြန် ဖြတ်ကျော် ရွေ့လျားလျှက် - လှုပ်ရှားဆောင်ရွက်နေကြခြင်း ဖြစ်ကာ အီရတ်နှင့် မြေထဲပင်လယ်ဒေသ အရှေ့ပိုင်းနယ်မြေ (Levant) ဆိုင်ရာ အစ္စလာမ် နိုင်ငံတော်ဟု သူတို့က ခေါ်သည့် အဖွဲ့အစည်းတစ်ရပ်အတွင်းသို့ ကျနစွာ ပေါင်းစည်း ၀င်ရောက်ခဲ့ကြ၏။ ထိုအုပ်စုသည် လေတပ်စခန်းတစ်ခုအား ဆီးရီးယားသူပုန်တို့က သိမ်းပိုက်ရာ၌ ကူညီနေကြသော သူတို့၏ တိုက်ခိုက်ရေးသမားကို ပြသထားသည့် ဗီဒီယိုမှတ်တမ်းတစ်ခုကို မကြာမီက ထုတ်ပြခဲ့ကြသည်။ “မီးပွားဟာ အီရတ်နိုင်ငံမှာ စတင်ဖြစ်ပေါ်နေပါပြီ။ မီးဟာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း ကြီးထွားလာမှာ ဖြစ်ပါတယ်”ဟု [ထိုဗီဒီယိုမှတ်တမ်း၌] နောက်ခံစကားပြောသူက ဆိုသည်။ This year, Sunni resistance groups — some affiliated with al Qaida — have conducted a wave of bombings that have killed and injured hundreds of people virtually every week. More than 6,000 Iraqis have been killed in the last year, including 1,000 in September alone. The same Sunni jihadi factions are operating in both Syria and Iraq, moving back and forth across the border, and have formally merged into an organization they call the Islamic State of Iraq and the Levant. The group recently put out a video showing its fighters helping Syrian rebels capture an air base. The spark has begun in Iraq, and the fire will grow, God willing, the narrator says. theweek/article/index/251689/the-sunni-shiite-war
Posted on: Wed, 30 Oct 2013 15:34:49 +0000

Trending Topics



class="sttext" style="margin-left:0px; min-height:30px;"> Era uma vez, uma Belieber de 6 anos chamada
a savage period of Guatemalan

Recently Viewed Topics




© 2015