ညီအကိုများ - TopicsExpress



          

ညီအကိုများ အရက်စုသောက်ရာမှ အစာအဆိပ်သင့်၍နှစ်ဦးသေဆုံး ================================== မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊အလူးကျေးရွာတွင် (၄-၁၀-၂၀၁၃)နေ့ ည(၈း၀၀)အချိန်ခန့်ကညီအကိုများအရက်စုသောက် ရာမှ အစာအဆိပ်သင့်၍လူ(၂)ဦးသေဆုံးသွားခဲ့သည်။ဖြစ်စဉ်မှာ သေဆုံးသူဝင်းစိုး၊(၄၈)နှစ်၏နေအိမ်တွင် ညီအကိုများဖြစ်ကြသော ဖိုးသင်္ကြန်(၂၁)နှစ်၊တင့်နိုင်ဦး(၄၃)နှစ်၊အောင်နိုင်(၂၄)နှစ် တို့သည် အရက်အတူသောက်ကြပြီး အမြည်းအဖြစ် ဘဲဥကြော်၊ဖန်းခါးသီး၊ရွက်ယိုသီး၊ ငရုပ်သီးတောင်းတို့အားအမြည်းအဖြစ်စားသောက်ကြရာ (၁၅)မိနစ်ခန့်အကြာတွင် ၀င်းစိုးနှင့် ဖိုးသင်္ကြန်တို့(၂)ဦးမှာ ပါးစပ်မှ အမြုပ်ထွက်၍ သတိလစ်သွားသဖြင့် ဘီးလင်းဆေးရုံသို့တင်ပို့ရန်သယ်ဆောင်လာစဉ် လမ်း၌၄င်းတို့နှစ်ဦးသေဆုံး သွားခဲ့သဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် ဘီးလင်းရဲစခန်းမှ သေမှု သေခင်းအမှတ်စဉ် - ၅/၂၀၁၃ အရ အမှုဖွင့်လှစ်ထားကြောင်းသတင်းရရှိသည်။ Thant Zin
Posted on: Tue, 08 Oct 2013 17:05:10 +0000

Trending Topics



Recently Viewed Topics




© 2015