တောင်အာဖရိကမှ - TopicsExpress



          

တောင်အာဖရိကမှ လုံခြုံရေးနှင့် အသွင်ကူးပြောင်းရေး - အပိုင်း (၁) Sunday, 07 July 2013 00:00 မူဝါဒ/ဥပဒေ - သုသေတန အင်ဂိုလာနိုင်ငံပြ မြေပုံ ဘာသာပြန်ဆောင်းပါးရှင် - ကိုကျော်ထင် အယ်ဒီတာ အဖွဲ့တင်ပြချက် ။ ။ ဘာသာပြန်ဆောင်းပါးရှင် ကိုကျော်ထင်သည် ဤ၀က်ဘ်ဆိုဒ် စတင်တည်ထောင်ချိန် ကာလ ကတည်းကပင် ရေးသား ပေးပို့နေသည့် ပင်တိုင်ဆောင်းပါးရှင် တစ်ဦး ဖြစ်ပါသည်။ ယနေ့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် ရင်ဆိုင် စိန်ခေါ်နေမှုများအား ကျော်လွှားနိုင်ရန် နိုင်ငံတကာမှ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွေ့အကြုံများကို ကိုကျော်ထင်က ဘာသာပြန် တင်ပြပေးလျှက် ရှိနေပါသည်။ စစ်အာဏာရှင် ခေတ် ရွေးကောက်ပွဲကာလ ၀န်းကျင်ကတည်းက ဥရောပတိုက်နှင့် တောင်အမေရိကတိုက် နိုင်ငံများ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များကို စဉ်ဆက်မပြတ် ဖေါ်ပြပေးလျှက်ရှိရာ စာဖတ် ပရိသတ်များ၏ အားပေးနှစ်သက်မှု ရရှိခဲ့ပါသည်။ ယခုတဖန် အာဖရိကတိုက် နိုင်ငံများ၏ ဒီမိုကရေစီ အတွေ့အကြုံများကို ဆက်လက် တင်ပြသွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံကို တိုးတက် စေလိုသည့် စေတနာဖြင့် ကျောင်းတဖက်နှင့် မအားလပ်သည့် ကြားမှ တကူးတက ဘာသာပြန်ကာ ကြိုးစားပေးပို့သည့် ကိုကျော်ထင်အား စည်းလုံးခြင်းရဲ့ အင်အားမှ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ အပိုင်း (၃) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည် လေ့လာ ဖတ်ရှုနိုင်ပါတယ်။ ဤအားပေးမလှုံ့ဆော်သော မျှော်လင့်ချက်မရှိသော အခြေအနေများ အလယ်မှာ တောင်အာဖရိက (South Africa’s) နိုင်ငံရဲ့ အောင်မြင်သော အတွေးအခေါ်၏ ဦးဆောင်မှုအောက်တွင် ဖြစ်ပေါ် လာသော အာဖရိကတောင်ပိုင်း (southern Africa) ၏ ဖွံ့ဖြိုးတိုးတက်လာမှုများက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအား ပြီးပြည့်စုံ ခိုင်မာအောင် မဖြစ်ပေါ်စေသေးသော်လည်း တိုက်တွန်း အားပေး လှုံ့ဆော်မှုများ၏ အရင်းအမြစ်များ (source of encouragement) ဖြစ်လာခဲ့ပေသည်။ ထို့အပြင် ယေဘူယျအားဖြင့် တောင်ပိုင်းအာဖရိက (southern Africa) ဟု ဆိုသော်လည်း တောင်ပိုင်း အာဖရိကဘေးမှ နိုင်ငံများဖြစ်သည့် မိုဇမ်ဘစ် (Mozambique)၊ လီဆိုသို (Lesotho)၊ ဆွာဇီလန်း (Swaziland)၊ အင်ဂိုလာ (Angola)၊ နမီးဘီးယား(Namibia)၊ ဘော့စ၀ါးနား (Botswana)၊ ဇင်ဘာဘွေ (Zimbabwe)၊ ဇမ်ဘီယာ (Zambia) နှင့် မာလာဝီ (Malawi) စသည့် နိုင်ငံများလည်း ပါဝင်ပြီး အထူးသဖြင့် အင်ဂိုလာ (Angola) နိုင်ငံ၏ ငြိမ်းချမ်းရေး ထူထောင်မှုဖြစ်စဉ် (peace settlement) သာ မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် ဆက်လက် ဖြစ်ပေါ်နေပါက ထိုနိုင်ငံများ အားလုံးတို့သည် ခေတ်သစ်သမိုင်းတွင် အရင်က တကယ်တမ်းအားဖြင့် မကြုံ တွေ့ခဲ့ဖူးသော တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေး ခေတ်ကာလ (a period of stability and peace) တစ်ခုဆီသို့ ချဉ်းနင်း ၀င်ရောက်လာခဲ့သည့်ပုံ ပေါ်ထွက်လာနေပေသည်။ ကုလသမဂ္ဂအဆိုအရ ဆာဟာရအာဖရိက အစိတ်အပိုင်းကို အစိမ်းရင့်ရောင်ဖြင့် ပြသထားပုံ ဒီမိုကရေစီ စနစ်ဆီသို့ စမ်းတ၀ါးဝါး ချီတက်လာနေသော အာဖရိကတောင်ပိုင်းမှ နိုင်ငံများ အရေအတွက် တိုးပွားလာမှု၊ ဒေသတွင်းမှ အဓိကပြဿနာများ ထင်ထင်ရှားရှား ဖြေရှင်း ပြီးစီးမှုများ နှင့်အတူ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ ဖြစ်ထွန်း ပေါ်ပေါက်လာနိုင်ပေသည်။ လူသား မျိုးနွယ်များအား ကြီးမားသော ဒုက္ခဆင်းရဲရောက်မှုများကို ဖြစ်ပေါ်ခံစား သက်ဆင်းစေခဲ့သော ပဋိပက္ခများ၏ ခွဲခြမ်းပစ်ခဲ့မှုများကို ခံစားနေရဆဲဖြစ်သော ဆာဟာရအာဖရိက အစိတ်အပိုင်း (sub Saharan Africa) ၏ ကျန်ရှိနေသော အပိုင်းတွင်လည်းပဲ လွန်ခဲ့သော ၅ နှစ် ကာလအတွင်း ၄င်းဒေသ၏ နိုင်ငံအတော်များများသည် ဒီမိုကရေစီ စနစ်ဆီသို့ ရှေ့ရှုသော တိုးတက်မှုများကို ပြုလုပ်ခဲ့ပေသည်။ ကိစ္စရပ်များစွာတွင် မရှိမဖြစ် လုပ်ဆောင်ရမည့် အဆင့်တစ်ခုဖြစ်သည့် စစ်တပ်အား စစ်တန်းလျား ဆီသို့ ပြန်စေရေး (The military to return to the barracks) အား စီစဉ်လုပ်ဆောင် ပြီးစီးခဲ့ပြီး ဖြစ်ကြပေသည်။ တချို့သော ကိစ္စရပ်များတွင် စစ်ဘက်တို့အနေဖြင့် နိုင်ငံရေးမှ ရှင်းရှင်းလင်းလင်း မဆုတ်ခွာရသေးသော်လည်း အရပ်ဘက်အုပ်ချုပ်ရေး ပြန်လာနိုင်အောင် စီမံခန့်ခွဲ ဆောင်ရွက်မှု များကို ၄င်းတို့၏ ကိုယ်ပိုင်ဝေါဟာရတို့ဖြင့် ဖွင့်ဆိုစီမံ ဆောင်ရွက်ခြဲ့ပီး ဖြစ်ပေသည်။ နိုင်ငံရေးတည်ငြိမ်မှုနှင့် လုံခြုံမှုသည် အာဖရိကတောင်ပိုင်းတွင် တိုးတက်လာသော စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုများ တို့အတွက် သော့ချက်များပင် ဖြစ်ပေသည်။ လောလောဆယ်အားဖြင့် ဒေသ၏ အလားအလာများက ဒီမိုကရေစီစနစ်ဆီသို့ လျင်မြန်စွာ ဦးတည်ချီတက်သော လှုပ်ရှားမှုများကို ပြုလုပ်နေသည်၊ ယင်းအတွက် ကတိပြုထားသည်၊ ဗဟိုထိန်းချုပ် စီးပွားရေးစနစ်အား ကြိုးဖြည် ဖြေလျော့မှုများ ပြုလုပ်လာနေသည် ဆိုသော်ငြားလည်းပဲ တောင်အာဖရိက (south Africa) နိုင်ငံ အပါအ၀င်တွင်ပင် ထင်ထင်ရှားရှား တည်ရှိနေသော ပြည်တွင်းပြဿနာများကို ၄င်းတို့ကိုယ်တိုင် ဖြေရှင်း မပြီးစီးနိုင်သေးပေ။ နိုင်ငံခြားသား မုန်းတီးရေး အယူအဆ လှုပ်ရှားမှု တစ်ခုမှ မြင်ကွင်းပုံ လူမျိုးနွယ်စုဆိုင်ရာ မုန်းတီးမှု (ethnic hatred)၊ နက်ရှိုင်း ပြင်းထန်သော ဆင်းရဲမွဲတေမှု (severe poverty)၊ ၀င်ငွေမညီမျှမှု (income inequality)၊ မျှော်လင့်ချက်ကင်းမဲ့မှုနှင့် အရင်းအမြစ်များထက် ကြီးမားမြန်ဆန်စွာ ဖြစ်ပေါ်နေသော အနှုတ်ဘက် ဦးတည်သည့် မျှော်လင့် ထားရသည့် အရာများက ဒီမိုကရေစီကို ဆန့်ကျင်သည့် အာဏာရှင်ဆိုင်ရာ သဘောထားများ၊ လူကြိုက်များသည့် နိုင်ငံရေးအယူအဆ၀ါဒီ (populist)၊ နိုင်ငံခြားသားမုန်းတီးရေး အယူအဆ လှုပ်ရှားမှုများ (xenophobic movements) နှင့် တခြားသော ခြိမ်းခြောက်မှုနှင့် သက်ဆိုင်သည့် အယူအဆများကို လက်ခံသည့် သဘောထား စသည်တို့ကို မွေးဖွားဖြစ်ပေါ်စေခြင်းနှင့်အတူ ဒီမိုကရေစီကို ခြိမ်းခြောက်နေပေသည်။ အပိုင်း (၂) ကို သောကြာနေ့တွင် ဆက်လက် တင်ပြသွားပါမည်။
Posted on: Sun, 07 Jul 2013 10:17:18 +0000

Trending Topics



Recently Viewed Topics




© 2015