တန်ဖိုးမျှတအိမ်ရာ - TopicsExpress



          

တန်ဖိုးမျှတအိမ်ရာ လုပ်သက် ၂၅ နှစ်နှင့်အထက် ဝန်ထမ်းများအား ဦးစားပေးရောင်းမည် Myawady News 3 hours ago ===================================== လယ်ယာမြေများကို မြို့မြေဖော် ထုတ်၍ ချထားပေးရန် ကန့်သတ်ချက် များစွာရှိလာသဖြင့် တန်ဖိုးမျှတအိမ်ရာ များအား နေထိုင်ရေးအခက်အခဲ ရှိသော လုပ်သက်ရင့် အစိုးရ ဝန်ထမ်းများကို ဦး စားပေးရောင်းချသွား မည်ဟု ရန်ကုန် တိုင်းဒေသကြီး၊ ဆောက်လုပ်ရေး၊ သစ် တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောသည်။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီး ဌာနမှ ဆောက်လုပ်လျက်ရှိသော တန် ဖိုးမျှတအိမ်ရာများအား ပြည်ထောင်စုမှ တိုင်းဒေသကြီးသို့ လွှဲပြောင်းပေး ပါက လုပ်သက် ၂၅ နှစ်နှင့်အထက် အစိုးရ ဝန်ထမ်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာန ၏ ထောက်ခံချက်ဖြင့် ဦးစားပေးရောင်း ချပေးမည်ဟု ဝန်ကြီးကပြောသည်။ ရန်ကုန်တိုင်းဒေသကြီး ဆဋ္ဌမ ပုံမှန်အစည်းအဝေး၌ ကမာရွတ်မဲဆန္ဒ နယ် အမှတ် (၂)မှ ကိုယ်စားလှယ် ဦးမြ ငွေက လုပ်သက် ၂၅ နှစ်နှင့်အထက် အစိုးရဝန်ထမ်းများ ကို ပေ ၄ဝ x ၆ဝ မြေကွက် သစ်များချထားပေးရန် အစီ အစဉ်ရှိ၊မရှိ မေးမြန်းခဲ့ရာ ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ် သည်။ ၁၉၈၉ ခုနှစ်မှစတင်ကာ ဒဂုံမြို့ သစ်မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင် ပိုင်းနှင့် ဆိပ်ကမ်းမြို့နယ်များအား ဖော် ထုတ်၍ အစိုးရဝန်ထမ်းများကို ချထား ပေး ခဲ့ကြောင်း ဝန်ကြီးကပြောသည်။ လက်ရှိတွင်မူ လယ်မြေများဖော်ထုတ် ရန်အခက်အခဲရှိ၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနပိုင် မြေများ၌ အိမ်ရာ စီမံကိန်းများ ဖော်ဆောင်နေသည်ဟု ၄င်းကဆိုသည်။ ၁၉၈၉ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ အစိုးရဝန်ထမ်းများအတွက် မြေကွက် ၉၈ဝ၂၃ ကွက်ဖော်ထုတ်ပေးခဲ့ပြီး ၁၉၉၉ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အတွင်း ရန်ကုန်မြို့ရှိ မြို့နယ် ၁၁ မြို့နယ်၌ မြေလွတ်များ ဖော်ထုတ်ကာ တာဝန် ထမ်းဆောင်ဆဲ တပ်မတော်သားများ နှင့် ကျဆုံးသွားသော တပ်မတော်သား များ၏ သက်ဆိုင်သူများအပါအဝင် ဝန်ထမ်းများအတွက် မြေကွက်ပေါင်း ၁ဝ၆၉၅၈ ကွက် ချထားပေးခဲ့သည်ဟု ၄င်းထံမှ သိရသည်။ ဝေမာထွန်း Popular Myanmar News Journal
Posted on: Fri, 20 Sep 2013 08:53:16 +0000

Trending Topics



Recently Viewed Topics




© 2015