ထိုင်းနိုင်ငံမှာ - TopicsExpress



          

ထိုင်းနိုင်ငံမှာ တရုတ်ရပ်ကွက် China town၊ ကိုရီးယားရပ်ကွက် Korea Town ရှိသလို မြန်မာအများစုနေထိုင်တဲ့ မဟာချိုင်မှာ မြန်မာရပ်ကွက် Myanmar Town လုပ်ပေးဖို့ စီစဉ်နေတယ်လို့ ထိုင်းမြန်မာ လွှတ်တော် ချစ်ကြည်ရေး အဖွဲ့ဥက္ကဌ မစ္စတာ Alongkorn Ponlaboot က ပြောပါတယ်။ မြန်မာနိုင်ငံကနေ အလည်အပါတ်ခရီးသွားတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ စက်တင်ဘာ ၂၄ ရက်နေ့က တွေ့ဆုံချိန် သူက ခုလို ပြောလိုက်တာလို့ ဒီကနေ့ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာမှာ ဖော်ပြပါတယ်။ အဲဒီ မြန်မာရပ်ကွက် စီမံကိန်းမှာ မြန်မာ အစားအစာ အရောင်းပြခန်း၊ ရိုးရာလက်မှုပစ္စည်း အရောင်းပြခန်း၊ မြန်မာကားပြမယ့် ရုပ်ရှင်ရုံ၊ မြန်မာပြည်ကို ငွေလွှဲနိုင်မယ့် ဘဏ် စတာတွေကို စုံစုံလင်လင် ထည့်သွင်းသွားမယ်လို့ သူက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား သန်းနဲ့ချီ နေထိုင် အလုပ်လုပ်ကိုင်နေပြီး ရေလုပ်ငန်းတွေရှိတဲ့ မဟာချိုင် အရပ်မှာတော့ အရည်အတွက် အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
Posted on: Wed, 25 Sep 2013 11:15:23 +0000

Trending Topics



Recently Viewed Topics




© 2015