ဒီနေ့တနေ့တော့. - TopicsExpress



          

ဒီနေ့တနေ့တော့. .မန္တလေးအကြောင်းမပြော ပဲနဲ့ နိုင်ငံရေးအကြောင်းပြောချင်ပါတယ်။Fri တို့သိပါရဲ့လား ဒီနေ့ဟာတစ်ကမ္ဘာလုံးကိုတုန် ခါစေခဲ့တဲ့၊မြန်မာပြည်ကြီးကို အားလုံးကအာရုံ စိုက်စေခဲ့တဲ့ ၈၈၈၈ အရေးတော်ပုံကြီး ဖြစ်ပွား ခဲ့တဲ့နေ့ပါ။ မြန်မာပြည်မှာ ..ဒီလိုမျိုး လှည်းနေ လှေအောင်း၊မြင်းစောင်းပါ မကျန်ဘူးလို့ကြွေး ကြော်နိုင်လောက်အောင် ရဟန်းရှင်လူ၊ ပြည် သူလူထုအားလုံး ပါဝင်ခဲ့တဲ့တော်လှန်ရေးအ ရေးတော်ပုံကြီး ၂ခါ ဖြစ်ခဲ့ပါတယ်။။လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ကျော် မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်နှစ်မှာ တစ်ခါ၊ လွန်ခဲ့တဲ့ ၂၆နှစ် ခရစ်နှစ် ၈.၈.၁၉၈၈ မှာတစ်ခါပါ။၁၃၀၀ပြည့်နှစ်မှာဖြစ် ပွါးခဲ့တဲ့ အရေးတော်ပုံကြီးရဲ့ ရည်ရွယ်ချက်က ကိုလိုနီဆန့်ကျင်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးကို ဆုပ်ကိုင်ပြီး တော်လှန်ရေး အရေးတော်ပုံကြီး ဖန်တီးကာ နယ်ချဲ့တွေကို ရွံ့ရွံ့ချွန်ချွန်နဲ့ဆန္ဒ ပြတော်လှန်ခဲ့တာပါ။အခုတော့ နယ်ချဲ့တွေမ ရှိတော့လို့ ဒီအရေးတော်ပုံကြီးရဲ့ တာဝန်ရည် ရွယ်ချက်တွေ အောင်မြင်ပြီးဆုံးတယ်လို့ပြော လို့ရပါတယ်။ဒါပေမယ့်...တိုင်းပြည်တိုးတက် ဖို့အတွက်အဓိကလိုအပ်တဲ့၊လွတ်လပ်မှု့ လုံ ခြုံမှု့နဲ့ တရားမျှတအေးချမ်းမှု့တို့ရဲ့ အခြေခံ ဖြစ်နေတဲ့ ဒီမိုကရေစီရရှိရေး၊ လူ့အခွင့်ရေးရ ရှိရေးး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ( အပစ်အခတ်ရပ်စဲရေး ) တို့တောင်းဆိုခဲ့တဲ့ ဒီ ၈.၈.၁၉၈၈ လူထုအရေးတော်ပုံကြီးရဲ့ရည် ရွယ်ချက်တွေကတော့မပြီးမြောက်သေးပါဘူး ကြည့်လေ အခုမြန်မာပြည်မှာဒီမိုကရေစီရပြီ လား၊မရသေးဘူး။ လူ့အခွင့်အရေးရပြီလား၊ မရသေးဘူး။ ကြီးနိုင်ငယ်ညှင်းတွေ ရှိတုန်းပဲ။ အစိုးရဝန်းထမ်းပိုင်းမှာဆိုပိုပြီးသိသာပါတယ်။ နောက်...အမျိုးသားပြန်လည်ရင်ကြားစေ့ရေး (အပစ်အခတ်ရပ်စဲရေး)တွေရပြီလား။မရသေး ဘူး။ကချင်နဲ့ရှမ်းပြည်နယ်မှာ အုန်းဒိုင်းဖြစ်နေ တုန်းပဲ။ဒါကြောင့်မို့ ၈၈၈၈ ရဲ့ရည်ရွယ်ချက် တွေ၊မျှော်မှန်းချက်တွေဟာ မပြီးသေးပါဘူး။ ဆက်လက်အကောင်ထည်ဖော်တိုက်ပွဲဝင်ရ ဦးမှာပါ။အရင်ကလိုဆန္ဒပြလမ်းပေါ်ထွက်ကြ စို့လို့ပြောနေတာမဟုတ်ပါဘူး။( မထွက်ရင်မ ဖြစ်တော့ဘူးဟေ့ဆိုရင်တော့ ရှေဆုံးကထွက် မှာပေါ့ ) ။အဲလောက်ကြီးမလိုပါဘူး ကိုယ်ဟာ မြန်မာပြည်က ပြည်သူတစ်ယောက်။ ပြည်သူ့ လည်း ပြည်သူ့အားရှိတာကိုတော့ လုံးဝမမေ့ ပါနဲ့။ ၁၃၀၀ ပြည့်နှစ်၊ ၈၈ အရေးတော်ပုံတွေ ကြောင့် စစ်အာဏာရှင်တွေ မျက်ကလူးဆန် ပြာဖြစ်ခဲ့ရသလို၊ တစ်ကမ္ဘာလုံးက အုပ်အော် သြောင်းနင်းနဲ့ ဂရုစိုက်ခြင်းကိုခံခဲ့ရတာ ဟာ လည်း ဒီပြည်သူ့အားတွေကြောင့်ပါပဲ။အဲတာ ကြောင့်မို့ ကိုယ့်မှာရှိနေတဲ့ စွမ်းအားကိုဘယ် တော့မှ အထင်မသေးပါနဲ့။ နောက်ပြီးးတော့ ပြောချင်တာက ၈.၈.၈၈ မှာ သေနပ်ဆိုတာ မိုးပေါ်ထောင်ပစ်ဖို့မဟုတ်ဖူးဆိုတဲ့ ဦးနေဝင်း ပြောခဲ့တဲ့ စကားကြောင့် အသက်ပေးခဲ့တဲ့သူ များ (Oak Karကတော့ သူတို့ကိုသူရဲကောင်း အာဇာနည်တွေ လို့ပဲပြောချင်ပါတယ်။) ရဲ့အ ကြောင်းပါပဲ။သူတို့တွေအကြောင်း စဉ်းစားမိ ရင် စိတ်ထဲမှာ အမြဲပဲ အရမ်းနှမြောတသဝမ်း နည်းရပါတယ်။အပြစ်မဲ့တဲ့သတ္တိခဲအာဇာနည် ပုဂ္ဂိုလ်တွေပါ။သူတို့တွေဟာ သူတို့သမိုင်းကို သာမကမြန်မာ့သမိုင်းကိုပါ သွေးနဲ့ရင်းပြီးမှတ် ကျောက်တင်ခဲ့တာပါ။ငါတို့မလုပ်ရင်မရတော့ ဘူးလို့ ခံယူရင်းရဲရဲတောက်သတ္တိနဲ့ ကိုယ့်ရဲ့ ကိုပြသခဲ့တဲ့အတွက်စစ်သေနပ်တွေရဲ့ပြောင်း ဝမှာ အသက်ပေးခဲ့ရသူကတော့မရေမတွက် နိုင်လောက်အောင်ပါပဲ။သူတို့အတွက်ဝမ်းနည်း ရသလို. သူတို့ရဲ့သတ္တိကိုတွေးပြီးဂုဏ်လည်း ယူရပါတယ်။နောက်ဆုံးဆန္ဒရှိတာကတော့ဒီ လိုနေ့မှာ ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ပြည် သူပြည်သားများ၊ ကျောင်းသားများကို စိတ် မှန်းပြီး Oak Kar တို့ဟာ ဒီမိုကရေစီအမှန် အကန်ရဖို့ စစ်အစိုးရရဲ့အာဏာတွေအများ ကြီးပါတဲ့ တရားမျှတမှု့မရှိတဲ့ ဒီဖွဲ့စည်းပုံအ ခြေခံဥပဒေကိုကန့်ကွက်ခြင်း၊ PR စနစ်ကို ကန့်ကွက်ခြင်း၊တိုင်းရင်းသားများနဲ့ အပစ်အ ခတ်ရပ်စဲပြီးငြိမ်းချမ်းရေးဖော်ဆောင်ခြင်းကို ထောက်ခံအားပေးခြင်းဖြင့်စစ်အာဏာရှင်စ နစ်ဆိုးကိုအမြစ်ပြတ်အောင်လို့ တတ်နိုင်သ လောက်လုပ်ဆောင်ကြရအောင်လို့မှတ်မှတ် ရရနဲ့ သူငယ်ချင်းတွေကို ဆော်သြလိုက်ပါ တယ်။ မြန်မာပြည်ကြီး ဒီမိုကရေစီအစစ်အမှန်ကိုအ မြန်ဆုံးရရှိပါစေ။၂၆ နှစ်မြောက် ၈၈၈၈အရေး တော်ပုံကြီးကို ဂုဏ်ပြုလျှက်.. ..
Posted on: Thu, 07 Aug 2014 23:48:44 +0000

Trending Topics



zi-topic-1728180107406656">Published on Nov 25, 2013 Despite evidence showing the Benghazi
Fellow Nigerians, whats wrong with item # (2)(e)? NATIONAL
“We wish to call on the Inspector-General of police to hearken
fsygxvr76gWytkmm

Recently Viewed Topics




© 2015