ဒီနေ့ - TopicsExpress



          

ဒီနေ့ သူငယ်ချင်းတယောက်နဲ့ ပထ၀ီနိုင်ငံရေးအကြောင်းပြောဖြစ်တယ် တရုပ်နဲ့ အမေရိကန် ရဲ့ ကစားကွက်တွေ ၊ နိုင်ငံရေး စစ်တုရင်ခုံမှာ ချစားခံရတဲ့ အရုပ်ကလေးတွေ ထိုးကြွေးလိုက်တဲ့ မ၀ရေစာ.......ဒီကလူတွေက မဟုတ်တာတွေနဲ့ အလုပ်တွေရှုပ်........ အာဏာပါဝါ ဆိုတာ လူမရှိပေမဲ့ ပျောက်သွားတာမျိုးမဟုတ်ဘဲနဲ့ တချို့တလေ က ခုထိ Respect ပေးခံရတုန်းဆိုတာတွေ ၊ Diplomat တွေတောင် Diplomacy အရ Blood Line ကို ဂရုစိုက်သေးတဲ့ အကြောင်း ၊ တကယ့် ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးတွေတောင်မှ....ချသေးသေးမစားဘဲ ချကြီးကြီးမှ စားတဲ့ အကြောင်း၊ နိုင်ငံခြားက စီးပွားရေး သမား ဘယ်သူမှသနားတာမရှိလို့ sanction ဆိုတာ အထက်ကိုမထိ အောက်သာထိကြောင်း ၊ ဘယ်နိုင်ငံမှ သူတို့ အကျိုးစီးပွားမပါဘဲ ဒီကို ချစ်လို့လာနေတာမဟုတ်ကြောင်း ၊ မီးစတဘက် ရေမှုတ်တဘက်လုပ်နေတဲ့ ဟာတွေ လက်နက်ရောင်းရတဲ့ ပိုက်ဆံနဲ့ ကယ်ဆယ်ရေးပြန်လုပ်ပြနေတဲ့ သူဒေါင်းဇားနိုင်ငံတွေ ၊ အော် ကိုယ့်ကိုကိုယ် တော်တော် အထင်ကြီးနေကြပါလားလို့........အားလုံး အမှန်နဲ့ အနီးစပ်ဆုံးထိ ကြည့်နှိုင်ဘို့တော့ ပညာ လိုပါသည်။ သင်ညာ ရော ပညာ ရော စာဖတ်ဘို့ရော တော်တော်လိုပါသည်။ တခုခု ဖြစ်ရင် အဲဒီ တခုခု နောက်ကိုသာ ဟတ်ထိုး ဟတ်ထိုး မလိုက်မိဘို့ ပိုလိုပါသည်။။။။။။။။အဲလို ငါးပွက်ရာ ငါးစာချမှုများနဲ့ အလုပ်တွေရှုပ်နေရင်တော့ မြန်မာပြည်မြေပုံ ပုံပြောင်းသွားပါလိမ့်မည် တဲ့ ရှင်။။။။။
Posted on: Wed, 09 Oct 2013 16:00:16 +0000

© 2015