ဒီပို့လေးကိ share - TopicsExpress



          

ဒီပို့လေးကိ share လုပ်ပြီးရခိုင်ပြည်နယ်မီးလင်းရေးကူညီပေးစေချင် ,,,,,,ု မီတာခတွေဈေးတက် တော့မယ်ကြော်ညာ တော့ facebook ပေါ်မှာရော ဂျာနယ်တွေပေါ်မှာပါ အမြင်တွေ အမျိုးမျိုးနဲ့ရေးကြ ပြောကြတာ ဖတ်ရတယ်။အဓိက ကတော့ ဈေးတက်တာကို မကြိုက်ကြလို့ဘဲ။ဒါလည်းသဘဝပါ။ဖြစ်လည်းဖြစ်သင့်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့ ရခိုင်ပြည်နယ်လို့ မဟာဓာတ်အားလိုင်းမရှိတဲ့ ဒေသမှာ ကိုယ်ဒေသနဲ့ကိုယ် မီးလင်းရေးကော်မတီတွေဖွဲ့ပြီးမီးပေးကြလို့ ၂၄ နာရီမီးရပေမယ့် ၁၀ ယူနစ်ကျော်ရင် ၄၅၀ ၅၀၀ ပေးပြီးသုံးနေရတာပါ။ဒီလိုပြောရတာလည်း မဟာဓာတ်အားလိုင်းရှိတဲ့ဒေသမှာနေထိုင်ကြတဲ့ညီအကိုတွေကို ကိုယ်ချင်းစာ နားလည်နိုင်အောင်ပါ။အခု ကျောက်ဖြူဒေသမှာ သဘာဝဓာတ်ငွေ့တွေရလာတော့ ရခိုင်ပြည်နယ် မီးအမြန်ဆုံးရရှိအောင် မော်လမြိုင်မှာ တည်ဆောက်ဖို့စီစဉ်ထားတဲ့ ၅၀မဂ္ဂါဝပ်ဓာတ်အားပေး စက်ရုံကို ကျောက်ဖြူမှာပြောင်းရွေ့တည်ဆောက်ခွင့်ပြုဖို့ သမ္မတက လွတ်တော်ကို သဝဏ်လွှာပို့ တယ်။ဒါပေမယ့်လွှတ်တော်က လက်မခံလို့ အစီအစဉ်ပျက်သွားရပါတယ်။အခုဆိုရင် ရခိုင်မှာ ဓာတ်အားလိုင်းတွေလည်းတည်ဆောက်နေပြီဖြစ်လို့ ဓာတ်အားပေးစက်ရုံတစ်ခုအမြန်ဆုံးတည်ဆောက်ပေးနိုင်ဖို့ အစိုးရနဲ့လွှတ်တော်ကို ရခိုင်ပြည်သူတွေကတောင်းဆိုနေပါတယ်။သူငယ်ချင်းတို့အားလုံးလည်း ဒီပို့လေးကို share လုပ်ပြီးရခိုင်ပြည်နယ်မီလင်းရေး အမြန်ဆံးအကောင်အထည်ဖေါ်ဖို့ဝိုင်းဝန်းတောင်းဆိုပေး ကြပါလို့မေတ္တာရပ်ခံပါတယ်။အားလုံးကိုယ်ချင်းစာနားလည်နိုင်ပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။
Posted on: Thu, 31 Oct 2013 02:20:51 +0000

Trending Topics



Recently Viewed Topics




© 2015