ဒေါ်ဘောက်ဂျာကို သြဂုတ်လ - TopicsExpress



          

ဒေါ်ဘောက်ဂျာကို သြဂုတ်လ ၂၇ ရက်နေ့ ရုံးချိန်းထပ်မံခေါ်ဆိုထား Author အေးလပြည့် အမျိုးသားဒိမိုကရေစီအင်အားစု (NDF) ပါတီ၏ ကချင်ပြည်နယ်ဥက္ကဋ္ဌဒေါ်ဘောက်ဂျာကို သြဂုတ်လ၂၇ ရက်နေ့မှာ ဖားကန့်မြို့နယ်တရားရုံက ရုံးချိန်းထပ်မံခေါ်ယူထားတယ်လို့သိရပါတယ်။ NDF ပါတီမှမိုးကောင်းမြို့နယ်၊စည်းရုံးရေးတာဝန်ခံဦးမိုးကျော်က “နောက်ဆုံးရုံးချိန်းကသြဂုတ်လ၂၂ရက်နေ့မှာခေါ်ခဲ့တာပါ။သက်သေတော်တော်များများစစ်ပြီးပါပြီ။သြဂုတ်လ ၂၂ ရက်နေ့ရုံးချိန်းက ဖားကန့်မြို့နယ်ကျန်းမာရေးမှုးကို တရားလိုပြသက်သေအနေနဲ့ စစ်ဆေးဖို့ခေါ်ဆိုခဲ့ပေမယ့်စာမရောက်တဲ့အတွက်မလာနိုင်ခဲ့ဘူး”လို့ ပြောပါတယ်။ အခုလာမယ့် ၂၇ ရက်ရုံးချိန်းမှာ ဖားကန့်မြို့နယ်ကျန်းမာရေးမှုးကိုစစ်ဖြစ်မယ်လို့ယူဆကြောင်း ဆိုပါတယ်။ ဦးမိုးကျော်က “အခုအချိန်အထိတော့ဒေါ်ဘောက်ဂျာကို မစစ်ဆေးရသေးဘူး။အမှုရဲ့အခြေအနေကတော့ ကောင်းတယ်လို့ယူဆရပါတယ်။”လို့ပြောပါတယ်။ The Modern News Journal
Posted on: Mon, 26 Aug 2013 04:27:51 +0000

Trending Topics



Recently Viewed Topics




© 2015