ပညာရေး ၀န်ကြီးဌာန - TopicsExpress



          

ပညာရေး ၀န်ကြီးဌာန ငွေလဲနှုန်းအတွက်မှား၍ လိုငွေပြ Tuesday, July 16, 2013 နေပြည်တော်- ပညာရေးဝန်ကြီးဌာနသည် ဂျပန်နိုင်ငံတွင် ပညာသင်ယူနေသော ကျောင်းသားများအတွက် ထောက်ပံ့ကြေးအသုံးစရိတ်ကို ငွေလဲလှယ်နှုန်းတွက်ချက်ရာတွင် မှားယွင်းတွက်ချက်မိ၍ လိုငွေပေါ်ပေါက်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ပေးပို့သည့် နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာတွင်ပါရှိသည်။ ပညာသင်ထောက်ပံ့ကြေး အသုံးစရိတ်အဖြစ် ပြည်ပအကူအညီ ရငွေ ဂျပန်ယန်း ၂၄၈ ဒသမ ၀၉၀ သန်းနှင့် ညီမျှသော အမေရိကန် ဒေါ်လာ ၃ ဒသမ ၁၂၇ သန်းကို ငွေလဲလှယ်နှုန်း ယန်း ၁၀၀ လျှင် ကျပ် ၁၁၃၀ အစား ၆ ဒသမ ၆၅ ကျပ်ဖြင့် မှားယွင်းတွက်ချက်ပြီး တောင်းခံ ခဲ့ခြင်းကြောင့် ပေါ်ပေါက်လာသည့်လိုငွေ ကျပ် ၅၁၇ ဒသမ ၅၂၃သန်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ရန်ပုံငွေမှ သုံးစွဲရခြင်းဖြစ်ကြောင်း သ၀ဏ်လွှာတွင် ရှင်းလင်းဖော်ပြထားသည်။ ထိုငွေများသည် ဘဏ္ဍာရေးနှစ် ကုန်ဆုံးခါနီးချိန်ဖြစ်ခြင်း၊ ဘဏ္ဍာရေးနှစ်အတွင်း မသုံးစွဲလျှင်မဖြစ်သည့်အသုံးစ ရိတ်ဖြစ်ပြီး ကျော်လွန်ပါက သုံးစွဲ၍မရခြင်း၊ ပြည်ပအကူအညီ ရငွေဖြစ်၍ နိုင်ငံတော်၏ ဘဏ္ဍာငွေကို သုံးစွဲခြင်းမဟုတ်ဘဲ ဘဏ္ဍာရန်ပုံငွေစာရင်းတွင် စာရင်းသွင်းရုံသာ ဖော်ပြခြင်းဖြစ်ကြောင်း ဇူလိုင် ၁၂ ရက်တွင် လွှတ်တော်သို့ပေးပို့သော သ၀ဏ်လွှာတွင် ဖော်ပြထားသည်။ ပညာရေး ၀န်ကြီးဌာနသည် ၂၀၁၂ ဖေဖော်ဝါရီ ၁၄ ရက်က ထုတ်ပြန်သော “၂၀၁၂ ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေ”အရ သာမန်သုံးငွေ ကျပ် ၃၈၁ ဒသမ ၈၂၀ သန်းကိုလည်း ကောင်း၊ ၂၀၁၂ မတ် ၂၈ ရက်တွင် ထုတ်ပြန်သော “၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ” အရ သာမန်သုံးငွေ ကျပ် ၅၄၂၉၅၂ ဒသမ ၀၄၈ သန်း နှင့် ငွေလုံးငွေရင်း သုံးငွေ ကျပ် ၂၀၉၀၄၉ ဒသမ ၅၉၁ သန်းကို လည်းကောင်း၊ ၂၀၁၂ နိုဝင်ဘာ ၂၃ ရက်တွင်ထုတ်ပြန်သော “၂၀၁၂ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲ ရေးဥပဒေ”အရ သာမန်သုံးငွေ ကျပ် ၃၇၄၆ ဒသမ ၄၉၂ သန်းနှင့် ငွေလုံး ငွေရင်းသုံးငွေ ကျပ် ၈၉၈၀ ဒသမ ၃၆၈ သန်းကို သုံးစွဲခွင့်ရထားခြင်း ဖြစ်သည်။ 7Day News Journal
Posted on: Tue, 16 Jul 2013 11:44:54 +0000

Trending Topics



Recently Viewed Topics




© 2015