ဖန်ဆင်းရှင် - TopicsExpress



          

ဖန်ဆင်းရှင် စစ်တမ်း။ ----------------------- ပထမဆုံးအနေနဲ့ အလ္လာဟ် ဆိုတာ တကယ်ရှိကြောင်း (Existence of Allah) ကို သက်သေ ပြဖို့ လိုပါတယ်။ ဒါကလည်း လွယ်တယ့် ကိစ္စတော့ မဟုတ်ပါ၊ အလ္လာဟ်၏ တမန်တော်ဆိုသူ မုဟမ္မဒ် ကိုယ်တိုင်လည်း အလ္လာဟ်ကို မမြင်ဖူးပါ၊ အလ္လာဟ် ဘယ်လို ပုံသဏ္ဍာန် ရှိလဲ သူလဲ မပြောနိုင်ပါ ။ မုဟမ္မဒ်သည် မိမိ၏ အရှင်သခင်အား ပကတိမျက်မြင်ဖြင့် ဖူးတွေ့ ခဲ့ရသည်ဟု ပြောကြားသူမည်သူပင်ဖြစ်စေ၊ မဟာပြစ်မူကြီးတစ်ရပ် ကျူးလွန်သူပင် ဖြစ်အံ့၊ အကြောင်းမှာ မိုးကုတ်စက်ဝိုင်း တစ်ခုလုံးကို လွှမ်းခြုံစေရာ ဖန်ဆင်းခံထားရသော ပကတိသဏ္ဍာန်ဖြင့် ဂျစ်ဘရီးလ်အား ကိုယ်တော်မြတ်မှ တွေ့ မြင်တော်မူခဲ့ခြင်းသာ ဖြစ်ပါ၏။ ဆင့်ပြန်သူ - အာအိရှဟ် မူရင်းကျမ်း၏ ဟဒီးဆ်အမှတ်စဉ် - (၄း၄၆၀) တမန်တော်ပါလို့ ကြွေးကျော်ထားသူ မုဟမ္မဒ်ကိုယ်တိုင်တောင် မြင်ဖူးခြင်း မရှိသော ဖန်ဆင်းရှင် ဘုရားကို မုဟမ္မဒ် နောက်လိုက်များက ယုံကြည်နေခြင်းသည် မျက်မမြင် လမ်းပြနောက်ကို လိုက်ကြသော ခရီးသွား များကဲ့သို့ ပင် ဖြစ်လေတော့သည်။ အလ္လာဟ် တကယ်ရှိကြောင်းကို သက်သေပြနိုင်သည်ပဲ ထားလိုက်ပါအုံး၊ ထိုအလ္လာဟ်သည် သက်ရှိ၊သက်မဲ့ စကြာဝဠာ လောကကမ္ဘာကြီး တစ်ခုလုံးကို ဖန်ဆင်းထားသည့် ဖန်ဆင်းရှင် ဖြစ်ကြောင်းကို ထပ်မံ သက်သေပြဖို့ လိုပါသည်၊ အဘယ်ကြောင့်ဆိုသော အလ္လာဟ်ထက် စောသော၊ အလ္လာဟ်ထက် ဦးသော ထာဝရဘုရားများက ရှိနေပါသည်။ ဟိန္ဒူ ဘာသာ၏ ထာဝရ နတ်ဘုရား၊ ယေဟိုဒီ ဂျူးးဘာသာ၏ ထာဝရ ဘုရား၊ ခရစ်ယာန်ဘာသာ၏ ထာဝရ ဘုရားတို့ ကား အစ္စလာမ်ထက် နှစ်ပေါင်း ရာ၊ထောင်ချီ စောကာ ပေါ်ပေါက်ခဲ့ပြီး သက်ရှိ၊သက်မဲ့ လောက ကမ္ဘာကြီး စကြာဝဠာကြီး တစ်ခုလုံး၏ ဖန်ဆင်းရှင် ဘုရားများအဖြစ် ကျွေးကျော်ခဲ့ပြီး ဖြစ်ပါတယ်၊ အလ္လာဟ်ထက် သမ္ဘာရင့်သော ဘု၇ားများ (Senior Gods) များ ဖြစ်ကြပါတယ်။ အလ္လာဟ်ထက် ဦးသော ဖန်ဆင်းရှင် ဘုရားများ ရှိကြောင်း သက်သေပြထားသော ကုရ်အာန်ကျမ်းစာမှာ- ကုရ်အာန် ၁၁၊၇ ။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင် မိုးကောင်ကင်များကိုလည်းကောင်း၊ ပထဝီမြေ ကိုလည်းကောင်း ခြောက်ရက်တွင် ဖန်ဆင်းတော်မူခဲ့လေသည်။ စစ်စစ်သော်ကား ထိုမိုးကောင်ကင်နှင့် ပထဝီမြေကို ဖန်ဆင်းတော်မမူမှီက ထိုအရှင်မြတ်၏ အရ်ရှ်ပလ္လင်တော်သည် ရေပေါ်၌ရှိခဲ့လေသည်။ အထက်ပါ ကုရ်အာန်ကျမ်းစာအရ အလ္လာဟ်ထက် အရင် ရေကို ဖန်ဆင်းသော ဖန်ဆင်းရှင် ဘုရားရှိနေတာကို တွေ့ ရပါတယ်၊၊ နောက်တစ်ချက်က ရေရှိရင် ရေအောက်ကြမ်းပြင် ပထ၀ီမြေလဲ ရှိမှာပဲ၊ အလ္လာဟ် မဖန်ဆင်းခင် ကတဲက ရေရှိခဲ့တယ်၊ ရေအောက်က ပထ၀ီမြေ ကြမ်းပြင်လဲ ရှိခဲ့တယ်၊ ပထ၀ီမြေကို အလ္လာဟ်ထက် ဦးအောင် ဖန်ဆင်းသော ဘုရား ရှိခဲ့တယ်လို့ ကောက်ယူနိုင်တယ်။ အလ္လာဟ် တကယ်ရှိကြောင်း သက်သေပြနိုင်ပြီ။ အလ္လာဟ်ဟာ ဖန်ဆင်းရှင် အစစ် ဖြစ်ကြောင်း သက်သေပြနိုင်ပြီပဲ ထားလိုက်ပါအုံး။ အလ္လာဟ်ကို ဘာလို့ ကိုးကွယ်သင့်ကြောင်း သက်သေပြဖို့ လိုပါတယ်၊ အလ္လာဟ်ကို ကိုးကွယ်ခြင်းအားဖြင့် ယ္ခုလက်ရှိ ပစ္စုပ္ပုန် ဘ၀၊ နောင်အနာဂါတ်ဘ၀များမှာ မည်ကဲ့သို့ သော ကောင်းကျိုးချမ်းသာ တစ်စုံတစ်ရာ ရရှိနိုင်ပါမလဲ..ဒါဆို သေချာ ဆန်းစစ်ပြီးမှ အကျိုးရှိမှ ကိုးကွယ်သင့်တယ်လို့ ထင်ပါတယ်။ ကုရ်အာန် ၂း၁၅၅ ။ ထို.ပြင်တဝ ( မုအ်မင်န်အပေါင်းတို့ ) မချွတ်ဧကန် ငါ အရှင်မြတ်သည် အသင်တို့ ကို တစုံတခုသောကြောက်ရွံ့ စေခြင်းဖြင့်၎င်း၊ ငတ်မွတ်စေခြင်းအားဖြင့်၎င်း၊ ဥစ္စာပစ္စည်းများ ဆုံးပါးစေခြင်းဖြင့်၎င်း၊ အသက်သေကြေပျက်စီးစေခြင်းဖြင့်သော်၎င်း၊ ကောက်ပဲသီးနှံများ ပျက်စီးစေခြင်းသော်၎င်း၊ တနည်း သားသမီးများသေကြေ ပျက်စီးခြင်း ဖြင်သော်၎င်း စမ်းသပ်တော်မူလတ္တံ့ ။ အလ္လာဟ်ကို ယုံကြည်ပါတယ်ဆိုတယ့် သူတွေကိုတောင် အသေသတ်ပြီး စမ်းသပ်တယ်ဆိုရင် အဲဒီလို ဘုရားမျိုး အားကိုးသင့်၊မသင့် ဘယ်လို မြင်ပါသလဲ။ သက်ရှိတို့ ၏ သေခြင်း၊သတ်ခြင်းကို အလ္လာဟ်က ပိုင်ဆိုင်တယ်၊ မြူ မှုန်တစ်မှုန်တောင် အလ္လာဟ်၏ အမိန့် မပါပဲ မရွေ့ ဖူးလို့  အစ္စလာမ်မှာ ဆိုထားပါတယ်။ ဒီစကားအတိုင်းဆို အလ္လာဟ်၏ ဖန်ဆင်းမူ၊ အမိန့် ပေးမူ၊ အလ္လာဟ်၏ လိုအင်ဆန္ဒအပေါ် မေးခွန်းထုတ်စရာများ ဖြစ်လာပါတယ်၊ ဥပမာအားဖြင့် ဘင်္ဂလားဒေ့ခ်ျမှာ နှစ်စဉ် ရေကြီးမူ့ ကြောင့် တိုင်းပြည်ရဲ့ ၇၅% ထိခိုက် ပျက်စီးရပြီး လူပေါင်း ၅၀၀၀ ကျော် သေဆုံးရပါတယ်၊ မုဟမ္မဒ် မွေးဖွားရာ ဇာတိ မက္ကာမှာ ပူပြင်းလွန်းတယ့်အတွက် သောက်ရေကိုတောင် တိုင်းတစ်ပါးမှ မှာယူရပါတယ်။ ကုရ်အာန် ၂၂း၆၃ ။ ဧကန်စစ်စစ် အလ္လာဟ်အရှင်မြတ်သည် မိုးရေကို ရွာသွန်းစေတော်မှုခဲ့ရာ ပထဝီမြေမှာ စိမ်းစိမ်းစိုစို ဖြစ်လာသည်ကို အသင်သည် မသိမမြင်လေသလော။ ကုရ်အာန် ၂၂း၆၄ ။ မိုးကောင်းကင်များ၌ ရှိသမျှတို့ သည်လည်းကောင်း၊ ကမ္ဘာမြေဝယ် ရှိသမျှတို့ သည်လည်းကောင်း၊ ထိုအရှင်မြတ်ပိုင်ဆိုင်သော အရာများချည့်သာ ဖြစ်ကုန်၏ ။ ဘင်္ဂလားဒေ့ခ်ျမှာ ရွာသောမိုးကို လျှော့ပြီး မက္ကာမှာ ရွာပေးလိုက်ရင် အလ္လာဟ်ကို ယုံကြည် ကိုးကွယ်သူ မွတ်စလင်များအတွက် လွန်စွာမှပင် အဆင်ပြေ အကျိုးရှိသွားလိမ့်မည်ဟု ထင်ပါတယ်၊ ကုရ်အာန်မှာ ပါသည့်အတိုင်း ကရုဏာကြီးသော အလ္လာဟ်အရှင်မြတ် ဟူသော စကားနဲ့ ကိုက်ညီသွားပါလိမ့်မည်။ Khin Mg Ye Sein Saturday, December 21, 2013
Posted on: Thu, 16 Jan 2014 23:49:24 +0000

Trending Topics



y
It happened in a hospital in Warri, Delta State... Intensive Care
WILLSON GROUP 9354993159 This Era belongs to internet. Everyone

Recently Viewed Topics




© 2015