ဗေဒင်မေးပြီး - TopicsExpress



          

ဗေဒင်မေးပြီး စိတ်ညစ်နေသူများအတွက် :) :) ဗေဒင်မေးမိပြီး မကောင်းဟောတာကြောင့် စိတ်ညစ်နေသူများရှိတတ်ပါသည်။ ဗေဒင်က မကောင်းတာဟောလို့ စိတ်ထဲစွဲပြီး မအိမ်နိုင်မစားနိုင် ဖြစ်ကြသူများသည် ဗေဒင်ကို နှလုံးသွင်း မမှန်သေးပါဟု ဆိုချင်သည်။ ဗေဒင်ဆိုသည်မှာ ဖြစ်တတ်တဲ့ကိန်း၊ ဖြစ်နိုင်တဲ့ ကိန်းကိုပဲ ပြောနေခြင်းဖြစ်သည်။ ကာယကံရှင် ကိုယ်တိုင်ကလဲ အဲဒီလိုကိန်းဖြစ်စေနိုင်တဲ့ ကိစ္စတွေကို ပြုမှ ကိန်းမှ ခန်း ဖြစ်မည်။ ဥပမာ - အရက်ကြောင့် ကျန်းမာရေးညံ့မည်ဟု ကိန်းရှိသည် ဆိုကြပါစို့။ ကာယကံရှင်က အရက်သောက်ရင် ကျန်းမာရေးညံ့စေသော ကိန်းကိုဖြစ်စေသော အကြောင်းရင်း ခန်း ဖြစ်သွားလိမ့်မည်။ အကယ်၍ ကာယကံရှင်က အရက်မသောက်ပါက အရက်မသောက်သူ၌ အရက်ကြောင့် ကျန်းမာရေး ညံ့မည့်ကိန်း လုံးဝမရှိချေ။ အကြောင်းရင်း ခန်း မရှိချေ။ ထို့ကြောင့် ဗေဒင် ဆိုသည်မှာ မှန်လိုလျှင် ကိန်းကိုသာမက ခန်းကိုပါကြည့်ရသည်။ ကိန်းချည်းပဲ က ဆင်ခြင်ရုံသာ။ မကောင်းဟော၍ စိတ်ညစ်စရာမလို။ တစ်ခုခုလုပ်ပြီးလည်း စိတ်ညစ်ပြီး သွားသေစရာမလို။ ခန်းက လိုသေးသည်။ လူသာလျှင် ပဓာန။ လူသာလျှင် အဓိက။ မိမိပြုသော ကံသာလျှင် အဓိက၊ မိမိပြုသော အမှုသာလျှင် ပဓာနဖြစ်သည်။ မိုးလေ၀သက ရာသီဥတု မိုးရွာမည်ဟု ဖိုးကပ်စ် (Forecast) လုပ်သလို ဗေဒင်ကလည်း ဘာဖြစ်မည်ညာဖြစ်မည်ဟု ပရိဒစ် (Predict) လုပ်သည်။ အမှန်တကယ်မိုးရွာမည် မရွာမည်ကို မိုးလေ၀သလည်း ၁၀၀ ရာခိုင်နှုန်း အသေအချာ မပြောနိုင်ချေ။ ရွာမလိုလိုနှင့် မရွာတာတွေလည်းရှိနိုင်သည်။ ထို့အတူ ဘာဖြစ်မည်ညာဖြစ်မည်ဟု ကိန်းအကြောင်း ပြောရုံမျှနှင့် ဗေဒင်မေးသူ စိတ်မောမနေသင့်ပါ။ မိုးရွာမည်ဆိုလျှင်တော့ ထီးလေး ဆောင်သွားဖို့ လိုအပ်သည်။ ဒါဆို မိုးမစိုနိုင်ချေ။ ထို့အတူပင် ဗေဒင်က ဘာဖြစ်မည်ညာဖြစ်မည်ဆိုပါက မိုးရွာမည်ဆိုသည့်အတွက် ထီးဆောင်သွားဖို့ သတိပေးသလို သဘောထားရမည်။ လိုအပ်တာလေးများ ကြိုတင်ပြင်ဆင်သွားဖို့လိုမည်။ ကြိုတင်ပြင်ဆင်ထားဖို့လိုမည်။ ထိုအခါ မိုးရွာလျှင် ထီးဆောင်းရန်အတွက် ထီးအဆင်သင့်ရှိပြီး ဖြစ်သလို၊ ဖြစ်လာမည့် ဗေဒင်ကိန်းခန်းအတွက် ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်နေမည်။ ဒီလိုဆို ကာယကံရှင် အကျိုးရှိမည်။ သည့်အတွက်ကြောင့်သာ ဗေဒင်မေးသင့်တာ ဖြစ်ပါသည်။ ။ AMB
Posted on: Sat, 14 Sep 2013 18:20:26 +0000

Trending Topics



Recently Viewed Topics




© 2015