ဘောလုံးပွဲ - TopicsExpress



          

ဘောလုံးပွဲ ခိုက်ရန်ဖြစ်ပွား၍ အားကစားသမား တချို့နှင့်ပရိသတ်များ ဒဏ်ရာရ Tuesday, 08 October 2013 စစ်ကိုင်းတိုင်း ဒေသကြီး ကလေးခရိုင် ကလေးဝမြို့၌ အောက်တိုဘာ ၅ ရက် ညနေ ၅ နာရီ မိနစ် ၂ဝ ခန့်က ပြုလုပ်ခဲ့သော မြို့နယ်အုပ်ချုပ်ရေး မှူးဖလား ဘောလုံးပြိုင်ပွဲ၌ ခိုက်ရန် ဖြစ်ပွားသဖြင့် အားကစားသမား တချို့နှင့် ပွဲကြည့် ပရိသတ်များ ဒဏ်ရာရရှိခဲ့ကြောင်း ကလေးဝမြို့ အမှတ် (၃) ရပ်ကွက်နေ ဒေသခံ ပြည်သူတစ်ဦးထံက သိရသည်။ ခိုက်ရန်ဖြစ်ပွားခဲ့စဉ်က ယှဉ်ပြိုင်သော အသင်းများမှာ သစ်ချောက် ကျေးရွာ ကိုယ်စားပြု အသင်းနှင့် ကိုင်း ကျေးရွာ ကိုယ်စားပြု အသင်းများဖြစ်သည်။ ၎င်းအသင်းနှစ်သင်း ယှဉ်ပြိုင် ကစားချိန်တွင် ဘောလုံးလုရာမှ အငြင်း ပွားခဲ့ပြီး နှစ်ဖက်အသင်းများမှ ပွဲကြည့် ပရိသတ်များ ကွင်းလယ်သို့ ဝင်ရောက်လာပြီး ရိုက်နှက်ခဲ့ ကြခြင်း ဖြစ်ကြောင်း ဘောလုံး ပွဲကြည့် ပရိသတ်တစ်ဦးက ပြောပြခဲ့သည်။ ထိုသို့ နှစ်ဖက်အသင်းနှင့် ပွဲကြည့် ပရိသတ်များ ခိုက်ရန်ဖြစ်ပွားခဲ့သည့် အတွက် ကိုင်းကျေးရွာ ကိုယ်စားပြု ဘောလုံးအသင်းမှ ကျောနံပါတ် (၁၇) မောင်ညီညီဆိုသူ၏ ခါးတွင် ပေါက်ပြဲ ဒဏ်ရာတစ်ချက်၊ သစ်ချောက်ကိုယ်စားပြု ဘောလုံးအသင်း ပွဲကြည့်ပရိသတ် ကိုမြင့်အောင် ဆိုသူမှာ ယာလက်ပေါက် ပြဲဒဏ်ရာ၊ မောင်ဇော်မျိုးဝင်း ဆိုသူမှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ သက်ဆိုင်ရာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၏ မှတ်တမ်းများအရ ဒဏ်ရာရရှိသူ လေးဦးခန့်ရှိပြီး ကလေးဝမြို့ ပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးများကုသ မှုခံယူလျက်ရှိသည်။ myawady.net.mm/allnews/local/item/27392-2013-10-08-10-27-36
Posted on: Tue, 08 Oct 2013 06:18:45 +0000

Trending Topics



Recently Viewed Topics




© 2015