"ဘာသာရေးအသွင်ဆောင်သည့် - TopicsExpress



          

"ဘာသာရေးအသွင်ဆောင်သည့် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပါက နိုင်ငံအပြောင်းအလဲဖြစ်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား" သြဂုတ်လ(၃၀)ရက်နေ့က ပြည်သူ့လွှတ်တော်ရုံး၌ ပြုလုပ်သည့် သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ မီဒီယာများက ဘာသာရေးအသွင်ဆောင်သည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး ၂၀၁၅ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် အကျိုးသက်ရောက်မှု ရှိမရှိ မေးမြန်းရာတွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားလျှက်ရှိသည့် ဘာသာရေးအသွင်ဆောင်သည့် ပဋိပက္ခများကိုဖြေရှင်းရာတွင် အမြန်ဆုံးဖြေရှင်းသင့်ကြောင်း၊ ရွေးကောက်ပွဲများ ၂၀၁၅တွင်ရှိခြင်း မရှိခြင်းကို မစဉ်းစားကြောင်း၊ ထို့အပြင် ဘာသာရေးခေါင်းဆောင်များက နှစ်ဖက်လူ့အဖွဲ့အစည်းများအကြား ယုံကြည်မှုဖြစ်ပေါ်စေရန် အကူအညီပေးသင့်ကြောင်း အကြံပြုပြောကြားခဲ့သည်။ ဖြစ်ပွားနေသော ပဋိပက္ခများသည် မြန်မာနိုင်ငံတွင်း နိုင်ငံရေးမတည်မငြိမ်မှုဖြစ်ပေါ်စေရန် လုပ်ဆောင်နေသည်ဆိုသော စွပ်စွဲချက်များကို အထောက်အထားခိုင်လုံမှုမရှိ၍ မှန်ကန်သည်ဟုမဆိုနိုင်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့သည်။သို့ပေမဲ့ ယင်းပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက ၂၀၁၅ခုနှစ်ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံအပြောင်းအလဲဖြစ်နိုင်ကြောင်း သတိပေးစကားပြောကြားခဲ့သည်။ နိုင်ငံတကာမှ လေ့လာသုံးသပ်သူများကလည်း မြန်မာနိုင်ငံအတွင်း လူမျိုးရေးနှင့် ဘာသာရေးအသွင်ဆောင်သည့် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထိခိုက်လာစေနိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။ Myanmar News Week Journal, အတွဲ(၂)၊ အမှတ်(၉၈)၊ (၅-၉-၂၀၁၃) ကြာသာပတေးနေ့။
Posted on: Fri, 06 Sep 2013 08:56:25 +0000

Trending Topics



Recently Viewed Topics




© 2015