ဘဘ သခင်လှကြိုင်အတွက် - TopicsExpress



          

ဘဘ သခင်လှကြိုင်အတွက် လှူတန်းကန်တော့ရန်ဆိုတဲ့ ရည်ရွက်ချက်ဖြင့် ကောက်ခံရရှိထားတဲ့ အလှူငွေ ဒေါ်လာ ၆၃၀ ကို11/11/13 မှာ အမ ဟယ်လင် ဆီကို လွှဲပေးလိုက်ပါတယ်။ငွေလွှဲဖြတ်ပိုင်းကိုလဲ ပို့ပေးလိုက်ပါတယ်။ ဒီညနေအမဟယ်လင်က ဘဏ် မှာ သွားထုတ်တော့ Money Gram က သူတို့မှာ မသုံးသေးလို့ ထုတ်မရပါဘူးတဲ့ဗျာ။ ငွေလွှဲတဲ့အချိန်က ကျနော် သေချာ မေးပါတယ် မြန်မာနိုင်ငံမှာ ထုတ်လို့ရတာ သေချာလားဆိုတော့ ဘယ်နေရာဖြစ်ဖြစ် ထုတ်လို့ရပါတယ်ဆိုလို့ လွှဲလိုက်တာပါ။ အခုလို တင်လိုက်တဲ့ ရည်ရွယ်က--- (၁) ကျနော်မနေ့က ကြေငြာထားတဲ့အတိုင်း Monday မှာ အလှူငွေအားလုံး လွှဲမယ်၊ ဆိုတဲ့ အတိုင်း ဆောင်ရွက်ကြောင်းသိစေချင်တာရယ်။ (၂) နိုင်ငံတကာမှာ ဘဏ်အချင်းချင်း ချိတ်ဆက် ၀န်ဆောင်မှု ပေးနေချိန်မှာ မြန်မာနိုင်ငံက ဘဏ်တိုင်း ချိတ်ဆက်ထားတာ မဟုတ်ဘူးဆိုတာ သိစေချင်တာပါ။ အကိုတယောက်ရဲ့  ပြောပြချက်အရ ( Tun Foundation Bank) (Myanmar Citizens Bank ) Asian Green Development Bank မှာ ထုတ်ပဲ ထုတ်လို့ရပါတယ်တဲ့ဗျာ။ နိုင်ငံတကာ မှာ ရောက်နေတဲ့ မည့်သည့်အကြောင်း နဲ့ ဖြစ်ဖြစ် လှူချင်သူများ လဲ သိစေချင်ပါတယ်။ ကြုံတုန်း နောက်တခု တင်ပြချင်ပါတယ်။ ကျနော် Google မှာ Mandalay Post code ရှာတာ မတွေ့ပါဘူးခင်ဗျား။ အမ ဟယ်လင်ကတော့ သူသွားတဲ့ ဘဏ်ဝန်ထမ်းတွေက Money Gram ကို သိတောင်မသိပါဘူးတဲ့ဗျာ။ ကျနော်တို့ ပြည်သူတွေအားလုံး မျက်စိတွေ အပိတ်ခံခဲ့ရပြီး ဆက်သွယ်ရေးပါ ခက်ခဲအောင် လုပ်ခဲ့တဲ့အကြောင်းလေးပါ တဆက်ထဲ တင်ပြချင်တာပါခင်ဗျား။
Posted on: Mon, 11 Nov 2013 10:34:26 +0000

Recently Viewed Topics




© 2015