မည်သည့်ဘာသာဝင်မဆို - TopicsExpress



          

မည်သည့်ဘာသာဝင်မဆို လွတ်လပ်စွာ လက်ထပ်ထိမ်းမြားနိုင်သော စင်ကာပူနိုင်ငံ ဇူလိုင်-၂၈၊၂၀၁၃ from M-Media ၀န်ကြီးချုပ်ဟောင်းလီကွမ်ယုဟာ ဘာသာမဲ့တစ်ယောက်ဖြစ်သည့်အတွက် အုပ်ချုပ်ရေးပိုင်းတွင် မည်သည့်ဘာသာကိုမဆို ဘက်လက်ခြင်းမရှိစေတဲ့ အကြောင်းအရင်းခံတစ်ခုဖြစ်သည်ဆိုတာကို “Han Fook Kwang, Zuraidah Ibrahim, Chua Mui Hoong, Lydia Lim, Ignatius Low, Rachel Lin and Robin Chen” တို့ရေးသားတဲ့ “LEE KUAN YEW, HARD TRUTH, TO KEEP SINGAPORE GOING” စာအုပ် “Regarding Race, Language and Religion” ခေါင်းစဉ်အောက် Page 218 တွင်ဖော်ပြထားပါတယ်။ ဒါ့ပြင် Page 219 မှာ သူသည် စင်ကာပူကို အရည်အချင်းရှိသောလူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ လူမှုအဖွဲ့အစည်းတစ်ရပ်သာ ဖြစ်စေချင်ခဲ့ပါသည်ဆိုတာကိုလည်း ဖော်ပြထားပါတယ်။ မလေးတိုင်းပြည်လဲမဟုတ်၊ တရုတ်တိုင်းပြည်လဲမဟုတ်၊ အိန္ဒိယတိုင်းပြည်လဲမဟုတ်၊ လူတိုင်းဟာ မိမိကိုယ်ပိုင်နေရာ၊ သာတူညီမျှမှု၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ကိုးကွယ်ရာများကို လွတ်လပ်စွာပိုင်ဆိုင် နိုင်ကြတဲ့နေရာတစ်ခုဖြစ်တယ်လို့ ပြောဆိုထားပါတယ် ။ ဒါကြောင့် ၁၉၆၅ ခုနှစ် သြဂုတ်လ ၉ ရက် စင်ကာပူနိုင်ငံ လွတ်လပ်ရေးနေ့မှာ National Pledge (အမျိုးသားရေး ကတိက၀တ်) ကို ပြည်သူတွေကို ပေးခဲ့ပါတယ်။ အပြည့်အစုံကတော့ “We, the citizens of Singapore, pledge ourselves as one united people, regardless of race, language or religion, to build a democratic society based on justice and equality so as to achieve happiness, prosperity and progress for our nation.” ဖြစ်ပါတယ်။ “LEE KUAN YEW, HARD TRUTH, TO KEEP SINGAPORE GOING” စာအုပ် Page 233 မှာ မွတ်စလင် လူဦးရေအချိုးအစားမတိုး တက်လာရတဲ့ အကြောင်းကို ပြောပြထားပါတယ်။ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုက စင်ကာပူနိုင်ငံတိုးတက်ရန်အတွက် PMET(Professionals, Managers, Executives and Technicians) ပညာရှင်တွေလိုအပ်တဲ့အတွက် နိုင်ငံခြားသား (အများစုမှာ တရုတ်နဲ့ အိန္ဒိယများ) ကို PR, Citizen များပေးအပ်ခဲ့ပါသည်။ သို့သော် မလေးရှားနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတစ်ခုဖြစ်သည့်အတွက် ၄င်းတိုင်းပြည်မှ ပညာတတ်တွေ ကို မြှောက်စား ချီးမြှင့်ပါ တယ်။ ဒါကြောင့် မလေးရှားနိုင်ငံမှ မလေးလူမျိုးတွေက စင်ကာပူသို့ ရွှေ့ပြောင်းလာခြင်း မရှိသလောက်ရှားပါးပါတယ်။ စင်ကာပူနိုင်ငံသားနှင့် လက်ထပ်သောသူအချို့သာ စင်ကာပူသို့ ပြောင်းရွှေ့လာကြခြင်းသာရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံကတော့ ပထ၀ီအနေအထားအရ မလေးရှားထက် များစွာ ပိုမိုကြီးမားသော်လည်း ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးပါတယ်။ ဒါကြောင့် ပညာရှင်ကောင်းများများ စားစားမရှိပါ။ အရည်အချင်း မပြည့်မီတဲ့သူ များကို စင်ကာပူတွင် မလက်ခံချင်ပါ။ သို့ဖြစ်ပေရာ အစ္စလာမ် ဘာသာကိုးကွယ်သူအများစုဖြစ်သော မလေးလူမျိုးရာခိုင်နှုန်းသည် (၅)ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကိန်းဂဏန်းစစ်တမ်းအရ မွတ်စလင် လူဦးရေရာခိုင်နှုန်းသည် ၁၉၈၀ခုနှစ်မှ ယနေ့တိုင် သိသိသာသာပြောင်းလဲမှု မရှိခဲ့ခြင်းဖြစ်ပါတယ်။
Posted on: Sun, 28 Jul 2013 08:32:28 +0000

Recently Viewed Topics




© 2015