မြန်မာနိုင်ငံ - TopicsExpress



          

မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပမည် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲကို ဦးဆောင်ခဲ့သည့် အဖွဲ့အစည်းများသည် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံရေးဆိုင်ရာကွန်ရက် (National Network for Education Reform) ဖြစ်မြောက်ရေး အဖွဲ့ကို ၂၀၁၃ ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းခဲ့သည်။ နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက် ဖြစ်မြောက်ရေးကို စတင်ခဲ့သည့် အဖွဲ့များမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက်၊ Thinking Classroom Foundation၊ Educationalist Network၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ Generation Wave၊ မြန်မာနိုင်ငံ ပုဂ္ဂလိက ဆရာများအသင်းချုပ်၊ တက္ကသိုလ်ဆရာ၊ ဆရာမများ အစည်းအရုံး၊ ကျောင်းသားသမဂ္ဂ (ဗကသ၊ တကသ၊ ကသဖ)၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး သင်ကျောင်းများ၊ ခရစ်ယာန်အခြေပြု ဓမ္မတက္ကသိုလ်နှင့် ကျောင်းများ၊ တိုင်းရင်းသားပညာရေး အဖွဲ့အစည်းများနှင့် ပညာရှင်များ ပါဝင်ကြသည်။ နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက် ဖြစ်မြောက်ရေးအဖွဲ့သည် ပြည်နယ်နှင့် တိုင်းအသီးသီးရှိ ပညာရေး အဖွဲ့အစည်းများ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဘာသာရေး အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ ပညာရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံညှိနှိုင်း၍ ဒေသဆိုင်ရာပညာရေး ဆွေးနွေးပွဲများကို ပြည်နယ်နှင့် တိုင်းအသီးသီးသို့ ကိုယ်စားလှယ်များ စေလွှတ်၍ ပြုလုပ်ခဲ့ကြပြီး ဖြစ်သည်။ နိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ၏ ရည်ရွယ်ချက်များမှာ အမျိုးသားပညာရေး မူဝါဒတစ်ရပ် ချမှတ်နိုင်ရန်အတွက် ပညာရေးနှင့် သက်ဆိုင်သူများ (ကျောင်းသားများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများ၊ ပညာရှင်များ၊ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ပုဂ္ဂိုလ်များ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် အခြားပညာရေးနှင့် သက်ဆိုင်သူများ၏ အကြံဥာဏ်ကိုရယူရန်- ညီလာခံမှ ထွက်ပေါ်လာသည့် အကြံဥာဏ်များကို အခြေခံ၍ အမျိုးသားပညာရေးမူဝါဒ (မူကြမ်း) ရေးဆွဲပြီး ပြည့်သူ့လွှတ်တော်သို့ တင်သွင်းရန် - အမျိုးသားပညာရေးမူဝါဒကို အကောင်အထည် ဖော်နိုင်ရန်အတွက် ပြည်သူလူထု၏ ဆန္ဒနှင့် ကိုက်ညီသည့် အမျိုးသားပညာရေး ဥပဒေတစ်ရပ် ပေါ်ထွက်လာရန်အတွက် ဖြစ်သည်။ ဇွန်လ ၈၊ ၉ ရက် စနေ၊ တနင်္ဂနွေ ၂၀၁၃ တွင် (ရန်ကုန်မျက်မမြင်ကျောင်း၊ ခဝဲခြံ၊ ဗဟိုလမ်း၌) ၂ ရက်ဆက်တိုက် ကျင်းပမည်ဖြစ်သည်။ ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာသိန်းလွင်၊ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်၊ ဒေါက်တာအရှင်ဓမ္မပီယ၊ သိက္ခတော်ရ ဆရာဦးသိန်းလွင်၊ နိုင်ငွေသိန်း၊ စာရေးဆရာကိုတာတို့ ဟောပြောဆွေးနွေးကြမည်ဟု သတင်းရရှိကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
Posted on: Fri, 07 Jun 2013 09:34:25 +0000

Trending Topics



Recently Viewed Topics




© 2015