မြန်မာ့ယဉ်ကျေးမှုကို - TopicsExpress



          

မြန်မာ့ယဉ်ကျေးမှုကို လူ့အခွင့်အရေးရှုထောင့်ဖြင့်ကြည့်ခြင်း လူ့အခွင့်အရေးချိုးဖေါက်ခံရတယ် ဆိုတဲ့ စကားလုံးကို ယနေ့ခေတ်မှသာ တွင်တွင်ကျယ်ကျယ်ကြားဖူးသော်လည်း ကျနော်တို့ ယဉ်ကျေးမှုအရ လူ့အခွင့်အရေးချိုးဖေါက်ခံနေရတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ မြန်မာ့ယဉ်ကျေးမှုမှာ တရားဝင်သတ်မှတ်ထားခြင်း မဟုတ်ပေမဲ့ လူကြီးများအကြား ရေပန်းစားသော စကားမှာ “ကလေးဆိုတာ နာအောင်ရိုက်မှ ကြီးလာရင် လိမ္မာမှာ” ဆိုတဲ့ သဘောအပြောအဆိုမျိုး မှာ ဓလေ့သဖွယ်ဖြစ်နေပါတယ်။ လူကြီးချင်းစကားပြောကြရာမှာ ကိုယ်မွေးထားတဲ့ ကလေးကို ကြိမ်လုံးကျိုးအောင် တံမြက်စည်းရိုးကျိုးအောင်မရိုက်နိုင်လျှင်ပဲ ကြီးလာရင် လူဆိုးလူမိုက်ဖြစ်တော့မဲ့ ကလေးလို ၀ိုင်းပြီး ပြောကြတာမျိုးလည်းတွေ့ရပါတယ်။ ကျောင်းတွင်လည်း မိဘများက “ဆရာမရေ ကျွန်တော်/ကျွန်မ ကလေးကို နာအောင် ရိုက်ပေးပါနော်” ဆိုပြီး ပြောကြတာမျိုးလည်းတွေ့ရပါတယ်။ အဘယ်ကြောင့်နည်း ???? ခေတ်ကာလအသုံးအနှုံးဖြင့်သုံးရမယ်ဆိုရင်တော့ လူသားချင်းဆိုတဲ့ အမြင် မြန်မာ့ယဉ်ကျေးမှုမှာ ရှိပါသလား??? ၂၁ ရာစုလို နည်းပညာခေတ်ကြီးမှာ တင်းကျပ်လွန်းတဲ့ အစွန်းရောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အုပ်ထိန်းသူများအကြား ၁၀တန်းကလေးငယ်များ တီဗီကြည့်ရှုမှုမရခြင်း, အင်တာနက်အသုံးမပြုရခြင်း, မိုဘိုင်းဖုန်း (Sim Card အပါအ၀င်) အသုံးမပြုရခြင်း အခြေအနေများလည်းရှိပါတယ်။ ဒီတော့ ကလေးငယ်တွေဟာ ၁၀ တန်းပြီးတဲ့ အခါမှာတောင် အသိဥာဏ်အားဖြင့် တိုးတက်သင့်သလောက် မတိုးတက်သင့်တော့ဘူး။ ဒါ ကနေ့အချိန်အထိ ကလေးငယ်တွေ အကြား ဖြစ်ပျက်နေတဲ့ အကြောင်းတွေပါ။ သူတို့လည်း လူသားမဟုတ်ဘူးလား ??? Human aspect ကို အဓိကမထားဘဲ Senior - Junior ကို သာ အဓိကထားတဲ့ ဒီ ရှေးရိုးစွဲအစဉ်အလာဟာ multi culture နဲ့ အတူ တိုးတက်လာမဲ့ လူနေမှုအဆင့်အတန်းကို ဟန့်တားသလို ဖြစ်နေတယ်လို့ထင်တယ်။ Senior – Junior အနေအထားကို လိုတာထက်ပိုပြီး ခွဲတဲ့ ပုံစံဟာလည်း ဘယ်တော့ မှ ထူးချွန်တဲ့လူငယ်တွေ ပေါ်ထွက်လာမှာမဟုတ်သလို အသုံးမကျတဲ့ လူတွေဟာလည်း ပလ္လင်ထက်မှာဆက်ရှိနေမှာအမှန်ပါပဲ။ လူငယ် နှင့် အစွန်းရောက်မြန်မာ့ရိုးရာယဉ်ကျေးမှုအကြောင်းဆက်ရေးမည်။ မှတ်ချက် ။ ။ မည်သူတစ်ဦးတစ်ယောက်နှင့်မှ မသက်ဆိုင်ဘဲ ကျနော့် တစ်ဦးတည်းဧ။် အမြင်ဖြစ်ပါသည်။
Posted on: Sat, 27 Jul 2013 07:56:30 +0000

Trending Topics



Recently Viewed Topics




© 2015