မြန်မာနှင့် အာဆီယံ - TopicsExpress



          

မြန်မာနှင့် အာဆီယံ ငါးနိုင်ငံ ဗီဇာမလိုဘဲ မကြာမီသွားနိုင်မည် ================================== ရွှေနု ================================== ရန်ကုန် ၊ စက်တင်ဘာ ၄ ။ ။ အာ ဆီယံဒေသတွင်း မြန်မာအပါအ ဝင် လာအို၊ ဗီယက်နမ်၊ အင်ဒိုနီး ရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံများသို့ ဗီဇာမလိုဘဲ ၂၀၁၄တွင်သွားနိုင် ရန် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိ ရသည်။ 'အာဆီယံနိုင်ငံတွေရဲ့ Asean Framework Agreement မှာ ဒေသတွင်းနိုင်ငံတွေမှာ လွတ်လပ် စွာခရီးသွားလာနိုင်ဖို့ဆိုတာပါပါ တယ်။ လောလောဆယ်မှာတော့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံငါးခုနဲ့ နှစ်နိုင်ငံသဘောတူညီချက်စာချုပ် တွေလုပ်နေတယ်။ ၂၀၁၄မှာ ဒီစ နစ်ကို မြန်မာနိုင်ငံအပါအဝင်နိုင်ငံ ခြောက်ခုမှာ စတင် နိုင်အောင် ဆောင်ရွက်နေ ပါတယ်'ဟု နိုင်ငံ ခြားရေးဝန်ကြီးဌာန အာဆီယံရေး ရာဒုတိယညွှန်ကြားရေးမှူးဦး အောင်ထူးကပြောသည်။ နိုင်ငံကူးလက်မှတ်သက် သက်ဖြင့်အပြန်အလှန်သွားလာ နိုင်မည့် ဗီဇာကင်းလွတ်ခွင့်တွင် ၁၄ရက်ကြာသွားရောက်နိုင်ပြီး မြန်မာနိုင်ငံတွင် ၂၈ရက်ကြာနေ နိုင်မည်ဖြစ်ကာ နိုင်ငံအချို့တွင် နေထိုင်နိုင်ရန် သတ်မှတ်ထားသည့် ရက်များမတူညီကြကြောင်း သိရ သည်။ Read More=>goo.gl/4gj1DN Yangon Media Group
Posted on: Thu, 05 Sep 2013 05:57:47 +0000

Trending Topics



Recently Viewed Topics




© 2015