မိခင်စိတ်ဖြင့် - TopicsExpress



          

မိခင်စိတ်ဖြင့် သတင်းတင်ဆက်ခဲ့သူ မာရီကိုဗင် မေ့စွမ်းရည်မှ ကူညီပံ့ပိုးသည် ၂၀၀၁ ခုနှစ် သီရိလင်္ကာနိုင်ငံတွင် ဗုံးထိမှန်ပြီး မျက်စိတစ်ဖက်ဆုံးရှုံးခဲ့ပြီး မိခင်စိတ်ဖြင့် သတင်းတင်ဆက်ရင်း အသက်ဆုံးရှုံးခဲ့ရသူ စစ်သတင်းထောက် မာရီကိုဗင် (Marie Colvin)။ စစ်သတင်းထောက်တွေ စွန့်စွန့်စားစားနဲ့ သတင်းယူကြရတယ်ဆိုတာ Five days in War, Bang Bang Club, Triage, Hunting party စတဲ့ ရုပ်ရှင်တွေမှာ ကြည့်ဖူးကြမှာပါ။ ဒါပေမဲ့ အပြင်လောကမှာ အမျိုး သမီး စစ်သတင်းထောက်ဦးရေက အမျိုးသားသတင်းထောက်ဦးရေနဲ့ အတူတူရှိတယ်ဆိုတာ သိစေချင် ပါတယ်။ အမျိုးသမီးစစ်သတင်းထောက် (နိုင်ငံခြားသတင်းထောက်)တွေကို ဘယ်လိုမြင်သလဲဆိုတာက လည်း စိတ်ဝင်းစာရာပါ။ Five Days in War ရုပ်ရှင်ထဲက စစ်သတင်းထာက်အဘိုးကြီးက အမျိုးသမီးစစ် သတင်းထောက် ငယ်ငယ်ချောချောလေးကို “မင်းတို့အတွက်တော့ မီနီစကတ်ဝတ်ထားရုံနဲ့ အေးဆေးပဲ” လို့ ပြောလိုက်တယ်။ မေးစရာက မီနီစကတ်တွေကရော ကျည်ဆန်မှန်ပြီး မသေဆုံးနိုင်ဘူးလား၊ မီနီစ ကတ်တွေမို့ ကျည်ဆန်တွေ၊ ဗုံးဆန်တွေကြားမှာ ပြေးလွှားရသလို မယူရဘူးလား။ ဟိုလွန်ခဲ့တဲ့ အနှစ် ၈၀ လောက်ကလည်း စာရေးဆရာနဲ့ ဂျာနယ်လစ် “မာသာဂဲလ်ဟောလ်”က အမျိုးသမီးဆိုတာ စစ်သ တင်းထောက် မဖြစ်သင့်ဘူးဆိုတဲ့ ပုံစံခွက်ကို ဖောက်ထွက်ခဲ့ပြီး “စစ်သတင်းထောက်ဘ၀”ကို ရွေးချယ် တယ်ဆိုတာ လူသားတစ်ဦးရဲ့ရွေးချယ်မှု “အမျိုးသားမှရွေးရမယ်၊ အမျိုးသမီးမရွေးရဘူးဆိုတာ မမျှတ ဘူး။ လူသားတစ်ဦးရဲ့ရွေးချယ်မှုကို တန်ဖိုးထား လေးစားသင့်ပါတယ်။ ဟုတ်ပြီ၊ ဒီလောက်အန္တရာယ်များ တဲ့နေရာမှာ အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့်သာ မရွေးချယ်သင့်ဘူးဆိုပါစို့။ အမျိုးသမီးတွေ စစ်သတင်းယူတဲ့နေရာမှာ သတင်းတင်ဆက်ပုံက ဘယ်လိုကွာခြားသလဲ။ အဲဒီကွာခြားမှုကပဲ အမျိုးသမီး သတင်းထောက်တွေ ပိုပိုပြီးများလာတာဆိုရင်ကော။ ခန္ဓာကိုယ်အားနည်းတာ ထည့်ပြောစရာ လိုပါသေး လား။ သူမရဲ့ထူးခြားမှုက မိခင်ဆန်တဲ့စိတ်နဲ့ စစ်သတင်းတွေကို ရေးသား တင်ဆက်တာပါ။ အဲဒီစစ်သတင်းထောက် အမျိုးသမီးတွေထဲက “မာရီကိုဗင်”အကြောင်း ပြောချင်တယ်။ “မာရီကိုဗင်”လို့ ပြောရင် ဘယ်ဘက်မျက်လုံးတစ်ဖက်ကို သားရေပြားအုပ်ထားတဲ့ အမျိုးသမီးကြီးကို မြင်ယောင်လိုက်ပါ။ ၂၀၀၁ ခုနှစ်က သီရိလင်္ကာနိုင်ငံမှာ အစိုးရတပ်နဲ့ တမီလ်ကျားသူပုန်တွေ ပဋိပက္ခဖြစ်စဉ်က ဗုံးဆန်ထိမှန် ပြီး မျက်လုံးတစ်ဖက်ဆုံးရှုံးခဲ့တဲ့ ဒဏ်ရာကို သားရေပြားအုပ်ထားတာပါ။ သီရိလင်္ကာအစိုးရမသိအောင် လမ်းပြတစ်ယောက်တည်းခေါ်ကာ မိုင် ၃၀ လောက် လမ်းလျှောက်ခဲ့ကာ အစိုးရတပ်တွေက မြောက်ပိုင်း တမီလ်ဒေသကို ဆေးဝါး၊ အစာရေစာ ဖြတ်တောက်ခဲ့တဲ့သတင်းကို သူမရဲ့မိခင်သတင်းဌာနဖြစ်တဲ့ The Sun Times သတင်းစာကို ပေးပို့ခဲ့တယ်။ သီရိလင်္ကာအစိုးရရဲ့ စစ်ရာဇ၀တ်မှုတွေကိုလည်း သတင်းပို့နိုင် ခဲ့တယ်။ “မာရီ”ရဲ့ မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဖြေခဲ့တဲ့ အင်တာဗျူးမှာ “အခုလိုစိတ် ကြေကွဲရတဲ့မြင်ကွင်းတွေထဲမှာ အဆုံးအရှုံးများတဲ့ အပြစ်မဲ့လူသားတွေ သေဆုံးနေရတဲ့အထဲမှာ သတင်း ယူလှုပ်ရှားနေကြရတဲ့ ဘ၀မှာနေဖို့ ထိုက်တန်လား၊ ငါတို့စစ်မြေပြင်ပေါ်မှာ သတင်းတွေယူလို့ ဘယ် လောက်ထူးခြားတဲ့ အပြောင်းအလဲရလဲဆိုတဲ့ မေးခွန်းကို စစ်သတင်းထောက်တိုင်း ကိုယ့်ကိုယ်ကိုယ် မေးဖူးကြမှာပဲ။ ကျွန်မ မျက်လုံးတစ်ဖက်ဆုံးရှုံးရတုန်းကလည်း ကိုယ့်ကိုယ်ကိုယ် မေးတယ်။ အတိတ် ရော၊ ပစ္စုပ္ပန်ရော၊ အနာဂတ်ရောအတွက် ကျွန်မရဲ့အဖြေက “ဟုတ်ကဲ့ ကျွန်မစစ်သတင်းထောက်ဘ၀ မှာနေဖို့ ထိုက်တန်တယ်ဆိုတာပါ”လို့ ရဲရဲဝံ့ဝံ့ပဲ ဖြေခဲ့တယ်။ မာရီကိုဗင်ကို ၁၉၅၆ ခု၊ ဇန်န၀ါရီလ ၁၂ ရက်မှာ မွေးဖွားခဲ့ပြီး အမေရိကန်လူမျိုးဖြစ်ပါတယ်။ ဗြိတိန်သ တင်းစာ “The Sun Times”မှာ အရှေ့အလယ်ပိုင်းဆိုင်ရာ စစ်သတင်းထောက် (War Correspondent) အဖြစ် အလုပ်လုပ်ပေးခဲ့တယ်။ စစ်မက်သတင်းတွေနောက်လိုက်ရတာ မွေ့လျော်ပြီး “အင်မတန် သတိ္တ ကောင်းတယ်”လို့ အမျိုးသားသတင်းလိုက်ဖော်တွေက မှတ်ချက်ချတယ်။ အီရတ်မှာ ပြေးလွှားပုန်းခိုနေရ တုန်း သူမရဲ့သတင်းရဲဘော်ရဲဖက်တွေကို ဟာသတွေ ပြောနေနိုင်သေးတာကို အမှတ်တရ ပြန်ပြောလေ့ ရှိကြတယ်။ စစ်ကြောင့်ဖြစ်တဲ့ ပဋိပက္ခနယ်မြေတွေမှာ ဒုက္ခမျိုးစုံခံပြီး ကမ္ဘာကြီးဆီကို သတင်းတွေပို့ပေးနေတာနဲ့ပတ် သက်ပြီး သူမရဲ့ရပ်တည်ချက်၊ ယုံကြည်ချက်တွေကို “စစ် ဘယ်သူကြောင့်။ ဘာကြောင့်၊ ဘယ်သူ မှား တယ်၊ မှန်တယ်ဆိုတာထက် စစ်ကြောင့် အပြစ်ကင်းမဲ့တဲ့လူတွေသာ ပိုပြီး ဒုက္ခခံစားရတယ်ဆိုတာ လူ တွေအားလုံးကို သိစေချင်တယ်”ဆိုတဲ့ စကားက ဖော်ပြနေတယ်။ သူမရဲ့ရပ်တည်ချက်က “လူသားချင်း စာနာထောက်ထားရေးကို သတင်းကြည့်တဲ့ ပရိသတ်ရင်ထဲ ထည့်ပေးချင်တာပဲ။ အပြစ်မဲ့ပြည်သူလူထု တွေ စစ်ရဲ့ဒဏ်ကြောင့် ဘယ်လိုခံစားကြုံတွေ့နေရတယ်၊ နေစရာအိမ်တွေနဲ့ သူတို့ကြီးပြင်းရာဒေသကို ဘယ်လိုဒုက္ခတွေနဲ့ စွန့်ခွာထွက်ပြေးရတယ်။ ဘယ်လိုပုံစံတွေနဲ့ အသက်တွေ သေရတယ်ဆိုတာတွေရဲ့ မျက်မြင်သက်သေက ကျွန်မတို့ စစ်သတင်းထောက်တွေပဲ ဖြစ်တယ်။ နိုင်ငံရေးအငြင်းပွားမှုတွေ၊ နိုင်ငံ ရေးသမားတွေရဲ့ မဲဆွယ်မှုတွေအကြောင်း သတင်းရေးဖို့ထက် ဓားစာခံ အပြစ်မဲ့ ပြည်သူတွေအကြောင်း ကမ္ဘာက သိရှိ စာနာအောင်ပဲ ကြိုးစားတယ်”လို့ သူမရဲ့ အင်တာဗျူးအဖြေတွေကို တွေ့ရမယ်။ ၁၉၉၉ခုနှစ် အရှေ့တီမောပဋိပက္ခအတွင်းမှာ အမျိုးသမီး ၁၅၀၀ နဲ့ကလေးတွေ UN ၀င်းထဲမှာလာရောက် ခိုလှုံစဉ်က အင်ဒိုနီးရှားနောက်ခံ လက်နက်ကိုင်အင်အားစုက လာပြီး ၀န်းရံပိတ်ဆို့တယ်။ UN ၀င်းထဲမှာ ရှိနေတဲ့ အခြားဂျာနယ်လစ် ၂၂ ဦးကို ထွက်ခွာခိုင်းပြီး “ကိုဗန်”နဲ့ အဖွဲ့ကတော့ အမျိုးသမီးကလေးတွေနဲ့ နေရစ်တယ်။ လေးရက်ကြာ ပိတ်ဆို့မှုအတွင်း ကမ္ဘာအရပ်ရပ်ကို သတင်းတွေထုတ်လွှင့်ပြီး အမျိုးသမီးနဲ့ ကလေးတွေ ပိတ်မိနေကြောင်း သိစေတယ်။ နောက်ဆုံးမှာတော့ “ကိုဗန့်”နဲ့အဖွဲ့ရဲ့ ကြိုးစားမှုကြောင့် အ မျိုးသမီးနဲ့ကလေးအုပ်စုကို လုံခြုံအန္တရာယ်ကင်းတဲ့နေရာကို ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်။ သူမအကြောင်း ကို သတင်းရဲဘော်ရဲဖက် အမျိုးသားတစ်ဦးက အခုလို ပြန်ပြောတယ်။ ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့စစ်ပွဲ ကာလမှာ အီရတ်မှာ စစ်မဖြစ်ခင် သံရုံးတွေက သူတို့ရဲ့ နိုင်ငံအသီးသီးက သတင်းထောက်တွေကို ပြန် ခိုင်းတယ်။ အားလုံးကလည်း ကင်မရာတွေထုတ်ပိုးပြီး အချင်းချင်း “မင်းရော ပြန်မှာမဟုတ်လား”လို့ မေး နေကြတယ်။ “မင်းပြန်ရင် ငါလည်း ပြန်မယ်”လို့ ဆိုလိုချင်တာပါလို့ အဲဒီလိုမေးနေကြတုန်း မာရီကိုဗင်က ကာနေရီငှက်ကလေးနဲ့ အပြင်ကပြန်လာတယ်။ ပြီးတော့ ပြောသေးတယ်။ “ခြောက်သွေ့သွားမယ့် ဟို တယ်မှာ ငါ့ကို အဖော်လုပ်ဖို့”တဲ့။ သူများတွေက ကင်မရာတွေ ထုပ်ပိုးပြီးပေမယ့် မာရီကတော့ ဘီစကစ် ဘူး၊ရေဘူး၊ စီးကရက်ဘူး စတဲ့ရိက္ခာတွေ စုဆောင်းနေတာ”တဲ့။ သူမကို Fearless Journalist (ကြောက် ရွံ့ခြင်းကင်းတဲ့ ဂျာနယ်လစ်)လို့လည်း တင်စား ခေါ်ဝေါ်ကြတယ်။ သူမဘ၀ရဲ့ ထူးခြားတဲ့ မှတ်တမ်းထဲမှာ ၁၉၈၆ ခုနှစ် လစ်ဗျားက “ကဒါဖီ” ကို ပထမဆုံး အင်တာဗျူးခွင့်ရ ခဲ့တာလည်း ပါတယ်။ မာရီကိုဗင်နဲ့ ပုဂ္ဂလိကဘ၀ကတော့ နှစ်ခါလက်ထပ်ပြီး နှစ်ခါကွာရှင်းခဲ့ရတာပဲ။ သ တင်းထောက် စာရေးဆရာ စတဲ့သူတွေနဲ့ လက်ထပ်ခဲ့ပေမယ့် ကိုယ်ပိုင်ဘ၀ ပျောက်ဆုံးနေတဲ့ အမျိုးသ မီးတစ်ယောက်ကို နားလည်နိုင်ဖို့ ခက်ခဲခဲ့မှာပဲ။ သူမရဲ့အမျိုးသား သတင်းရဲဘော်ရဲဖက်တွေအတွက် အိမ်ပြန်ချိန်မှာ ကြိုနေပေမယ့် ဇနီး၊ သားသမီးတွေ ရှိပေမယ့် “မာရီကိုဗင်” အိမ်ပြန်ချိန်က ခြောက်သွေ့ နေခဲ့မလား တွေးစရာပါ။ မိမိဘ၀ကို ကိုယ်တိုင်ရွေးချယ်ပြီးသား စိတ်ဓာတ်ကြံ့ခိုင်မာကျောတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ ပုဂ္ဂလိကဘ၀မှာ အထီးကျန်မှု ကြေကွဲဝမ်းနည်းရမှုတွေကို သူမရဲ့ရပ်တည်ချက်၊ ယုံ ကြည်ချက်တွေနဲ့ အစားထိုးခဲ့ရမယ်ဆိုတာ သူမရဲ့အလုပ်တွေက သက်သေပြနေတယ်။ စစ်သတင်း ထောက်တစ်ယောက်ရဲ့ဘ၀ဟာ သတင်းလိုက်ရင်းဘ၀အဆုံးသတ်နိုင်တာကိုတော့ စစ်သတင်းထောက် တိုင်း မျှော်လင့်ပြီးသား ဖြစ်မှာပါ။ စစ်မြေပြင်နှစ်ခုအကြား ပြေးလွှားပြီး သတင်းယူရတာ စက္ကန့်နဲ့အမျှ အ သက်ဆုံးရမယ့် အခြေအနေထဲမှာပဲဖြစ်ပါတယ်။ သတင်းရဲဘော်ရဲဖက်တွေအားလုံးက “အကြောက်အရွံ့ ကင်းတဲ့သူ”လို့ ဂုဏ်ပြုခေါ်ဝေါ်ကြတဲ့ မာရီကိုဗင်ဟာ အဆောက်အအုံအောက်မှာ ချွတ်ထားတဲ့ဖိနပ်ကို သွားပြန်အယူ အဆောက်အအုံကို လှမ်းပစ်လိုက်တဲ့ ဗုံးဆံကြောင့် အသက်ဆုံးရှုံးသွားရပါတယ်။ သူမနဲ့ အတူ ပြင်သစ်ဓာတ်ပုံဂျာနယ်လစ်တစ်ဦးပါ အသက်သေဆုံးသွားရတယ်။ “ကိုဗင်”ရဲ့မိခင် ရို့စ်မေရီကတော့ ဆီးရီးယားတပ်များရဲ့ တမင်တိုက်ခိုက်မှုဟု ဆိုပါတယ်။ “မာရီကိုဗင်” ကွယ်လွန်ချိန်မှာ အသက် ၅၆ နှစ်ရှိပါပြီ။ စစ်သတင်းထောက်လောကမှာ အနှစ်သုံးဆယ်နေသွားပြီး လူ သားချင်းစာနာဖို့၊ သတင်းထောက်လောကမှာ ကျား၊ မ မခွဲဖို့ သူ့နည်းသူ့ဟန်နဲ့ ကြိုးစားသွားခဲ့တယ်။ လူ့ အဖွဲ့အစည်းအပေါ် တာဝန်ကျေခဲ့တယ်။ “မာရီကိုဗင်” မကွယ်လွန်ခင်လေးက ပေးပို့ခဲ့တဲ့ သတင်းက အ ပြစ်ကင်းခဲ့တဲ့ ကလေးငယ်လေးတစ်ယောက် ကျည်ဆန်ကြောင့် သေဆုံးခဲ့ရတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဆီးရီးယားစစ်မက်နယ်မြေကို မသွားခင် သူမရဲ့ သတင်းဓာတ်ပုံဆရာကို “ဘာပဲဖြစ်ဖြစ် ကျွန်မသွားမယ်။ ကျွန်မ သတင်းထောက်ပဲ။ ရှင်က ဓာတ်ပုံဆရာ၊ ရှင်ဆန္ဒရှိရင် ဒီမှာပဲ နေခဲ့လို့ရတယ်”လို့ ပြောခဲ့သေး တယ်။ “မာရီကိုဗင်”ဟာ ဆီးရီးယားကနေ ပြန်မယ့်နေ့ ၂၂-၂-၂၀၁၂ မှာပဲ သေဆုံးခဲ့တာပါ။ ငါက You Tube ကမ္ဘာရဲ့ နောက်ဆုံးသတင်းထောက်လို့ သူငယ်ချင်းကို ပြောခဲ့ဖူးတယ်။ မာရီကိုဗင် အန္တရာယ်မျာတဲ့ဘ၀ ကိုရွေးချယ်တာ အကြောက်အရွံ့မရှိတာ တစ်ခုတည်းကြောင့်တော့ ဟုတ်ဟန်မတူပါဘူး။ ကမ္ဘာပေါ်က လူတွေအားလုံးကို မိခင်စိတ်နဲ့ သတင်းတင်ဆက်ခဲ့သူလို့လည်းပဲ ဆိုပါရစေ။
Posted on: Fri, 31 Jan 2014 03:25:25 +0000

Trending Topics



Recently Viewed Topics




© 2015