မီးနှင့်ရေ 27.09.2013 ဖတ်ရန်: - TopicsExpress



          

မီးနှင့်ရေ 27.09.2013 ဖတ်ရန်: ဟေရှာ ၁၆း၁-၅ ရာဇပလ္လင်သည်လည်း ကရုဏာ၌ တည်လိမ့်မည်။ သစ္စာနှင့်ပြည့်စုံ၍ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူသည် ဖြောင့်မတ်စွာ စစ်ကြော၍ တရားမှုကို အလျင်အမြန် ဆုံးဖြတ် တော်မူလျက် ... ။ ဟေရှာ ၁၆း၅ သမ္မာကျမ်းစာ တစ်နှစ်တာ: □ ဟေရှာ ၃-၄ □ ဂလာ ၆ ကိုလိုရာဒိုစပရင်းဒေသအနီး လှပ နက်ရှိုင်းသော လျှိုမြောင်တစ်လျှောက် တောမီး လောင်ကျွမ်းရာ၊ သဘာဝသစ်တောနှင့် လူနေ အိမ်ခြေရာပေါင်းများစွာ ပျက်စီးခဲ့သည်။ နိုင်ငံ တစ်ဝှမ်းမှ လူများစွာက မီးငြိမ်းအောင်မိုးရွာချ ပေးရန်၊ ပျက်စီးမှုများ ရပ်တန့်ပေးရန်၊ မီးသတ် သမားများကို သက်သာခွင့်ပေးရန် ဆုတောင်း သည်။ လူအချို့၏ ဆုတောင်းချက်က စိတ်ဝင်စားစရာပါ။ သူတို့က လျှပ်စီးမိုးကြိုးမပါဘဲ မိုးရွာချပေးရန် ဆုတောင်းသည်။ သို့မဟုတ်လျှင် မီးထက်ဆိုးသောအမှုများ ကြုံရမှာစိုးသည်။ ထိုအချက်က မိမိကို ကယ်တင် ကွယ်ကာသောအရာ (သို့) ပျက်စီး သေကြေစေ သောအရာများကြား စိတ်ဖိစီးမှုဖြင့် ကျွန်ုပ်တို့ အသက်ရှင်နေရခြင်းကို သတိပေးနေသည်။ မီးဖြင့် အစာချက်ပြုတ်စားသောက်နိုင်ပြီး၊ အနွေးဓာတ်ရနိုင်သကဲ့သို့ မီးဘေးလည်းကြုံနိုင်သည်။ ရေကိုခန္ဓာကိုယ်အတွက် လိုအပ် သလို ရေက ကမ္ဘာကြီးအတွက် အေးမြမှုကို ပေးသည်။ သို့သော် ရေနစ်၍ ဒုက္ခတွေ့ နိုင်သည်။ အနည်းနှင့်အများဆိုသလို ရေက အသက်အန္တရာယ်ကို ခြိမ်းခြောက်သည်။ ဝိညာဉ်ရေး၌ ထိုသဘောတရားက သက်ဝင်လျက်ရှိသည်။ တရားသော အမှုကို တရားသဖြင့်စီရင်ခြင်း၊ ကရုဏာစိတ်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကျေးဇူးပြုခြင်း (ဇာ ၇း၉) ဟူသည့် အရည်အသွေးက ဘဝရှင်သန်ရေးအတွက် လိုအပ်ပေရာ၊ လူ့ယဉ်ကျေးမှု အသိုက်အမြုံအတွက်မူ ၎င်းသည် ဆန့်ကျင်ဖက်ဖြစ်နေပုံရသည်။ သီလကြောင် ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့အား “သင်တို့သည် သစ္စာစောင့်ခြင်းတည်းဟူသော ကြီးလေး သည့် တရားကို လှပ်ချန်ထားခြင်းကြောင့် အမင်္ဂလာရှိကြ၏” ဟု သခင်ယေရှုဆုံးမခဲ့သည်။ (မ ၂၃း၂၃)။ ကျွန်ုပ်တို့၌ တရားမျှတခြင်းနှင့် ကရုဏာသဘောက တစ်ဖက်စောင်းနင်း ဖြစ်ကောင်းဖြစ်နေမည်။ သို့သော် ကိုယ်တော်က မျှတစေသည် (ဟေရှာ ၁၆း၅၊ ၄၂း၁-၄) ဘုရားသခင်တောင်းဆိုသည့် တရားမျှတခြင်း၊ ကျွန်ုပ်တို့လိုအပ်သည့် ကရုဏာအတွက် ယေရှု၏အသေခံခြင်းက ဖြည့်ဆည်းပေးသနားခဲ့ပြီ။ — Julie Ackerman Link တစ်ခါတစ်ရံ တရားသဖြင့် စီရင်လိုပြီး၊ တစ်ခါတစ်ရံ ကရုဏာကိုပြလိုရာ သခင့်သဘောတော်ကို မျက်မှောက်ပြုလျက် မျှတမှုသဘောသွန်သင်ပါ။ အခြေအနေကို ပိုင်းခြားနိုင်သော ဥာဏ်ပညာကိုပေးမူပါ။ ဘုရားသခင်၏ တရားသဖြင့် စီရင်မှုနှင့်ကရုဏာတော်တို့ ကားတိုင်ရင်း၌ ဆုံတွေ့ပြီ။ Fire And Rain September 27, 2013 — by Julie Ackerman Link Subscribe on iTunes Play MP3 (Mobile) Our Daily Bread Radio is hosted by Les Lamborn Read: Isaiah 16:1-5 In mercy the throne will be established; and One will sit on it in truth . . . judging and seeking justice and hastening righteousness. —Isaiah 16:5 Bible in a Year: Isaiah 3-4; Galatians 6 When a wildfire raged through the beautiful canyons near Colorado Springs, Colorado, it destroyed the habitat of all kinds of wildlife and hundreds of homes. People across the nation cried out to God, pleading with Him to send rain to douse the flames, put an end to the destruction, and give firefighters relief. Some people’s prayers had an interesting condition attached to them. They asked God to show mercy and send rain without lightning, which they feared would start even more fires. This reminds me of how we live in tension between things that save us and kill us. With fire, we cook our food and keep warm, but in it we can be consumed. With water, we keep our bodies hydrated and our planet cooled, but in it we also can drown. Too much or too little of either is life-threatening. We see the same principle at work spiritually. To thrive, civilizations need the seemingly opposite qualities of mercy and justice (Zech. 7:9). Jesus scolded the Pharisees for being sticklers about the law but neglecting these “weightier matters” (Matt. 23:23). We may lean toward justice or mercy, but Jesus keeps them in perfect balance (Isa. 16:5; 42:1-4). His death satisfies God’s need for justice and our need for mercy. Father, for personal reasons I sometimes lean toward showing mercy, and sometimes I just want justice now. Teach me the balance as I look at Your character and give me the wisdom I need in specific situations. God’s justice and mercy met at the cross. ဖတ်ရန်: ဟေရှာ ၁၆း၁-၅ ၁မြေရှင်ထံသို့ သိုးသငယ်ကို ပေးလိုက်ကြလော့၊၊ သေလမြို့မှ တောတရှောက်လုံး၊ ဇိအုန်သတို့သမီး၏ တောင်သို့ ပေးလိုက်ကြလော့၊၊ ၂မိမိအသက်ကိုစွန့်ပစ်၍ လည်ရသောငှက်ကဲ့သို့၊ မောဘသမီးတို့သည် အာနုန်မြစ်ကူး ရာကမ်းနားမှာ ရှိကြလိမ့်မည်၊၊ ၃အကြံပေးလော့၊၊ တရားသဖြင့် စီရင်လော့၊၊ မွန်တည့်အလင်းထဲ၌ ညည့်ကဲ့သို့ သင်၏အရိပ်ကိုဖြစ်စေလော့၊၊ နှင်ထုတ်သောသူတို့ကို ဝှက်ထားလော့၊၊ ပြေးသောသူတို့ကို မပြနှင့်၊၊ ၄မောဘပြည်မှ နှင်ထုတ်သောသူတို့သည် သင်နှင့်အတူ နေကြစေလော့၊၊ ဖျက်ဆီးသောသူ၏လက်မှ လွတ်စေခြင်းငှါ၊ သူတို့ကို စောင့် မလော့၊၊ သင့်ကိုညှဉ်းဆဲသောသူမရှိ၊၊ ဖျက်ဆီးသောသူပြတ်လေ၏၊၊ နှိမ်နင်းသောသူတို့ကို မြေပေါ်က ပယ်ရှင်းလေပြီ၊၅ရာဇပလ္လင်သည်လည်း၊ ကရုဏာ၌တည်လိမ့်မည်၊၊ သစ္စာနှင့်ပြည့်စုံ၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူသည် ဖြောင့်မတ်စွာစစ်ကြော၍၊ တရားမှုကို အလျင်အမြန်ဆုံးဖြတ်တော်မူလျက်၊ ဒါဝိမင်း၏တဲတော်၌ တရားစီရင်တော် မူလိမ့်မည်၊၊ 1 Send lambs as tribute to the ruler of the land, from Sela, across the desert, to the mount of the Daughter of Zion. 2 Like fluttering birds pushed from the nest,so are the women of Moab at the fords of the Arnon. 3 “Give us counsel, render a decision. Make your shadow like night—at high noon. Hide the fugitives,do not betray the refugees. 4 Let the Moabite fugitives stay with you; be their shelter from the destroyer.” The oppressor will come to an end, and destruction will cease;the aggressor will vanish from the land. 5 In love a throne will be established;in faithfulness a man will sit on it—one from the house of David—one who in judging seeks justice and speeds the cause of righteousness.
Posted on: Fri, 27 Sep 2013 06:26:10 +0000

Trending Topics



Recently Viewed Topics




© 2015