မုန်တိုင်း LEHAR-05B - TopicsExpress



          

မုန်တိုင်း LEHAR-05B ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ရောက်ရှိလာပြီး ပိုမိုအားကောင်းလာမည် By mmweather.ygn, on November 25th, 2013 blog.mmweather/2013/11/25/05b-lehar-in-bay-of-bengal/ နိုဝင်ဘာလ ၂၅ ရက် မြန်မာစံတော်ချိန် ဝ၉း၃ဝ နာရီတွင် ရရှိသည့် JTWC warning-8 တွင် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ရောက်ရှိလာသည့် အပူပိုင်းမုန်တိုင်း LEHAR(05B)သည်အနောက်-အနောက်မြောက်ဘက်(Heading 300 degrees သို့ 18 km/h နှုန်းဖြင့် ရွေ့လျားလျှက်ရှိပြီး မုန်တိုင်းဗဟို၌ လေတိုက်နှုန်း တစ်နာရီ 113 km/h to 137 km/h (70.21 mph to 85.12 mph) အထိရှိကာ လှိုင်းအမြင့် ၁၇ ပေ ရှိကြောင်း၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းလေဆိပ်၏ အနောက်တောင်ဘက် မိုင် ၁၇ဝခန့်၊ အိန္ဒိယနိုင်ငံ ချင်နိုင်း(CHENNAI)မြို့ အရှေ့ဘက် ၇၈၅ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် တည်ရှိနေကြောင်း သိရပါသည်။ WUND Movement: 18 km/h at 300 degrees Wind Speed: 113 km/h Wind Gusts: 137 km/h JTWC 25/00Z (TROPICAL CYCLONE 05B (LEHAR) WARNING NR 008- 060 knots) TROPICAL CYCLONE 05B (LEHAR) WARNING #8 WTIO31 PGTW 250300 250000Z POSIT: NEAR 12.1N 91.9E MOVING 300 DEGREES TRUE AT 10 KNOTS MAXIMUM SIGNIFICANT WAVE HEIGHT: 17 FEET 25/00Z, WINDS 060 KTS, GUSTS TO 075 KTS 25/12Z, WINDS 065 KTS, GUSTS TO 080 KTS 26/00Z, WINDS 075 KTS, GUSTS TO 090 KTS 26/12Z, WINDS 090 KTS, GUSTS TO 110 KTS 27/00Z, WINDS 100 KTS, GUSTS TO 125 KTS 28/00Z, WINDS 095 KTS, GUSTS TO 115 KTS 29/00Z, WINDS 055 KTS, GUSTS TO 070 KTS 30/00Z, WINDS 025 KTS, GUSTS TO 035 KTS မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်မှ ကောက်နှုတ်တင်ပြပါသည် နေ့စဉ်မိုးလေ၀သသတင်း (၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အခြအနေ။ ယနေ့မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ယမန်နေ့ က ကပ္ပလီပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း၊“လီဟာ“(LEHAR)သည်၊ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းသို့ ရောက်ရှိခဲ့ပြီး၊အိန္ဒိယနိုင်ငံ၊ကပ္ပလီကျွန်းစု၊ပို့လ်ဘလဲယားမြို့၏ အနောက်မြောက်ဘက်မိုင်(၃၀)ခန့် ၊ မြန်မာနိုင်ငံ၊ကိုကိုးကျွန်းမြို့ ၏တောင်-အနောက်တောင်ဘက်မိုင်(၁၄၀)ခန့် ၊ ပုသိမ်မြို့ ၏အနောက်တောင်ဘက်မိုင်(၃၂၀)ခန့် အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။ အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့ တွင် တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ ယနေ့ ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့ တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီးတွင်နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး၊ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့ တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။ ရွာရန်ရာနှုန်း(၆၀)ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၄၀)ထိ တိုက်ခတ်နိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် မိုးထစ်ချုန်းရွာမည်။
Posted on: Mon, 25 Nov 2013 04:17:05 +0000

Trending Topics



Recently Viewed Topics




© 2015