ယနေ့ ကျင်းပသည့် - TopicsExpress



          

ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့ ( ၂၆-၆-၂၀၁၃ ) ဗုဒ္ဓဟူးနေ့ အစည်းအဝေး အစီအစဉ်များ ကို အောက်ပါအတိုင်း ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပါသည်။ ၅။ ကြယ်ပွင့်ပြထားသည့် အောက်ပါမေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ်များ က မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြေကြားခြင်း- (က) ဒေါက်တာခင်မောင်ဆွေ၊ ကျောက်တံခါး မဲဆန္ဒနယ်၏ မြို့ချောင်း ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန တစ်ခု ချထားပေးမည့် အစား တိုက်နယ်ဆေးရုံတစ်ရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ (ခ) ဦးစိုးစိုး၊ ထီးချိုင့် မဲဆန္ဒနယ် ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့အတွက် ဗဟိုဆေး သိုလှောင်ရုံဌာန ခွဲများ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ (ဂ) ဦးအင်ဖုန်ဆန်း၊ မချမ်းဘော မဲဆန္ဒနယ်၏ ပြည်သူ့ဆေးရုံနှင့် တိုက်နယ် ဆေးရုံများတွင် လစ်လပ်နေသော မြို့နယ်ဆရာဝန်နှင့် လက်ထောက် ဆရာဝန်များ ခန့်ထားရန်အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့် အချိန်၌ ခန့်အပ်စေလွှတ်ပေးနိုင်မည် နှင့်စပ်လျဉ်းသည့် မေးခွန်း။ (ဃ) ဦးကိုကြီး၊ အောင်မြေသာစံ မဲဆန္ဒနယ်၏ (Normal Trade)မှ တရားဝင် တင်သွင်းခွင့်ပြုထားသော (Cloud Point 8 ) စားအုန်းဆီသည် စားသုံးသူပြည်သူများအတွက် မည်သို့သော ကျန်းမာရေး ဆိုးကျိုးများ ဖြစ်စေသည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း။ (င) ဦးဝင်းမြင့်၊ ပုသိမ် မဲဆန္ဒနယ်၏ လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်မြေ များအတွက် လွတ်လပ်၍ တရားမျှတသော ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ပေးရန် အစီစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း။ (စ) ဦးဖေသန်း၊ မြေပုံမဲဆန္ဒနယ်၏ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ် နိုင်ရေးအတွက် အချိန်ကာလ အကန့်အသတ်တစ်ခု သတ်မှတ် ပြဋ္ဌာန်းပေးရန် အစီစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ (ဆ) ဒေါ်ဒွဲဘူ၊ အင်ဂျန်းယန် မဲဆန္ဒနယ်၏ အစိုးရဝန်ထမ်းများအပါအဝင် ဥပဒေပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများကို ဘာသာရပ် ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ကျွမ်းကျင်မှုဆိုင်ရာများနှင့် ပတ်သက်၍ မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း။ (ဇ) ဦးဝင်းနိုင်၊ ရွှေကူ မဲဆန္ဒနယ်၏ မြို့နယ်ဥပဒေရုံး ဆောက်လုပ်ခွင့် ပြုရန်နှင့် ဥပဒေရုံးဝန်ထမ်းများ အတွက်နေအိမ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါကမည်သည့်အချိန်တွင် ဆောက်လုပ် ပေးမည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့် မေးခွန်း။ (ဈ) ဦးမောင်ညို၊ စစ်တွေ မဲဆန္ဒနယ်၏ စစ်တွေ- မင်းဘူး ရထားလမ်း ဖောက်လုပ်မည့်အစား မောင်တော-မင်းဘူး ရထားလမ်း ဖောက်ရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့် အချိန်တွင် ဖောက်လုပ်ပြီးစီးမည် နှင့်စပ်လျဉ်းသည့် မေးခွန်း။ (ည) ဦးစိုင်းသီဟကျော်၊ မိုင်းရယ် မဲဆန္ဒနယ်၏ နိုင်ငံအနှံ့ လိုင်စင်မဲ့မော်တော်ယာဉ် များ အသုံးပြုမောင်းနှင်မှု၊ နယ်စပ်မှတစ်ဆင့် မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုမှုနှင့် သက်သာသော နှုန်းထားဖြင့် အများပြည်သူ ဝယ်ယူအသုံးပြုနိုင်ရေးတို့ နှင့်စပ်လျဉ်းသည့် မေးခွန်း။ ၆။ ကျန်းမာရေးဝန်ကြီးဌာနက “ မျက်စိလှူဒါန်းခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်း ” ကို တင်သွင်းခြင်း။ ၇။ “မျက်စိလှူဒါန်းခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီ က ဖတ်ကြား ရှင်းလင်းခြင်း။ ၈။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက “မျက်စိလှူဒါန်းခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို လွှတ်တော်က ဆွေးနွေး စဉ်းစားရန် ဖြစ်ကြောင်း နှင့် ဥပဒေကြမ်းကို ဆွေးနွေးမည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်းကြေညာခြင်း။ ၉။ ဦးတင်မောင်ဦး၊ ရွှေပြည်သာ မဲဆန္ဒနယ် က“အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို လက်ခံဆွေးနွေးရန် အဆို တင်သွင်းခြင်းနှင့် ကိုယ်စားလှယ် တစ်ဦးက ထောက်ခံခြင်း။ ၁၀။ “ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို လက်ခံဆွေးနွေးရန် သင့် မသင့် အဆုံးအဖြတ် ရယူခြင်း။ ၁၁။ လက်ခံဆွေးနွေးရန် ဆုံးဖြတ်သော ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီသို့ လွှဲအပ်မည်ဖြစ်ကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း။ ( သို့မဟုတ် ) ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်ပါက ယင်းဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် မရှိကြောင်း ဥက္ကဋ္ဌက ကြေညာခြင်း တို့ဖြစ်ပါသည်။ MWD
Posted on: Wed, 26 Jun 2013 04:57:32 +0000

Trending Topics



Recently Viewed Topics




© 2015