ရာသီဥတုဆိုးဝါးမှု - TopicsExpress



          

ရာသီဥတုဆိုးဝါးမှု မုန်တိုင်းဘေးက လွတ်ကင်းနိုင်ပါစေ Wednesday, September 4, 2013 ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ မိုးလေ၀သ အခြေအနေပါ။ ဆရာ့ကို ကျေးဇူးတင်ပါတယ်။ မြောက်ပိုင်းဒေသကလွဲရင် မိုးတွေရေတွေဆက်ပြီး လျော့ကျလာနေပါတယ်။ Weather News Update 4-9-2013 11:07 am Bangkok Time စက်တင်ဘာလဆန်းကတည်းက အနောက်တောင်မုတ်သုံလေဦးဟာ မြန်မာနိုင်ငံ မြောက်ပိုငးမှာ အခြေချနေခဲ့ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ ဖြစ်တဲ့ ကချင်ပြည်နယ် နဲ့ စစ်ကိုငးတိုငးဒေသကြီးအထက်ပိုငးမှာ မိုးကောင်းနေခဲ့တာ (၃)ရက်လောက်ရှိနေခဲ့ပါပြီ။ အကျိုးဆက်ကတော့ ဧရာဝတီမြစ်ဖျားပိုင်း နဲ့ ချင်းတွင်း မြစ်ဖျားပိုင်းတို့မှာ ရေကြီးနှိုင်မှုအလားအလာတွေ မြင့်တက်လာနေပါတယ်။ မြန်မာနိုင်ငံမြောက်ပိုငးဒေသများကလွဲရင် ကျန်ဒေသတွေအားလုံးမှာတော့ မိုးအားတွေ လျော့ကျလာနေပါတယ်။ ဒါကြောင့်လည်း ရေကြီးမှုအလားအလာတွေလည်း ကျဆင်း လာတဲ့အတွက် (၄-၉-၂၀၁၃)ရက်နေ့ ဂြိုဟ်တုတိုင်းတာချက်များအရ ရေကြီးမှု အလားအလာ မြင့်မားတဲ့နေရာ (၃)နေရာသာရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း(ခန္တီးမြို့နယ်)၊ ရန်ကုန်တိုင်း(မင်္ဂလာဒုံမြို့နယ်) နဲ့ မွန်ပြည်နယ်(သထုံမြို့နယ်) တို့မှာ တစ်နေရာစီတွေ့ထားရပါတယ်။ ထိုင်ဝမ်မှာပြုလုပ်မယ့် ရာသီဥတုအလုပ်ရုံဆွေးနွေးပွဲတက်ဖို့ လိုအပ်တဲ့ ဗီဇာကို လျှောက်ဖို့ ဘန်ကောက်ကိုရောက်နေတဲ့ ကျွန်တော့်အဖို့တော့ သွားရန်(၁)ရက်အလို ထိုင်ဝမ်ရဲ့ ရာသီဥတုအခြေအနေကတော့ မကြာသေးမီကမှ အပူပိုင်းမုန်တိုင်း Toraji ဟာ ဖြတ်သန်းပြီးကာစအနေအထားဖြစ်နေတာတွေ့ရပါတယ်။ ဗီဇာအတွက် (၅)ရက် လောက်ကြိုလာခဲ့ရလို့ အစက စိတ်လက်မကြည်မသာဖြစ်နေခဲ့ရတာ အခုတော့ ဒိလိုကြာတာ ကိုက့ကောင်းသွားသလို ဖြစ်နေတာကိုတွေးမိပြီး သူ့သဘောသူဆောင် နေတဲ့ လောကကြီးကို တရားရမိပါတယ်။ ဒါပေမယ့် Toraji ဟာ ဂျပန်နိုင်ငံကို ဦးတည်သွားနေပြီး ဒီကနေ့မှာဘဲ လေဆင်နှာမောင်းတွေတိုက်နေပါပြီ။ ခက်တာက ဂျပန်နိုင်ငံမှာ နျူကလီယာ ဓါတ်ပေါင်းဖို တွေက Nuclear Radiation တွေ ယိုစိမ့်နေလို့ ပြဿနာတွေ ကြိးထွားနေတဲ့အတွက် အဲဒီဒေသကိုတော့ ရာသီဥတုဆိုးဝါးမှု မုန်တိုင်းဘေးက လွတ်ကင်းနိုင်ပါစေလို့သာ ဆုတောင်းနေမိပါတော့တယ်။ ဒေါက်တာထွန်းလွင် Popular Journal
Posted on: Wed, 04 Sep 2013 08:11:17 +0000

Recently Viewed Topics




© 2015