လက်ရေးတွေကို - TopicsExpress



          

လက်ရေးတွေကို လေ့လာအဓိပ္ပာယ်ကောက်သူတွေကို အင်္ဂလိပ်လို Graphologists လို့ ခေါ်ဝေါ်ပါတယ်။ လက်ရေးဗေဒင်ဆရာပေါ့…။ သင်ဘာကိုရေးတယ်ဆိုတာထက် သင့်လက်ရေးကို ဘယ်လိုရေးတယ်ဆိုတဲ့ ရေးသားပုံက သင့်အကြောင်းကို ပိုပြီး ပြောပြနိုင်တယ်လို့ ယုံကြည်ကြပါတယ် ။ • မင်လုံးတုတ်တုတ်နဲ့ ဖိပြီးရေးတတ်တဲ့ လက်ရေးပိုင်ရှင် ဟာရဲရင့်တက်ကြွသူ ဖြစ်တယ် ။ • ပျမ်းမျှအရွယ် ၊ မကြီးမငယ် လက်ရေးစာလုံးပိုင်ရှင်ကတော့ ကောင်းစွာ ဟန်ချက်ညီသူ ဖြစ်တယ် ။ • လက်ရေးကို ခပ်ပါးပါး ၊ ခပ်ဖော့ဖော့ ရေးတတ်သူတွေကတော့ အာရုံသိလွယ်သူ ၊ နားလည်လွယ်သူတွေ ဖြစ်ကြတယ် လို့ ဆိုပါတယ် ။ အင်္ဂလိပ်စာရေးတဲ့အခါမှာ စာလုံးကြီး (Capital Letter) ကို ခပ်ကြီးကြီးရေးတတ်သူတွေကတော့ ဂုဏ်ယူဝံ့ကြွားတတ်သူတွေ ဖြစ်လိမ့်မယ် ။ ခပ်သေးသေးရေးတတ်သူတွေကတော့ က္ကနြေ္ဒသိက္ခာကြီးသူတွေ ဖြစ်လိမ့်မယ်လို့ ယုံကြည် ကြပါတယ် ။ လက်ရေးကို ခပ်စိတ်စိတ်ရေးတတ်သူတွေကတော့ အပြောင်းအလဲကို သဘောမကျတတ်သူတွေဖြစ်လိမ့်မယ်လို့ယူဆပါတယ်..။ လက်ရေးကိုဖတ်လို့လွယ်အောင်ရှင်းရှင်းလင်းလင်းရေးတတ်သူတွေကတော့ ဆက်သွယ်မှုစွမ်းရည် မြင့်မားသူတွေ ဖြစ်တယ်ဆိုတာ ညွှန်ပြနေပါသတဲ့…။ ကဲ……….. အပျော်သဘောနဲ့ သင့်ရဲ့လက်ရေးကို စိစစ်လေ့လာကြည့်ပါ….. ဘယ်လိုတွေ့ရပါသလဲ?????
Posted on: Tue, 02 Jul 2013 06:19:29 +0000

Trending Topics



Premierdátumot kapott az Alice Csodaországban 2 és A dzsungel
Canon EF 24-105mm f/4 L IS USM Lens for Rebel T3i Year-End Deals

Recently Viewed Topics




© 2015