လေဆိပ်နှင့် ဟိုတယ် - TopicsExpress



          

လေဆိပ်နှင့် ဟိုတယ် လွန်းပျံဘတ်စ် ပြေးမည် 15 July 2013 | By The Voice Journal လေဆိပ်နှင့် ဟိုတယ် လွန်းပျံဘတ်စ် ပြေးမည်ဂျပန်နိုင်ငံ အခြေစိုက် ခရီးသွား လုပ်ငန်း ဝန်ဆောင်မှု ကုမ္ပဏီ JTB နှင့် နိုင်ငံသားပိုင် ခရီးသွား ကုမ္ပဏီ တစ်ခုဖြစ်သော MYANMAR POLESTAR တို့ အကျိုးတူ ပူးပေါင်း၍ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ရန်ကုန်မြို့တွင်း ဟိုတယ်များသို့ လွန်းပျံ ဘတ်စ်ကား ဝန်ဆောင်မှုကို ဇူလိုင် ၁၈ရက်မှ စတင် ဝန်ဆောင် မည်ဖြစ်ကြောင်း MYANMAR POLESTAR မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်မင်းထင် က ပြောကြားသည်။ ခရီးသွားလုပ်ငန်း၏ လိုအပ်သော အခြေခံ အဆောက်အဦကို ဖြည့်စွမ်းရန် ခရီးသည် ၂၈ ဦး စီးနင်း နိုင်သော Toyota Costa ဘတ်စ် ခြောက်စီးဖြင့် စတင် လုပ်ဆောင်မည်ဖြစ်ပြီး ခရီးသွား ကုမ္ပဏီများမှ ချိတ်ဆက် လာသော ပြည်ပ ခရီးသွား ဧည့်သည်များ အခက်အခဲ မရှိဘဲ အချိန်မီ သွားလာနိုင်စေရန် ကြိုပို့ လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “ဂျပန်ကုမ္ပဏီရဲ့ အမှတ်တံဆိပ်က နိုင်ငံတကာမှာ သိပြီးသားပဲ၊ လွန်းပျံ ဘတ်စ်က လေဆိပ်မှာ ပြေးနေတဲ့ တက္ကစီတွေထက် ဈေးကြီးရင် ကြီးမယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှု ကြိုက်တယ်ဆိုရင် စီးကြမှာပဲ” ဟု ၎င်းက ဆိုသည်။ Sedona,Chatrium,ParkRoyal, Treaders ဟိုတယ်များနှင့် ချိတ်ဆက် ထားပြီး အချိန်မှန် ပြေးဆွဲသွားမည်ဖြစ်ကြောင်း လမ်းခရီးတွင် မြန်မာနိုင်ငံ ခရီးစဉ်အတွက် သတင်း အချက်အလက်များ ပေးမည်ဖြစ်ရာ တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁၀ ဒေါ်လာ ကျသင့်မည် ဖြစ်ကြောင်း ဦးကျော်မင်းထင် ၏ အဆိုအရ သိရသည်။ ခရီးသွား လုပ်ငန်း အပါအဝင် ခရီးသွား လုပ်ငန်းနှင့် ဆက်စပ် ပတ်သက်သော လုပ်ငန်းများကို JTB ကုမ္ပဏီသည် ၁၈၉၃ ခုနှစ်မှ စတင် လုပ်ဆောင် ခဲ့ပြီး မြောက်အမေရိက၊ ဥရောပ၊ အာရှ-ပစိဖိတ်၊ တရုတ်၊ တောင် ကိုရီးယားနှင့် အိန္ဒိယနိုင်ငံ စသည်တို့တွင် ရုံးခွဲများ ထားရှိကာ ခရီးသွား လုပ်ငန်းများ လုပ်ကိုင်လျက် ရှိသည့်အပြင် လက်ရှိ မြန်မာနိုင်ငံမှ MYANMAR POLESTAR ခရီးသွား ကုမ္ပဏီ အပါအဝင် နိုင်ငံတကာ ကုမ္ပဏီ ၁၇၇ ခုနှင့် ချိတ်ဆက် လုပ်ကိုင်လျက်ရှိသည်။
Posted on: Tue, 16 Jul 2013 00:41:34 +0000

Trending Topics



Recently Viewed Topics




© 2015