လိုင်စင်ပေးပြီး - TopicsExpress



          

လိုင်စင်ပေးပြီး ပုဂ္ဂလိက အာမခံ ကုမ္ပဏီ များကို တစ်လတစ်ကြိမ် စစ်ဆေးမှုများ ပြုလုပ်ရန်နှင့် လိုင်စင် ထပ်မံပေးရန် ကုမ္ပဏီ သုံးခုရှိ မြန်မာ့ အာမခံ လုပ်ငန်းမှ ချမှတ် ပေးထားသော လိုင်စင်ရ ပုဂ္ဂလိက အာမခံ ကုမ္ပဏီများကို တစ်လတစ်ကြိမ် စစ်ဆေးမှုများ ပြုလုပ် သွားရန်နှင့် ယခုနှစ် အောက်တိုဘာလတွင် ကျန်ရှိသော ကုမ္ပဏီ သုံးခုကို အာမခံလိုင်စင် ထပ်မံ ပေးအပ်ရန် ရှိကြောင်း မြန်မာ့ အာမခံလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။ လက်ရှိ မြန်မာ့ အာမခံ လုပ်ငန်းမှ လိုင်စင် ချထားပေးသည့် ကုမ္ပဏီ ကိုးခုရှိခဲ့ပြီး ယင်းပုဂ္ဂလိက အာမခံ ကုမ္ပဏီများမှ အသက်အာမခံ လုပ်ငန်း လုပ်ကိုင်လိုပါက မတည်ငွေကျပ် သန်းခြောက်ထောင်၊ အသက် အာမခံနှင့် အထွေထွေ အာမခံ နှစ်မျိုးအတွက် ငွေကျပ်သန်း ၄၆ဝဝဝ ထည့်ဝင် ထားရမည် ဖြစ်ကြောင်း သိရသည်။ လိုင်စင် ရရှိပြီး ဖြစ်သော IKBZ, Grand Guardian Public Insurance, First National Insurance Public,ဧရာမြန်မာ အာမခံ Golden World Insurance, Aung Myint Mo Minn, Capital Life Insur- ance, Aung Thitsar Oo နှင့် နိုင်ငံသား စီးပွားရေး အများပိုင် ကုမ္ပဏီတို့ကို မြန်မာ့ အာမခံ လုပ်ငန်းမှ ချမှတ်ထားသော မူဝါဒနှင့် လွဲချော်မှု မရှိစေရန် လစဉ်ပုံမှန် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။မြန်မာ့ အာမခံ လုပ်ငန်းမှ မေ ၂၅ ရက်က ပုဂ္ဂလိက အာမခံ ကုမ္ပဏီ ငါးခုကို လုပ်ငန်းလိုင်စင် ချမှတ်ပေးပြီး ဇွန် ၁၅ ရက်တွင် ပုဂ္ဂလိက အာမခံကုမ္ပဏီ လေးခုကို ထပ်မံ၍ လိုင်စင်ချ ပေးခဲ့ကြောင်း သိရသည်။ Credit To:မြ၀တီ ZinYawNews
Posted on: Thu, 18 Jul 2013 03:35:54 +0000

Trending Topics



Recently Viewed Topics




© 2015