လူသား ဦးနှောက်ပေါ် - TopicsExpress



          

လူသား ဦးနှောက်ပေါ် အခြေခံသည့် ကွန်ပျူတာ စနစ်တစ်ခုကို IBM ဖန်တီးနေ ================================= Tuesday, August 13, 2013 သက်ရှိလူသားတို့၏ ဦးနှောက်ပေါ် အခြေခံထားသော ကွန်ပျူတာစနစ် သစ်တစ်ခုကို IBM မှ သိပ္ပံပညာရှင်များက ဖန်တီးမိတ်ဆက်ခဲ့ပြီး အဆိုပါ စနစ်သစ်သည် မျိုးဆက်သစ် application များကို ဦးနှောက် ၏ စွမ်းဆောင်ရည်ပေါ် မူတည်၍ လုပ်ငန်းများ ဆောင်ရွက်နိုင်စေ မည် ဖြစ်ကြောင်းသိရသည်။ ၎င်းဆော့ဖ်ဝဲ စနစ်သစ်သည် ဦးနှောက်၏ အရွယ်အစား၊ အခြေခံ လုပ်ဆောင်ချက်နှင့် စွမ်းအင်အသုံးချမှု တို့ကို တိုက်ရိုက်ရယူ အသုံးပြုထားသော ဆီလီကွန်ချစ်ပ်များကို ညွှန်ကြား ခိုင်းစေနိုင်မည် ဖြစ်သည်။ ကုမ္ပဏီ အနေဖြင့် မျိုးဆက်သစ် application များတွင် အဆိုပါ စနစ်ကို အသုံးပြုပြီး ဦးနှောက်၏ ထိုးထွင်းဉာဏ်၊ သိမြင်ဉာဏ်နှင့် လုပ်ငန်းများကို ထိရောက်စွာ အသုံးချနိုင်ရန် မျှော်လင့် ထားသည်။ ထို့ပြင် neurosynaptic ချစ်ပ်များ အတွက် Fortran ကိုလည်း ဖန်တီးလုပ်ဆောင်နေကြောင်း IBM ၏ သိပ္ပံသုတေသီ အဖွဲ့ခေါင်းဆောင်နှင့် အကြီးတန်း မန်နေဂျာဖြစ်သူ Dharmendar Modha က ပြောကြား ခဲ့သည်။ Neurosynaptic core များကို ကွန်ရက်တစ်ခု အဖြစ် ပေါင်းစပ်ဖွဲ့စည်း ပေးမည့် software simulator တစ်မျိုးကိုလည်း IBM မှ ဖန်တီးလျက် ရှိကြောင်းသိရသည်။ IBM ကုမ္ပဏီက အနာဂတ်တွင် အာရုံကြောဆဲလ် ၁၀ ဘီလီယံနှင့် အာရုံကြောမြွာဆုံ ထရီလီယံ ရာပေါင်းများစွာ ပါဝင်သည့် ကွန်ပျူတာ ချစ်ပ်စနစ်တစ်ခုကို ဖန်တီးတည်ဆောက်ရန် ရည်ရွယ်ထားသည်။ ၎င်းချစ်ပ်စနစ်သစ်ကို အသုံးပြုလာနိုင်ပါက နောင်တွင် လျှပ်စစ်ပမာဏ ကီလိုဝပ်များစွာ မလိုအပ်တော့ဘဲ ဦးနှောက် လုပ်ဆောင်ချက်များဖြင့်သာ ကွန်ပျူတာကို အသုံးပြုလာနိုင်မည် ဖြစ်သည်။ -ဟေမာ Ref: CNET
Posted on: Tue, 13 Aug 2013 05:28:23 +0000

Trending Topics



Recently Viewed Topics




© 2015