သံတော်မြတ် တပါးအမြင် - TopicsExpress



          

သံတော်မြတ် တပါးအမြင်  မျိုးစောင့်ဥပဒေကို မထောက်ခံရင် ဗုဒ္ဓဘာသာ မဟုတ်ဘူးဆိုတဲ့ အရေးအသားတွေ တွေ့နေရ တယ်။ ဒီအရေးအသားအရဆိုရင် မျိုးစောင့်ဆိုတာ ထက်....ဘာသာစောင့်ဆိုရင် ပိုမှန်မယ်။ ဗုဒ္ဓဘာသာဟာ မြန်မာတွေ ပိုင်တယ်လို့...Copy right လုပ်ထားလို့ရတဲ့ အရာမဟုတ်ဘူး။ လေ့လာပြီး လက်ခံတဲ့သူတိုင်း..ကမ္ဘာပေါ်မှာ ရှိသမျှ လူမျိုးပေါင်းစုံနဲ့ ဆိုင်တယ်။ သတ္တ၀ါ အားလုံးနဲ့ဆိုင် တယ်။ လူမျိုးနဲ့ ဘာသာကို ခွဲခြားပြောကြပါ။ မြန်မာလူမျိုးတိုင်းလဲ ဗုဒ္ဓဘာသာ မဟုတ်သလို ဗုဒ္ဓဘာသာ တိုင်းလဲ မြန်မာ မဟုတ်ဘူး။ အင်္ဂလိပ်ရဲ့ သွေးခွဲအုပ်ချုပ်တဲ့ အမွေကို ကောင်းကောင်းဆက်ခံပြီး လိုက်နာကျင့်သုံးတဲ့ စစ်ရာဇ၀တ်ကောင် တွေရဲ့....သွေးခွဲအုပ်ချုပ်မှု အောက်မှာ ပြားပြားမှောက်ရအုံးတော့မယ်။ KNU ကနေ ခွဲထွက်လာလိုက်တာ...KNU/DKBA တဲ့...ကိုးကွယ်မှု ဘာသာလေး ကွဲတာနဲ့ ကရင်အချင်းချင်း သတ်ကြရတယ်၊ တိုက်ကြရတယ်.... အခုလဲ....လစ်ဘရယ် နဲ့ အမျိုးသားရေး ၀ါဒီ လာဦးမယ်။ ဘုန်းကြီးတိုင်းတော့ ဟောကြတာပဲ...အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာတဲ့...အကြောင်းဖြစ်တဲ့ အ၀ိဇ္ဇာကို သတ်နိုင်မှ အကျိုးဖြစ်တဲ့..သင်္ခါရသေမယ်လို့... အခု ဖြစ်တဲ့ ပြဿနာတွေမှာ လဲ အကြောင်းကို ဘာကြောင့် မရှာကြတာလဲ...အကြောင်းကို မသတ်နိုင်ရင်တော့ အကျိုးတွေ မသေ သေးဘူး။ မိတ္ထီလာမှာ ဖြစ်တဲ့ကိစ္စ.. ရွှေရောင်းတဲ့ မြန်မာတွေက...၉၆၉ ဆရာတော်တွေ ဒီလောက် ဟောနေတဲ့ကြားက ဘာဖြစ်လို့...မွတ်ဆလင်ဆိုင်ကိုမှ သွားရောင်းရတာလဲ။ ရောင်းပြီ ရောင်းတော့ ပြဿနာဖြစ်ပီ...တရားဥပဒေက ဘယ်မှာလဲ။ တရားဥပဒေ အရ ဖြေရှင်းရမှာ မဟုတ်ဘူးလား။ အမျိုးထိတာ ဒီအတိုင်းကြည့်နေရမလား....ဒီအတိုင်း ကြည့်မနေရပါဘူး...ဗုဒ္ဓဘာသာ နှလုံးသားနဲ့ လူတွေ ဆိုရင် ပြဿနာကို ၀င်ပြီး ဖြန်ဖြေရမယ်။ ထိန်းရမယ်၊ သိမ်းရမယ် မဖြင့်သင့်မဖြစ်အောင်။ တရား ဥပဒေစိုးမိုးရေးအတွက် တာဝန်ထမ်းနေတဲ့ ပြည့်သူ့ရဲရှိတယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေရှိတယ်။ အခုတော့ သူမဟုတ်တာလုပ်တာကို ကိုယ်ကပါ သူ့ထက်ပိုပြီး မဟုတ်တာလုပ်တယ်.... အဲဒီ အကျိုးဆက်က ဘုန်းကြီးတစ်ပါး အသတ်ခံရတယ်.... ဘာဖြစ်လို့ မဆိုင်တဲ့ ဘုန်းကြီးကို သတ်ရလဲလို့ စောဒက မတက်ပါနဲ့...ကိုယ်ကလဲ မဆိုင်တဲ့ ဆိုင်တွေဖျက်တာ ရိုက်တာနှက်တာတွေ...အားလုံးရဲ့ အကျိုးဆက်က ရပ်ကွက်တွေ မီးရှိုတဲ့ အထိ ဖြစ်ကုန်တယ်။ အဲဒီမှာ တိုင်းပြည် အထိနာတော့တာပဲ။ ဘာသာတရားပါ အထိနာတယ်...လက်ရဲ၊ ဇက်ရဲ ပစ်ရဲ ခတ်ရဲ....သေနတ်ကိုင်ထားတဲ့သူတွေကလဲ...မတ်တတ်။ အဲတော့ ...ဘုန်းကြီးတွေ ဒုတ်တကားကားနဲ့ ဗွီဒီယိုဖိုင်တွေက...အင်တာနက်ပေါ်မှာ ဖွာလန်ကြဲလို့.... ဟုတ်ကဲ့...ဒီကနေ့ တိုင်းမဂ္ဂဇင်းက TERROR လို့ရေးတော့ ရင်ထဲမှာ မကောင်းတာတော့ ကိုယ်တိုင် အသိဆုံးပဲ.... ဗွီဒီယို ဖိုင်တွေ တွေ့ရပြန်တော့...ဒီဗွီယိုဖိုင်တွေနဲ့ ပတ်သက်ပြီး ဘာပြောရမှန်း မသိအောင် စွံ့အသွား ပြန်တယ်။ သူမှားလို့ ကိုယ်မှားတယ်၊ ကိုယ်မှားလို့ သူမှားတယ်။ သူလုပ်လို့ ကိုလုပ်တယ်၊ ကိုယ်လုပ်လို့ သူလုပ်တယ်။ သူသတ်လို့ကိုယ်သတ်တယ်။ ကိုယ်သတ်လို့ သူသတ်တယ်။ တကယ့်အိုနာသေဆိုတဲ့ သံသရာကို ခဏထားဦး....ဒီသံသရာက လွတ်အောင် အရင် ကြိုးစားရဦးမယ်။ ဒီသံသရာက အခြေခံပဲ...အခြေခံဖြစ်တဲ့ ဒီသံသရာကရုံးမထွက်နိုင်သေးရင်တော့ အိုနာသေဆိုတဲ့...သံသရာဆိုတာ အဝေးကြီး။ ဓမ္မဆိုတာ...အရှိတရား အဲဒီ အရှိတရားကို ဗုဒ္ဓက ရှာတွေ့ခဲ့တာ အဲဒီ အရှိတရား ဓမ္မက လွတ်လပ်စွာ ရပ်တည်နေတဲ့...အတုမရှိတဲ့အရာ...အဲဒီဓမ္မက ဘက်မလိုက်ပဲ၊ ဘာသာ တရားခွဲခြားမှု မရှိပဲ၊ လူမျိုးခွဲခြားမှု မရှိပဲ။ အဖြူးအမဲ ခွဲခြားမှု မပြုပဲ။ အထီး အမ ခွဲခြားမှု မပြုပဲ တရားစီရင်တယ်။ Ugga Pandita | Myanmar Muslim Media
Posted on: Sun, 30 Jun 2013 06:35:19 +0000

Trending Topics



Recently Viewed Topics




© 2015