သံဃာတော် - TopicsExpress



          

သံဃာတော် အရှင်သူမြတ်တို့ဘုရား... _/\_ _/\_ _/\_ ဓမ္မာစရိယ စာသင်သားများအတွက် ကျမ်းစာအုပ်ဖြစ်သော ပုခန်းကြီးမြို့ နေရင်းရွာမဏိရတနာတိုက် အရိယာလင်္ကာရ နေရင်းဆရာတော်ဘုရားကြီး ရေးသာတော်မူခဲ့သော သုတ္တန္တပိဋက - ဣ စ္ဆာသရ သုတ်သီလက္ခန် အဋ္ဌကထာ နိဿယ (ဒုတိယတွဲ) စာအုပ်ကို အောက်ဖေါ်ပြပါ ဓမ္မဒေါင်းလုပ် website တွင် ထပ်မံတင်ပြထားပါကြောင်း သတင်းကောင်းပါး လျှောက်ထားအပ်ပါသည် ဘုရား.... dhammadownload/eBookInMyanmar-for-Dhammarcariya-Students.htm dhammadownload/File-Library/for-Dhammarcariya-Students/NayYinSayadawPhyaYarGyi-ThoatThilatkhan-AhHtaKaHtarNisara.pdf အရှင်ဘုရားတို့ အသုံးပြုလိုသော dhammadownload website တွင် မရှိသေးသော တခြားသော စာအုပ်များရှိပါက တပည့်တော်တို့ ၏ ဓမ္မဒေါင်းလုပ်မိသားစုကို ကူညီသောအားဖြင့် ၁) စာအုပ် ခေါင်းစဉ်၊ ၂) စာအုပ် ရေးသားသူ ၃) website တွင် တင်ပြနိုင်သည့် Session စသည်တို့ကို ဖေါ်ပြ၍ dhammadownload.admin@gmail သို့ email ဖြင့် တောင်းဆိုနိုင်ပါကြောင်း လျှောက်ထားအပ်ပါသည် အရှင်သူမြတ်တို့ ဘုရား… ဗုဒ္ဓသာသနာတော်ကြီး၏ ပဋိယတ္တိ ပညာသင်ကြားရေးနည်းစနစ်ကို မိမိတို့ တတ်ကျွမ်းသမျှသော ခောတ်မှီနည်းစနစ်များဖြင့် ဝိုင်းဝန်း ထုံမွှန်းရင်းဖြင့် သာာသနာတော်ကြီး၏ အသိတရားများ လူသားတိုင်း၏ ရင်တွင်းသို့ စီးဝင်ပြန့်နှံ့ပါစေကြောင်း.. ဆုမွန်ကောင်း တောင်းလိုက်ပါသည်.. _/\_ _/\_ _/\_ (မှတ်ချက် ) ဓမ္မဒေါင်းလုပ် မိသားစု၏ Facebook Groupကို Member အဖြစ် ဝင်ရောက် Join ရန် လဲ ဖိတ်ခေါ်ပါသည်။ https://facebook/groups/dhammadownload/ ဓမ္မဒေါင်းလုပ် မိသားစု၏ ဖေ့ဘွတ် စာမျက်နှာကို Like လုပ်ရန်လဲ ဖိတ်ခေါ်ပါသည်။ https://facebook/dhammadownload.news ဓမ္မဒေါင်းလုပ် မိသားစု၏ Youtube Channel ကို Subscribe လုပ်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။ Please click here to subscribe our Dhammadownloadlive YouTube Channel youtube/subscription_center?add_user=dhammadownloadlive ~~~~~~~~~~ ဓမ္မဒေါင်းလုပ် မိသားစု about us ~~~~~~~~~~ ဖွဲ့စည်းတည်ထောင်သည့်ခုနှစ် ~~~~~~~~~~ သေသေချာချာ စတင်သည့်ကာလ မရှိပါ.. ၁၉၉၇ ခန့်မှ စတင်၍ ဓမ္မ ကတ်ဆက်ခွေများကို စတင်ဖြန့်ချီခဲ့ပြီး ၁၉၉၉ ခန့်လောက်မှ ကတ်ဆက် တရားခွေများကို စီဒီ စနစ်သို့ကူးပြောင်း ဖြန့်ဝေခဲ့ပါသည်။ ၂၀၀၀ ခန့်တွင် တရာခွေများကို MP3 သို့ ပြောင်းလဲ၍ ဖြန့်ချီခဲ့ပြီး ၂၀၀၁ ခုနှစ်လောက်တွင် dhammadownload.org ကိုစမ်းသပ် တည်ထောင်ကာ 26 August 2002 တွင် dhammadownload domain name နှင့် သတ်သတ် မှတ်မှတ် website တခု ထူထောင်ခဲ့ပါသည်။ ဖွဲ့စည်းပုံကို ရာထူးများနှင့် မသတ်မှတ်ဘဲ မိသားစု နည်းစနစ်ဖြင့် လုပ်ဆောင်ရန် သတ်မှတ်ခဲ့ပါသည်။ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက် ~~~~~~~~~~~ ဗုဒ္ဓသာသနာတော် ကျယ်ပြန့်ထွန်းကား ရေးတခုကို အဓိကထား လုပ်ဆောင်သော မိသားစု အဖွဲ့ ကလေး ဖြစ်ပါသည်။ ဆောင်ရွက်မှုများ ~~~~~~ ၁) ဗုဒ္ဓသာသနာတော်ကြီးကို လူနေမှု စနစ်များ၊ Technology များ ပြောင်းလဲလာမှုနှင့် လိုက်လျှောညီထွေ ဖြစ်အောင်၊ လူတွေရဲ့ just a one finger click away မှာ တရားတော်တွေကို နာနိုင်အောင်၊ dhammadownload website ကို ထူထောင်ထားရှိခြင်း ၂) website ထူထောင်ရာတွင် audience behavior ကို analysis လုပ်သောအခါ သံဃာတော်များသည် တရားနာခြင်းထက် စာဖတ်မှုကိုသာ အားသန် ကြကြောင်း တွေ့ရှိရသည်။ ထို့အတွက်ကြောင့် နိုင်ငံရပ်ခြား တွင် ရှိနေကြသော စာသင်သား သံဃာတော်များ thesis လုပ်နိုင်ရန်၊ စာသင်သားမဟုတ်သော သံဃာတော်များ လဲ အလွယ်တကူ ရှာဖွေလေ့လာနိုင်ရန် သံဃာတော်များ လက်စွဲစာအုပ်များကို ရှာဖွေ၍ Digital eBook များ အဖြစ် scan ဖတ်ပြီး dhammadownload website ပေါ်သို့ တင်ပြပေးခြင်း ၃) အခါအားလျှော်စွာ တရားပွဲများ ကျင်းပပေးခြင်း ၄) စင်္ကာပူရှိ ဘာသာရေးအဖွဲ့အစည်းများသည် ငွေကုန်ကြေးကျခံ၍ တရားပွဲများ၊ တရားစခန်းပွဲများကို အားတက်သရော လုပ်ဆောင်နေကြသော်လည်း တရားပွဲသတင်းကို လူတွေလက်ထဲေ၇ာက်အောင် ပို့ဆောင်ပေးနိုင်မှု အင်အားနဲနေသည့်အတွက် တရားနာလိုသော်လဲ မသိလိုက်လို့ လာရောက် မနာယူလိုက်ရခြင်းမဖြစ်အောင်၊ အဖွဲ့အစည်း အသီးသီးက ပြန့်ကြဲနေသည့် သတင်းများကို တနေရာထဲမှာ တစု တစည်းထဲ ဖြစ်သွားအောင်၊ တရားပွဲ သတင်းများကို dhammadownload website တွင် ကြော်ငြာပေးခြင်း၊ ၄) သာသနာသာတော်ကြီး တည်တန့်ရေးသည် ဗုဒ္ဒဘာသာဝင်များ၏ ဘာသာတရားကို နားလည်သဘောပေါက်မှု အတိမ်အနက်ပေါ်တွင် မူတည်နေသည့်အလျှောက် သဒ္ဒါတရားကို အခြေပြုသည့် ဗုဒ္ဓဘာသာဝင်များမှသည် ပညာကို အခြေပြုသည့် ဗုဒ္ဓဘာသာဝင်များဖြစ်လာအောင်၊ ခက်ခဲနက်နဲသည့် အဘိဓမ္မာသင်တန်းများကို အဓိကထား၍ ဖွင့်လှစ်ပေးခြင်း ၅) သာသနာတော်၏ အသက်သည် ပရိယတ္တိ သာသနာတော် တည်တန့် ထွန်းကားမှုတွင် ရှိပါသည်။ ယ္ခုခေတ်တွင် သံဃာတော်များသည် နိုင်ငံရေး လုပ်ဆောင်မှု၊ လှုမှုရေး Project များ လုပ်ဆောင်မှုများ များပြားလာပါသည်။ သဒ္ဒါတရားကောင်းသည့် ဗုဒ္ဒဘာသာဝင်များကလည်း ဝိပဿနာ တရားဟောသည့် ဓမ္မကထိက ဆရာတော်များ၊ လူမှုရေး Project လုပ်သည့် ဆရာတော်များကိုသာ အလှုငွေ အလုံးအရင်းနှင့် ပံ့ပိုးနေကြပြီး စာသင်တိုက်များတွင် ဒုက္ခရောက်နေကြသော ပရိယတ္တိ သာသနာတော်ကြီး၏ ခံတပ်ကြီးကို စောင့်ထိန်းနေကြသော သံဃာတော်များကို လှုဒါန်းမှု အားများ အလွန်တရာ လျှော့နဲနေပါသည်။ ထိုကိစ္စကို ဓမ္မဒေါင်းလုပ် မိသာစုများမှ Balance လုပ်သည့် အနေဖြင့် ပရိယတ္တိ စာသင်တိုက်များကို ကူညီသည့် လုပ်ငန်း လုပ်ဆောင်ပေးခြင်း။ ၆) ဗုဒ္ဓဘာသာဝင်များသည် မိမိကို တရားဟောနိုင်သည့် ဓမ္မကထိကကို ပုံအောပြီး လှုဒါန်းလေ့ရှိပါသည်။ လက်ရှိ စာသင်တိုက်များသည် စာသင်သား သံဃာတွေဆီ ကျောင်းဝင်ကြေး ကောက်ခံလေ့ မရှိသည့်အတွက် ပြင်ပမှ အလှုငွေများနှင့်သာ လည်ပတ်နေရပါသည်။ ပရိယတ္တိစာသင်တိုက်များ အလှုများ ရရှိအောင် စာသင်တိုက်မှ စာချ ဆရာတော်ကြီးများ လူတွေကို သဘောကျအောင် ဟောနိုင်မှသာ အလှုငွေ ရနိုင်ပါသည်။ သို့သော် သံဃာတော်များကြားမှာသာ အမြဲနေပြီး ပါဋိလိုဘဲ အမြဲ စာချနေသော ဆရာတော်များသည် တရားဟောရာတွင် စာသံပါနေသည့်အတွက် လူကြိုက် နဲလှပါသည်။ အလှုခံ ရရှိမှုလဲ နဲပါးလှပါသည်။ ထို ဆရာတော်ကြီးများ အလှုခံ ရရှိမှုနဲပါးမှုသည် စာသင်တိုင်ဝင်ငွေ နဲပါမှုနှင့်အတူ အနာဂါတ် သာသနာတော်အတွက် စိုးရိမ်စရာ ဖြစ်ပါသည်။ ဤ Missing Gap ကို ဓမ္မဒေါင်းလုပ် မိသာစုမှ ဝင်ရောက် ဖြည့်စွက်ကာ စာသင်တိုက် ဆရာတော်များကို လူတွေနဲ့ ဝင်ဆန့်အောင် မိတ်ဆက်ပေးသည့် တရာပွဲများ၊ သင်တန်းများ ပြုလုပ်ကာ ဆရာတော်တွေ အလှုငွေ ရရှိအောင် လုပ်ဆောင်ပေးပါသည်။ ၈) ဆရာတော်ကြီးများ စင်္ကာပူသို့ ဆေးဝါးလာရောက် ကုသရာတွင် လည်းကောင်း၊ တခြားသော သံဃာတော်များနှင့်ပါတ်သတ်သော၊ သာသနာကိစ္စနှင့် ပါတ်သတ်သော အကြောင်းအရာများကို dhammadownload network မှ တဆင့် အလှုခံ၍ ပါရမီဖြည့်ဆည်းပေးပါသည်။ ၉) ပရိယတ္တိ စာပေကို ကျွမ်းကျင် ထိရောက်စွာ ပို့ချနိုင်သော စာချ ဆရာတော်ကြီးများ ရှားပါးလာသည့် အလျှောက် သာသနာတော်၏ ခရီးတဝက်တွင် နာမည်ကြီး စာချဆရာတော်များတိမ်းပါးသွား၍ အကယ်၍များ နောက်ထပ် သာသနာ့ အာဇာနည် စာချဆရာတော် များ မပေါ်ထွက်မီ သာသနာတော်ခါးပျက် မသွားစေရန် နာမည်ကြီး စာချ ဆရာတော်ကြီးများ၏ စာချ သင်တန်း Video များ ရိုက်ကူးထား၍ Archive အဖြစ်ထိန်းသိမ်းထားကာ သာသနာတော်ကြီးကို Time Shift လုပ်နိုင်ရန် ကြိုးပမ်းပါမည်။
Posted on: Sat, 18 Jan 2014 03:01:48 +0000

Trending Topics



Recently Viewed Topics




© 2015