ဟိုတစ်နေ့က - TopicsExpress



          

ဟိုတစ်နေ့က မိတ်ဆွေတစ်ယောက်ရဲ့ ဆွေမျိုး အသက် ၄၀ လောက်ပဲရှိသေးတဲ့ အိမ်ထောင်ရှင် အမျိုးသားတစ်ဦးဟာ ကာလအတန်ကြာ ဆီးချိုဖြစ်နေတာကို မသိတော့ သတိလစ်ပြီးမှပဲဆေးရုံရောက်ပါတယ်။အင်ဆူလင် ထိုးနေရပါတယ်။ ဆီးချိုသိပ်တက်နေတာကြာရင်သတိလစ်ပြီးအသက်ပါပါသွားနိုင်ပါတယ်။ ဆီးချို ဖြစ်နေတာမသိတော့ အချိန်တော်တော်ကြာ မထိမ်းပဲနေမိတဲ့အတွက် တစ်ဖြည်းဖြည်းနဲ့ဆိုးလာတာပါ။ အခုထိအခြေအနေက စိတ်ချဖွယ်ရာမရောက်သေးပါဘူး။ တက်တာ တွေဘာတွေဖြစ်နေတုန်းလို့သိရပါတယ်။ အဲဒါနဲ့ပါတ်သက်ပြီး အသံတိတ်လူသတ်သမား တစ်ဦးဖြစ်တဲ့ ဆီးချိုရောဂါနဲ့ပါတ်သက်ပြီး တစ်ချို့  ဆီးချိုသမားတွေ အတော်များများတောင်သတိမထားမိတဲ့စစ်ဆေးမှုလေးတစ်ခုကို စေတနာနဲ့ အသိပေးလိုပါတယ်။ ဆီး ချို ရောဂါ ရှိမရှိ မသိတဲ့လူရော ရှိပြီး ထိမ်းနေတဲ့သူတွေအတွက် ရော သိသင့်ပါတယ် စစ်သင့်ပါတယ်။ နေ့စဉ် သွေးဖေါက်စစ်တဲ့စက်ကလေး(Glucometer) ကိုတော့ ဆောင်ထားပြီး တိုင်းနေကြတာ မှန်ပေမယ့် HbA1C ဆိုတာလေးကိုလည်း တတ်နိုင်ရင် ၃ လတစ်ခါ လောက် သွေးဖေါက်စစ်ပြီး တိုင်းဖို့လိုအပ်ပါတယ်။ ဆေးခန်းတစ်ချို့ မှာလည်းအဲဒီစက်ရျိတတ်ပါတယ်။ မင်္ဂလာတောင်ညွန့် ယုဇနပလာဇာ ရှေ့က ၁၃၈ လမ်းအလယ်လောက်က ဒေါက်တာ ဦး ၀င်းလွင်သိန်းတက်နေလင်း ဆေးခမ်း မှာလည်း ရှိပါတယ်။လမ်းထိပ်မှာ ဆေးခန်းလိပ်စာ ဆိုင်းဘုတ်ထောင်ထားပါတယ်။ကျွန်တော်စစ်ဖူးပါတယ်။ ၅ မိနစ် ၁၀ မိနစ်အတွင်းအဖြေကိုရပါတယ်။ စစ်ခက လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျပ် တစ်သောင်းလောက်ပါ။ အခုလည်းသိပ်တော့ကွာမယ်မထင်ပါဘူး။ ဈေးနှုန်းကို ကောင်တာမှာမေးပြီးမှ စစ်ချ င်မှ စစ်လို့ရပါတယ်။ စစ်တိုင်းဖို့လိုအပ်တဲ့အကြောင်းရင်းက ဆီးချိုဝေဒနာရှင်တစ်ယောက်ဟာ လွန်ခဲ့တဲ့ ၃ လအတွင်းမှာ ဆီး ချို ကို ပျှမ်း မျှ ထိမ်းသိမ်းနိုင်မှု ဘယ်လောက်ဆိုတာကို သိဖို့လို အပ်လို့ပါလို့ အောက်ကလင့်ခ်မှာအသေးစိတ်ရှင်းပြထားပါတယ်။ မသိတဲ့လူတွေရှိတတ်လို့ပါ။ ဆီးချိုရှိမရှိမသိသေးတဲ့သူတွေလည်းစစ်နိုင်ပါတယ်။ သူ့ အဖြေကိုရတဲ့အခါ ဆရာဝန်က မိမိရဲ့ ဆီးချို ထိမ်းသိမ်းနိုင်မှုအခြေအနေကိုပြောပြပါလိမ့်မယ်။ Normal: Less than 5.7% ဆီးချိုမရှိတဲ့သူ အတွက် ၅.၇% အောက်မှာရှိရပါမယ်။ Pre-diabetes: 5.7% to 6.4% ဆီးချို ဖြစ် ချင်နေတဲ့သူအတွက် အဲဒီကြားမှာရှိနေပါမယ်။ Diabetes: 6.5% or higher ဆီးချိုသေချာပေါက်ရှိနေပါတယ်။ တကယ်လို့ ၆.၅% ကျော် ပြီး ၇% လောက်ဆို ရင်တော့ ဆရာဝန်က ဘယ်လိုထိမ်းသိမ်းဖို့ ဆိုတာကို ညွှန်ကြားပါလိမ့်မယ်။ သတိအကြီးကြီးစထားရတော့မှာဖြစ်ပါတယ်။ ၈ တွေ ၉ တွေဖြစ်နေတာကြာရင်တော့ ကျောက်ကပ်တွေဘာတွေစပျက်တာမျိုး မျက်စေ့ စ မှုံ တာမျိုးတွေ စတဲ့ ဆိုးဆိုးရွားရွားတွေဖြစ်လာနိုင်ပါတယ်။ မပေါ့ကြစေချင်ပါဘူး။ ကျွန်တော်တို့ မြန်မာလူမျိုးအများစုက ရောဂါဖြစ်မှ ဆေးကုတဲ့ အကျင့် မျိုးရှိပါတယ်။ ဆေးပညာဗဟုသုတနည်းပါးခြင်းနဲ့ အပိုစားရိတ်စက အကုန်မခံနိုင် ခြင်းတို့ ကြောင့်လည်းဖြစ်ပါတယ်။ သို့သော်လည်း အပ်နဲ့နည်းနည်းထွင်း ထားရင် အများကြီးတာသွားမယ့်ဟာကို ဖြစ်မှ သတိလစ်မှ ပဲ မကုမဖြစ်ကုရတော့မယ်ဆိုတော့ ဒုက္ခ များ ပါပြီ။ မေတ္တာဖြင့်။ ကိုထူးဆန်း။ လင့်ခ်ကိုဖွင့်မရမှာစိုးလို့ ပြန်ကူးပြီးတင်ပေးလိုက်ပါတယ်။ မြန်မာလို ရှာတာမတွေ့လို့ပါ။တွေ့ရင်ထပ်တင်ပေးပါ့မယ်။ HbA1c is a lab test that shows the average level of blood sugar (glucose) over the previous 3 months. It shows how well you are controlling your diabetes. How the Test is Performed A blood sample is needed. Some methods only require a quick finger stick. Others may need a sample of blood from a vein. How to Prepare for the Test No special preparation is needed. How the Test Will Feel When the needle is inserted, you may feel a slight pinch or some stinging. Afterward, there may be some throbbing. Why the Test is Performed Your doctor may order this test if you have diabetes. It shows how well you are controlling your diabetes. The test may also be used to screen for diabetes. Normal Results An HbA1c of 5.6% or less is normal. The following are the results when the HbA1c is being used to diagnose diabetes: Normal: Less than 5.7% Pre-diabetes: 5.7% to 6.4% Diabetes: 6.5% or higher If you have diabetes, you and your doctor or nurse will discuss the correct range for you. For many people the goal is to keep your level at or below 6.5 - 7%. Note: Normal value ranges may vary slightly among different laboratories. Talk to your doctor about the meaning of your specific test results. The examples above show the common measurements for results for these tests. Some laboratories use different measurements or may test different specimens. What Abnormal Results Mean Abnormal results mean that you have had high blood sugar levels over a period of weeks to months. If your HbA1c is above 6.5% and you do not already have diabetes, you may be diagnosed with diabetes. If your level is above 7% and you have diabetes, it often means that your is not well controlled. Your target HbA1c should be determined by you and your health care provider. In general, the higher your HbA1c, the higher the risk that you will develop problems such as: Eye disease Heart disease Kidney disease Nerve damage Stroke If your HbA1c stays high for a long period of time, the risk for these problems is even greater. Ask your doctor how often you should have your level tested. Usually, doctors recommend testing every 3 or 6 months. Risks Obtaining a blood sample from some people may be more difficult than from others. Other risks associated with having blood drawn are slight, but may include: Excessive bleeding Fainting or feeling light-headed Hematoma (blood accumulating under the skin) Infection (a slight risk any time the skin is broken) Alternative Names Glycated hemoglobin; Glycosylated hemoglobin; Hemoglobin - glycosylated; A1C; GHb; Glycohemoglobin References American Diabetes Association. Standards of medical care in diabetes--2012. Diabetes Care. 2011 Jan;35 Suppl 1:S11-63. Buse JB, Polonsky KS, Burant CF. Type 2 diabetes mellitus. In: Melmed S, Polonsky KS, Larsen PR, Kronenberg HM, Larsen PR, eds. Williams Textbook of Endocrinology. 12th ed. Philadelphia, Pa: Saunders Elsevier;2011:chap 31. Inzucchi SE, Sherwin RS. Type 2 diabetes. In: Goldman L,Schafer AI, eds. Cecil Medicine. 24th ed. Philadelphia, PA: Saunders Elsevier;2011:chap 237. Update Date: 4/29/2012 Updated by: Shehzad Topiwala, MD, Chief Consultant Endocrinologist, Premier Medical Associates, The Villages, FL. Review provided by VeriMed Healthcare Network. Also reviewed by David C. Dugdale, III, MD, Professor of Medicine, Division of General Medicine, Department of Medicine, University of Washington School of Medicine, and David Zieve, MD, MHA, Medical Director, A.D.A.M. Health Solutions, Ebix, Inc. https://google.co.th/search?q=glucometer&oq=glucometer&aqs=chrome..69i57j0l5.5663j0j7&sourceid=chrome&espv=210&es_sm=122&ie=UTF-8#q=glucometer+pics
Posted on: Wed, 29 Jan 2014 04:12:23 +0000

Trending Topics



Recently Viewed Topics




© 2015