အာဆီယံ အိမ်နီးချင်း - TopicsExpress



          

အာဆီယံ အိမ်နီးချင်း နိုင်ငံတွေမှာ ရွေ့ပြောင်း လုပ်သားတွေ အပါအ၀င် တရားမ၀င် ကျူးကျော် ၀င်ရောက်နေထိုင်သူများကြောင့် အိမ်ရှင်နိုင်ငံက ပြည်သူလူထုတွေရဲ့ တရားဥပဒေ စိုးမိုးရေးအတွက် အနှောင့်အယှက် ဖြစ်ကြရပါတယ်တဲ့ . . .။ ဥပမာ - မြန်မာပြည်က တရားမ၀င် ထွက်ခွာလာပြီး ထိုင်း မလေးရှားစတဲ့ နိုင်ငံတွေကို တရားမ၀င် ၀င်ရောက်လို့ အလုပ်လုပ်ကိုင် နေထိုင် ကြတဲ့အခါ အဲသည် နိုင်ငံတွေမှာ မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်တတ်ကြတဲ့ အတွက် . . . အဲသည် တရားမ၀င် လာရောက်သူများရဲ့ မူရင်းနိုင်ငံတွေက နိုင်ငံသား အသိအမှတ်ပြု လက်မှတ် Passport ထုတ်ပေးလို့ လက်ရှိနေထိုင် လုပ်ကိုင်နေတဲ့ နိုင်ငံမှာ တရားဝင် နေထိုင် လုပ်ကိုင်ခွင့် လူ့အခွင့်အရေးများ ရရှိရေး ဒီကနေ့ ဆွေးနွေးကြပါတယ် . . .။ ထိုင်းထဲ မလေးထဲ စင်ကာပူထဲ ၀င်လာတဲ့ မြန်မာ လာအို ကမ်ပူချား အစရှိသဖြင့်ပေါ့ . . .။ ဒီနေရာမှာ တစ်ချို့က ဆယ်စု နှစ်ပေါင်း ကြာညောင်းစွာ နေထိုင်လာကြပြီး ဖြစ်တဲ့အတွက် မူလ နိုင်ငံရင်း ကလည်း နိုင်ငံသား လက်မှတ် အစရှိသည်တို့ မပါ မရှိ ဖြစ်ကြတဲ့ အခါ နိုင်ငံ မဲ့ လို ဖြစ်သွားတဲ့ သူတွေကို ဘယ်လို စီစဉ်ကြမလဲ ဆိုတာလည်း ဆွေးနွေးကြပါတယ် . . ။ အခွင့်ကြုံလို့တော့ ထပြီး ဆွေးနွေးခဲ့ပါတယ် . . .။ ခင်ဗျားတို့ နိုင်ငံထဲကို အခုလို တရားမ၀င် နေထိုင်ကြသူတွေကို နှစ်ရှည်လများ နေထိုင်ခဲ့သည့်တိုင် လက်ရှိနိုင်ငံက မလိုလားလို့ အခုလို ပြသနာတွေနဲ့ ဆွေးနွေးနေကြရသလို . . . ကျုပ်တို့ မြန်မာပြည်ထဲမှာလည်း နှစ်ရှည်လများ နေထိုင်ခဲ့ကြသည့်တိုင် ကိုယ့် လူမျိုး မဟုတ်တဲ့ တရားမ၀င် ၀င်ရောက်နေထိုင်ကြသူတွေကို စစ်တမ်းကောက်ယူလို့ မိမိတို့ ဘိုးဘွား ဌာနေရင်းဒေသကိုပြန်ကြဖို့ အိမ်ရှင် နိုင်ငံက စီစဉ်ဆောင်ရွက်ကြရာမှာ . . . အဲသည် တရားမ၀င်တွေကို လူသားခြင်းစာနာ သလို ဒေသခံ တိုင်ပြည်လူထုရဲ့ ဆန္ဒကိုလည်း လေးစားသောအားဖြင့် ကိုယ့်တိုင်းပြည်ရဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ခွင့် ရှိသင့်ကြောင်း နေရာတကာ လူ့အခွင့် အရေး အော်ပြီး မြန်မာ့ အခွင့်အရေးကို လစ်လျှူ ရှု နေသူများကို Mr. Su Tin - Myanmar က တွယ်ခဲ့ လိုက်ပါသည် ခင်ဗျား . . . . . . . .။ ဆုတင် . . . ။
Posted on: Mon, 07 Oct 2013 17:41:10 +0000

Trending Topics



>

Recently Viewed Topics




© 2015