အာရှ ရုပ်ရှင်လောကမှာ - TopicsExpress



          

အာရှ ရုပ်ရှင်လောကမှာ သြဇာကြီးတဲ့ ဟောင်ကောင် ကွန်ဖူးရုပ်ရှင်တွေရဲ့ ဖခင်၊ ရှောဘရားသား (Shaw Brothers) ရုပ်ရှင်စတူဒီယိုတွေကို တည်ထောင်သူ မစ္စတာ Run Run Shaw ဟာ အသက် ၁၀၇ နှစ်မှာ သူ့ရဲ့ ဟောင်ကောင်က နေအိမ်မှာ ကွယ်လွန်သွားပါတယ်။ သူတည်ထောင်ခဲ့တဲ့ ရှောဘရားသား စတူဒီယိုတွေဟာ ရုပ်ရှင်လောကမှာ ကွန်ဖူးရုပ်ရှင်တွေရဲ့ ကဏ္ဍသစ်ကို ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး ရုပ်ရှင်ပေါင်း ၁၀၀၀ ကျော် ထုတ်လုပ်ခဲ့ပါတယ်။ မစ္စတာရှောဟာ နာမည်ကျော် မင်းသား မင်းသမီးတွေဖြစ်တဲ့ Chow Yun-fat နဲ့ Maggie Cheung တို့ကို အဦးဆုံး ပွဲထုတ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
Posted on: Tue, 07 Jan 2014 17:09:47 +0000

Trending Topics



Recently Viewed Topics




© 2015