အရှေ့တောင်အာရှ - TopicsExpress



          

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် လက်ကိုင်မီးထွန်းညှိတိုင်သယ်ရန် အမျိုးသမီး ၁၀၀ ခေါ်မည် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဖွင့်ပွဲအခမ်း အနားအကြို (ရန်ကုန်)အတွက် လက်ကိုင်မီးထွန်းညှိတိုင် သယ်ယူ ရန် အမျိုးသမီ((volunteer) ၁၀၀ အား ခေါ်ယူလျက်ရှိကြောင်း သိ ရသည်။ 'ဒါက ရန်ကုန်မှာလုပ်မယ့် အခမ်းအနား အကြိုပွဲအတွက် ရည်ရွယ်ပြီး ခေါ်တာပါ။ နေပြည် တော်အတွက်က အားကစားသမား တွေကပဲသယ်မှာဆိုတော့ ရန် ကုန်အတွက် ဘေးကနေလိုက်ပြီး ကူသယ်ဖို့ လူလိုလို့ ခေါ်တာပါ'ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန် ကြားရေးမှူး ဦးအောင်ဆန်းဦး ကပြောသည်။ လက်ကိုင်မီးထွန်းညှိတိုင် သယ်ဆောင်မည့်သူများအတွက် လိုအပ်သော အရည်အချင်းများ မှာ မြန်မာတိုင်းရင်းသူဖြစ်ရမည်၊ ရုပ်ရည်ချောမောပြေပြစ်သူ အပျို ဖြစ်ရမည်၊ ပညာရေး လျှော့ပေါ့ စဉ်းစားမည်၊ ခန္ဓာကိုယ်အချိုး အစား ပြေပြစ်သူဖြစ်ရမည်၊ အရပ် ငါးပေလေးလက်မမှ ငါးပေခုနစ် လက်မအတွင်းရှိသူဖြစ်ရမည်၊ အသက် ၁၈နှစ်မှ ၂၅နှစ်အတွင်း ဖြစ်ရမည်၊ မြန်မာဆန်သောအ သားရောင်ရှိရမည်၊ ဆံပင် အနက် ရောင်ဖြစ်ရမည်ဟူသောအချက် များ သတ်မှတ်ထားကြောင်း သိရ သည်။ လျှောက်ထားလိုသူများ သည် လှယဉ်ကျေးမယ်ဝတ်စုံဖြင့် တစ်လအတွင်း ရိုက်ကူးထားသော ခြောက်လက်မ၊ လေးလက်မအ ရွယ်ရှိ ကိုယ်လုံးပေါ်ဓာတ်ပုံ ရှေ့ တည့်တည့်တစ်ပုံ၊ ဘေးစောင်းတစ် ပုံနှင့် ရှေ့တည့်တည့်ရိုက်ကူးထား သော ကိုယ်တစ်ပိုင်းပုံ တစ်ပုံတို့ အား လျှောက်လွှာနှင့်အတူ ပူးတွဲ လျှောက်ထားရမည်ဖြစ်ပြီး လျှောက် လွှာပုံစံများအား YIN THU SWE fashion villa အောင်ဇေယျလမ်း၊ ရန်ကင်း၊ ကျောက်ကုန်း စက်တင် ဘာ ၂ဝရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်းသိရသည်။ Yangon Media Group
Posted on: Mon, 02 Sep 2013 04:42:49 +0000

Trending Topics



Recently Viewed Topics




© 2015