အစ်ကိုတစ်ယောက်က - TopicsExpress



          

အစ်ကိုတစ်ယောက်က ဒီအသံဖိုင် လင့်လာပေးလို့ ကျွန်တော် ဖွင့်နားထောင်လိုက်တယ်.. ဘုန်းကြီးတစ်ပါးက ဆရာတော်ကြီးတွေကို လျှောက်တင်နေပုံရတယ် မမြင်ရတော့ သေချာတော့ မသိဘူး.. ဒီ အသံဖိုင်ကို လေးခေါက် သေချာပြန်နားထောင်ပါတယ် ကျွန်တော် မြင်မိတာလေးတွေ highlight လုပ်ကြည့်ပါတယ်... ခု လျှောက်တင်နေတဲ့ ဘုန်းကြီးက အစည်းအဝေး မစခင် သီတဂူဆရာတော်နား သွားပြီး လျှောက်ပါတယ်.. ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘာသာရေးနဲ့ ပတ်သတ်ပြီး ခံယူချက်တွေကို ဆရာတော်ကြီးများ သိရင် ပြောပြပါလားဆိုပြီး သွားမေးပုံရပါတယ် သီတဂူဆရာတော် ဘုရားကို ဒေါ်အောင်ဆန်းစုကြည်က ကြည်ညိုလေးစားသလို အိမ်ကို ပင့်ပြီး ဆွမ်းကပ်ဖူးတာကြောင့် နီးနီးစပ်စပ်ရှိမှန်း သိလို့ထင်ပါတယ် သူ့ကိုပြောထားပါတယ် ဘာသာရေးအကြောင်း မဟောမပြောနဲ့ ကိုယ့်နိုင်ငံရေး အကြောင်းပဲ ကိုပြောပါလို့ သီတဂူဆရာတော်က ဒေါ်အောင်ဆန်းစုကြည်ကို မိန့်ခဲ့ကြောင်း သိရပါတယ် .. အဲ့လိုပြောတော့ အဲ့ဒီ ဘုန်းကြီးက ထပ်လျှောက်ပါတယ်တဲ့ ဒေါ်အောင်ဆန်းစုကြည်သာ အာဏာရသွားမယ်ဆိုရင် ဗုဒ္ဓဘာသာ နိမ့်ကျမယ်လို့ ဗုဒ္ဓဘာသာ အများစုက ယုံကြည်နေကြပါတယ်လို့ လျှောက်ပါတယ်... အဲ့လိုဆို ဘယ်သူ့ကို မဲပေးရမလဲလို့ တစ်ခါတည်း လမ်းကြောင်းတဲ့ မေးခွန်းမေးပါတယ် သီတဂူဆရာတော်က အဲ့လိုဆိုရင်လည်း ဦးသိန်းစိန်ကို မဲပေးတာ ကောင်းလိမ့်မယ်လို့ ပြောကြောင်း ထည့်ပြောပါတယ်.. ဒီနေရာမှာ သီတဂူ ဆရာတော် ပြောခဲ့သလား မပြောခဲ့ဘူးလား ဆိုတာ confirm လုပ်ဖို့လိုပါတယ် နောက်တစ်ခုက အဲ့ဒီ မေးခွန်းမမေးခင် ဒေါ်အောင်ဆန်းစုကြည်ကို ဗုဒ္ဓဘာသာ နိမ့်ကျသွားမှာစိုးလို့ မဲမပေးချင်ဘူး အဲ့လိုဆိုရင် ဘယ်သူ့ကို မဲပေးရမလဲလို့ Option တစ်ခုကို ချပ်လှန်ပြီး မေးတဲ့ ပုံစံရယ်ကို သတိပြုရပါမယ်.. ပြီးတော့ နားထောင်ကြည့်သလောက် အဲ့ဒီ ဆရာတော်ဟာ ဗမာလူမျိုးမဟုတ်ပါဘူး တိုင်းရင်းသားဖြစ်တဲ့အတွက် စကားပြောတာလည်း အစီအစဉ်က မကျလှပါဘူး အကုန်ရောထွေးနေပါတယ်... နောက်ဆုံး တစ်ချက်အနေနဲ့ ဆင်ခြင်စရာက နံပတ် ၁။ ဒေါ်အောင်ဆန်းစုကြည် အာဏာရရင် ဗုဒ္ဓဘာသာ နိမ့်ကျမှာကို ဗုဒ္ဓဘာသာဝင် တော်တော်များများ စိုးရိမ်နေတယ် ဆိုတဲ့ စကား နံပတ် ၂။ ဦးသိန်းစိန်ကို မဲပေးရမယ်ဆိုတာကို သဘောကျတယ် ဆိုတဲ့ စကား နံပတ် ၃။ မြန်မာပြည်မှာ ဗုဒ္ဓဘာသာကို ဦးစားပေးတဲ့လူကိုပဲ သမ္မတ ဖြစ်စေချင်တဲ့ ဆိုတဲ့ စကား နံပတ် ၄။ ဆရာတော်တွေ အားလုံး ကိုယ့်ဒကာ ဒကာမတွေကိုလည်း ဒီလိုပဲ စည်းရုံးသိမ်းသွင်း သင့်တယ်ဆိုတဲ့ စကားတွေကို ထောက်ကြည့်ရင် ဒီ ဘုန်းကြီးရဲ့ အနေအထားကို ခန့်မှန်းနိုင်ပါတယ်...
Posted on: Sat, 18 Jan 2014 03:56:58 +0000

Trending Topics



Recently Viewed Topics




© 2015