အရိုးကျိုးခြင်း ( Bone fracture - TopicsExpress



          

အရိုးကျိုးခြင်း ( Bone fracture ) အရိုးကျိုးခြင်းဆိုတာ ဘယ်လိုဖြစ်သနည်း? အရိုးကျိုးခြင်းသည် ( Bone fracture ( or ) Broken bone ) အရိုးသားမှာ အက်ကွဲမှုရှိခြင်းနှင့် ဆက်စပ်မှုမရှိခြင်း၊ ရှိခြင်းတို့ကြောင့်ဖြစ်သည်။ ဘယ်လိုလက္ခဏာရှိမှ အရိုးကျိုးသည်ဟု သံသယထင်ရသလဲ? အရိုးကျိုးခြင်းလက္ခဏာသည် အောက်ပါလက္ခဏာများအတိုင်းထဲက လက္ခဏာတစ်မျိုးကြောင့်ဖြစ်ခြင်း ( သို့ ) တခြား သောလက္ခဏာများပေါင်းပြီးဖြစ်ခြင်း တို့ဖြစ်သည်။ - အရိုးကျိုးသောနေရာမှာနာခြင်း၊ တကယ်လို့မနာရင် အရိုးမကျိုးတာကြောင့်ပါ - ဝေဒနာရှင်ကျိုးသောနေရာခံစားချက်မရှိခြင်းမှာ - ကိုယ်တစ်ပိုင်းသေခြင်း ( သို့ ) ၎င်းသောနေရာတ၀ိုက်မှာ အာရုံကြော ပျက်နေခြင်းကြောင့်ဖြစ်ပါသည်။ - အရိုးကျိုးသောနေရာမှာ ယောင်ခြင်း/ တကယ်လို့မယောင်ရင် အရိုးမကျိုးဖူးလို့မှတ်ပြီး တကယ်လို့အက်ကွဲခြင်း အစပိုင်းဖြစ်လျှင် အနည်းငယ်သာယောင်နိုင်သည်။ - အရိုးကျိုးခဲ့သောအပိုင်းသည် ပုံသဏ္ဍန်ပြောင်းသွားနိုင်သည်။ တကယ်လို့အနာပျောက်ပြီး နောက်ပိုင်း ခြေလက်များ ပုံသဏ္ဍန်ပြောင်းသွားလို့ရှိလျှင် အရိုးကျိုးရှိခဲ့သည်ဟု ပြောလို့ရပါတယ်။ - အရိုးကျိုးခဲ့သောအပိုင်းများ မလှုပ်ရှားနိုင်ခြင်း၊ အသုံးမချနိုင်ခြင်းတို့ဖြစ်သည်။ သာဓက -ခြေ၊ လက်၊ လည်ပင်း နှင့် နောက်ကျောစသဖြင့်……… အရိုးကျိုးခြင်းသည် အမျိုးအစားဘယ်နှစ်မျိုးရှိသနည်း အရိုးကျိုးခြင်းသည် အမျိုးအစားအမျိုးမျိုးခွဲခြားနိုင်သည်။ 1. အရိုးကျိုးခြင်း၏ လမ်းကြောင်းအလိုက် အမျိုးအစားခွဲခြင်း a. Transverse fracture - အလျားတန်းအလိုက်ကျိုးခြင်း b. Oblique fracture - ဘေးဆောင်းကျိုးခြင်း c. Spiral Fracture - အကောက်၊ အလိမ်အလိုက်ကျိုးခြင်း d. Comminuted fracture ( or ) Segmental fracture – 2ဆထက်ပိုကျိုးခြင်း e. Non-displaced fracture - ကျိုးသောအရိုး၂ဆစလုံး မရွေ့လျား၊ မခွဲထွက်ခြင်း f. Displaced fracture - ကျိုးသောအရိုးရွေ့လျား၊ ခွဲထွက်သွားခြင်း 2. အနာအလိုက်ခွဲခြားပေးခြင်း a. အနာမရှိသောအရိုးကျိုးခြင်း ( သို့ ) ကျိုးသောအရိုးသို့အနာမရောက်ခြင်း ( Closed fracture ) b. အရိုးကျိုးအထဲထိသို့ အနာဒဏ်ရာရောက်ခြင်း ( Compound fracture ) 3. ကလေးများမှာ အရိုးကျိုးခြင်းသည် အထက်ကခွဲခြားပေးသောအချက်အလက်များထက် ပိုရှိသောအချက်အလက်များ a. အားစိုက်ခြင်းကြောင့် ပုံပျက်သွားပြီးကျိုးသောအရိုး ( Buckle ( or ) Torus fracture ) b. စိမ်းစိုပြီး လတ်ဆတ်နေသောသစ်ကိုင်းချိုးသလို အားစိုက်သောနေရာမှာဘဲ အရိုးကျိုးခြင်း ( Green stick fracture ) c. အရိုးကျိုးရာမရှိပဲ အရိုးကောက်ကွေးခြင်း ( Plastic deformation ) d. အရိုးကို တည်ဆောက်ပေးသော စက်ရုံကနေအရိုးကျိုးခြင်း ( Epiphysis ) သို့မဟုတ် အရိုးဆစ်ဘေးနားမှာ ရှိသော အရိုးခေါင်းပိုင်းမှာ အရိုးကျိုးခြင်း ( Epiphyseal plate injury ) 4. ကျိုးသောအရိုး၏ အသားအမျိုးအစားလိုက်ခွဲခြားပေးခြင်း a. သာမာန်ဖြစ်သော အရိုးသား အရိုးကျိုးခြင်း ( Fracture in general ) b. အားနည်းသောအရိုးသားမှာ အရိုးကျိုးခြင်း ( Pathologicak fracture ) ခွဲခြားထားသော အမျိုးအစားများ i. အရိုးပါးခြင်းကြောင့်အရိုးကျိုးခြင်း (Osteoporotic fracture) အသက်ကြီးသောလူများမှာ တွေ့ရသည် ii. အရိုးအသားပိုဖြစ်ကြောင့် အရိုးကျိုးခြင်း iii. အရိုးရောဂါပိုးကူးစက်ခြင်းကြောင့် အရိုးကျိုးခြင်း iv. တခြားသောအရိုးသားရောဂါ အမျိုးမျိုးကြောင့် အရိုးကျိုးခြင်း ဆရာဝန်သည် အရိုးကျိုးခြင်းတစ်မျိုးခြင်းစီ ဘယ်လိုစစ်ဆေးစမ်းသပ်နိုင်သနည်း? အရိုးကျိုးခြင်းစစ်ဆေးစမ်းသပ်ခြင်းသည် အထက်ပါပြောသွားသောအချက်အလက်များကိုကြည့်၍ ပိုပြီးသေချာသွား စေရန် X-ray နည်းနှင့် စမ်းသပ်စစ်ဆေးခြင်းဖြစ်သည်။ တကယ်လို့ X – ray ပုံမပါပြီး အရိုးကျိုးသည်ဟု သေချာရပေမဲ့လဲ ကျိုးသောအရိုးသည် ဘယ်လိုအမျိုးအစားဖြစ်ပြီး ဘယ်လိုကုသနည်းနှင့် ကုသခံယူသင့်သည်ကိုမသိနိုင်ပါ။ အရိုးကျိုးသည်ဟု သံသယရှိလျှင် ကိုယ်ကိုယ်ကို ရှေးဦးစွာဘယ်လိုပြုစုပြုလုပ်သင့်သနည်း? အရိုးကျိုးသည်ဟု သံသယရှိခဲ့လျှင် ကျိုးသောနေရာကို ငြိမ်ငြိမ်လေးနှင့်မရွေ့လျားအောင် ခိုင်ခံ့သောအရာဝတ္တုတစ်ခုနှင့် ( သစ်သား ) ပတ်ထားပြီး နာကျင်မှုကို လျှော့နည်းစေရန် ကျိုးသောအရိုးသည် ဘေးနားကအင်္ဂါများကို မထိုးဖောက်နိုင်ရန် အန္တရာယ်မဖြစ်စေအောင် ကာကွယ်ပေးနိုင်သည်။ သာဓက - ဘေးပတ်လည်မှာရှိသော အာရုံကြောသွေးလမ်းကြောင်းနှင့် လူနာကို အဆင်ပြေပြီး လွယ်ကူစွာ ရွေ့လျားလို့ရပြီးနောက် ဆေးရုံသို့ အမြန်ဆုံးပို့ပေးသင့်ပါသည်။ အရိုးကျိုးသည်ဟု သံသယရှိလျှင် ဆရာဝန်နှင့် ဘယ်အချိန်မှာ ပြပေးသင့်သနည်း အရိုးကျိုးသည်ဟု သံသယရှိပြီးထင်ခဲ့လျှင် မရွေ့လျား၍ ငြိမ်ငြိမ်လေးနေပေးဖို့ပတ်ထားပြီး ဆရာဝန် ( သို့ ) ဆေးရုံသို့ ချက်ချင်းသွားပြပေးသင့်သည်။ အရိုးကျိုးသည်ဟု သံသယရှိလျှင် ကိုယ်တိုင်ကုသလို့ရသလား? ဆရာဝန်ကို သွားမပြလို့ရလား? ကိုယ်တိုင်ပဲကုသပေးတာမသင့်တော်ပါ ( သို့ ) ကုသနည်း မှန်တာသေချာမသိသောသူများကို ပေးကုသခြင်း၊ သာဓက- ဘုန်းကြီး ( သို့ ) အရိုးစီမံခန့်ခွဲသူ ( အနှိပ်သည် ) စသဖြင့် ၎င်းသောသူတို့ကို ကုသခြင်းသည် အရိုးကို ပုံသဏ္ဍန်ပြောင်းစေ နိုင်ပြီး မသန်မစွမ်းဖြစ်စေနိုင်သည်။ ဆရာဝန်သည် အရိုးကျိုးကုသနည်းများ ဘယ်လိုရှိသနည်း? ဆရာဝန်သည် ပထမဦးဆုံးကျိုးသောအရိုးကို ပတ်ထားပြီး ဘေးပတ်လည်ကသွေးကြောနှင့် အာရုံကြောများ ပုံမှန်ရှိ/ မရှိ စစ်ဆေးပြီးသွားနောက် X-ray ဓာတ်မှန်ရိုက်ပြီး သေချာထပ်စစ်ဆေးပေးပါသည်။ ကျိုးသောအရိုးလက္ခဏာအလိုက်ကြည့်ပြီး ကုသနည်းပေးပါသည်။ ဆရာဝန်သည် ကုသနည်းများကို အောက်ပါအတိုင်း ခွဲထားပါသည်။ 1. အရိုးနေရာပြန်ကျအောင်စွဲပြီး မလှုပ်ရှားနိုင်သော ထိန်းချုပ်ပေးသောကျောက်ပတ်တီးတပ်ခြင်း ( Closed reduction and casting ) 2. အရိုးနေရာပြန်ကျအောင် အလေးချိန်နှင့်ချိန်စွဲခြင်း ( Skin traction ( or ) skeletal traction ) 3. အရိုးနေရာပြန်ကျအောင် ခွဲစိတ်ပြီး အရိုးကိုသံနှင့်ဆက်ခြင်း ( Open reduction and fixation ) 4. အရိုးကျိုးခြင်းအပြင်ပိုင်းဒဏ်ရာနှင့် ဆက်နေလျှင် ဆရာဝန်သည် ခွဲစိတ်ပြီးအရိုးကို ရောဂါပိုးနှင့် အညစ်အကြေးများ ကင်းရှင်းအောင် ဆေးကြောပေးပြီးကုသခြင်း ( Debridement and irrigation ) ပတ်တီးပတ်ကုသချိန်သည် ကိုယ့်ကိုယ်ကို ဘယ်လိုပြုစုပေးသင့်သနည်း? ပတ်တီးပတ်ကုသပြီး လိုက်နာသင့်သောအချက်အလက်များမှာ 1. ကျိုးသောနေရာသည် အသံနှလုံးထက်မြင့်သောအနေအထားနေရာထားပေးခြင်းသာဓက - လက်ချိတ်ခြင်း၊ ခြေထောက် အမြင့်သို့တပ်ခြင်းတို့သည် သွေးလည်ပတ်ခြင်းကို ကောင်းစေပြီး ယောင်ယမ်းခြင်းကို လျော့နည်းစေနိုင်သည်။ 2. ပတ်တီးရဲ့အပြင်ဘက်က ခြေချောင်းလက်ချောင်းများကို မကြာခဏခဏဖြည်းဖြည်းနှင့် လှုပ်ရှားပေးခြင်းသည် ယောင်ရမ်းခြင်းနှင့် ကိုက်ခဲခြင်းကို လျှော့နည်းစေနိုင်သည်။ 3. ပတ်တီးပတ်ထားသောအတွင်းသို့ ရေလုံးဝမ၀င်စေပါနှင့် ရေသည် ပတ်တီးထဲကအသားအရေကို ပုတ်သိုးစေနိုင်သည်။ 4. ပတ်တီးပတ်ထားသောအတွင်းသို့ ယားယံမှုရှိလျှင် ယားယံဆေး ( Chlorpheniramine maleate ) ၀ယ်သောက်ပြီး တစ်ခုခုနှင့်လုံးဝထိုးပြီး မကုတ်ပေးသင့်ပါ။ ဒဏ်ရာဖြစ်နိုင်ပြီး ရောဂါပိုးကူးစက်နိုင်သည်။ 5. တကယ်လို့ အရမ်းယောင်ယမ်းခြင်း၊ အရမ်းကိုက်ခဲခြင်း ( သို့ ) ပတ်ထားသောပတ်တီးကျိုးပဲ့ခြင်းတို့ရှိလျှင် ချက်ချင်း ဆရာဝန်ကို လာပြပေးသင့်သည်။ သံနှင့်ဆက်၍ ခွဲစိတ်ကုသခြင်း ကိုယ့်ကိုယ်ကို ဘယ်လိုပြုစုပေးသင့်သနည်း? သံနှင့်ဆက်ခွဲစိတ်ကုသခြင်း၏ လက္ခဏာပြုစုနည်းသည် ပတ်တီးပတ်ကုသခြင်း၏ ပြုစုနည်းနှင့်တူညီပါသည်။ ဒါပေမဲ့ အဖျားရှိခြင်းသည် ခွဲစိတ်ကုသချိန်မှာ ပိုးကူးစက်နိုင်ချေရှိသည်။ ဒါကြောင့် အဖျားပါရှိလျှင် ဆေးရုံသို့ ရက်ချိန်းမရောက်သေးခင် ကြိုတင်သွားပြပေးသင့်ပါသည်။ အရိုးကျိုးပြီး ဘယ်နှစ်ရက်မှာ အရိုးပြန်ဆက်နိုင်သနည်း? အရိုးပြန်ဆက်ခြင်းသည်ကျိုးသောအရိုးပေါ်မူတည်၍အချိန်ကာလခြင်းကွာခြားသွားသည်။ဆရာဝန်ကလည်းခန့်မှန်းချက် အရလောက်ပဲ တွက်ချက်ပေးနိုင်ပြီး အရိုးဆက်ပြီသေချာဖို့အတွက် သေချာဖို့အတွက် X – ray ဓာတ်မှန်ရိုက်ကြည့်ပြီး အရိုးအသစ်လုံလောက်စွာထွက်လာခြင်း ( Callus ) ပုံမှန်အားဖြင့် အနည်းဆုံး ၄ - ၆ ပတ်ထက် အချိန်ယူပေးရသည်။ ဒါကြောင့် အရိုးကို ခန္ဓာကိုယ်အလျေးချိန်ချနိုင်ပြီး အသုံးချနိုင်ဖို့ ကုသပေးသောဆရာဝန်၏ ညွှန်ကြားချက်အတိုင်းကို လိုက်နာပေးသင့်ပြီး အရိုးပြန်မဆက်ခြင်း၊ အရိုးပြန်ဆက်ခြင်း၊ ပုံသဏ္ဍန်ပြောင်းလဲခြင်း အရိုးအတိုအရှည်မညီမမျှခြင်း စသည်တို့ကို မဖြစ်စေအောင် ကာကွယ်ပေးနိုင်ပါသည်။ နိဂုံးအချုပ်အားဖြင့် အရိုးကျိုးခြင်းသည် များသောအားဖြင့် မတော်တဆထိခိုက်မှုကြောင့်ဖြစ်ပြီး နာကျင်ကိုက်ခဲမှုနှင့် ဒုက္ခဝေဒနာများခံစား ရပြီး ကိုယ်လက်အင်္ဂါမသန်မစွမ်း လက္ခဏာများဖြစ်နိုင်စေသည်။ ယခုခေတ်မှာ အရိုးကုသနည်းသည် ခေတ်နှင့်အမှီ တိုးတက် သော ကုသနည်းများရှိသောကြောင့် အချိန်တိုတောင်းစွာနှင့် ပျောက်ကင်းနိုင်ပြီး ပုံမှန်အတိုင်းအသုံးချနိုင်၍ အရိုးပုံသဏ္ဍန်ပြောင်း ၍ အင်္ဂါလက္ခာများပြောင်းလဲသွားခြင်း အရိုးအတိုအရှည်မညီမျှခြင်းတို့ကို မဖြစ်ပေါ်စေတော့ပါ။
Posted on: Fri, 16 Aug 2013 04:58:07 +0000

Trending Topics



Recently Viewed Topics




© 2015