အိမ်ပြန်ချိန်......... - မနက် - TopicsExpress



          

အိမ်ပြန်ချိန်......... - မနက် ၄ နာရီ တ တီ တီ နဲ့ မြည်နေတဲ့ ဖုန်းက နှိုးစက် လေ ဘယ်တုန်းက မှ မနက် ၄ နာရီဆိုတာ အိပ်ယာထချိန်လို့ မသတ်မှတ်ခဲ့ဖူးတာ မျက်လုံးကိုတစ်ချက်ပွတ် ဟိုဘက် ဒီဘက်တောင် လှိမ့်ချိန်မရ ခပ်သုတ်သုတ်လေးထရတယ် နောက်ကျရင် ရထားမမှီနိုင်တော့ဘူးလေ - နာရီကို ကြည့်တော့ ၆ နာရီ ထိုးတော့မယ် အလုပ်ဝင်တဲ့အချိန်လေ ဗိုက်ထဲ က အသံကို မကြားချင်ယောင်ဆောင်နေလိုက်တယ် ဒီလောက်အစောကြီးလဲ ဘာမှကို စားချင်စိတ်မရှိတာ အကျင့်ကတော့ ဖြစ်နေပါပြီ - တွေ့နေကျ မျက်နှာတွေ မကြည့်ချင်လဲ ကြည့် မပြုံးချင်လဲ ပြုံး မခေါ်ချင်လဲ ခေါ် ကိုယ့် ဆန္ဒဆိုတာ နေရာတိုင်း ထားလို့ ရတာမှ မဟုတ်တာ - အားနာတယ်ဆိုတာ ဂျာမန်လို ဘယ်လိုခေါ်ပါလိမ့် သိသလောက်တော့ သူတို့က အားမနာတက်ဖူး ဆိုပဲ တခြားဥရောပသားများလဲ အတူတူရယ်ပါ အာရှကလာလို့ အားနာတက်လားဆိုတော့လဲ ဟင်း ဟင်း မေ့ချင်ယောင်ဆောင်နေတက်ကြပါတယ် တစ်ခုခု ဆို အားနာတက်သူက အမြဲကသိကအောင့်ဖြစ်ရတာကြီးပဲ အားမနာတက်အောင် သင်ရဦးမယ် - ကြီးသူကို ရိုသေ ငယ်သူကိုလဲ လေးစား အဲ့လို ပြောရင် သူတို့ တ ဟား ဟား ရယ်မယ် ထင်ရဲ့ - အော်ချင် ဟောက်ချင် စပယ်ယာလုပ်လို့ ပြောချင်ပေမယ့် စပယ်ယာ ဆိုတာ ဘာလဲမေးရင်အပိုပစ္စည်းလို့ ဖြေရမလား အော် ဒုက္ခ - ရ ထားတဲ့ နေရာတစ်ခုကို အမြဲလို့ ဘယ်သူတွေ တွက်ကြမလဲ ဖက်တွယ်ထားပြီး ငါ့ ပစ္စည်း ငါ့ ပစ္စည်းလို့ အော်ချင်နေကြတယ် အနားနားမှာ အရိပ်မြင်ယုံနဲ့တောင် စမန်က ခုတ်ချင်ကြသေး..ဝေးးးးး မလွယ်ပါလား သေရင် ဘာမှ မပါဘူးကွဲ့ - ဒေါသတွေနဲ့ စကားများ စိတ်ရှုပ်စရာတွေနဲ့ နပန်းလုံး အဆုံးကို ကြည့်တော့ ၂ နာရီ ၂၀ ကဲ အလုပ်ဆင်းမယ် သုတ် သုတ် ..သုတ် သုတ် သွား ရထားနောက်ကျမယ် ထမင်း ဆာတယ်လေကွယ် - shift အပြောင်းအလဲနဲ့ နောက်တစ်ပတ်ဆို အချိန်ပြောင်းမယ် အိမ်ပြန်ချိန်က ဘယ်မလဲ - ဒါမိန်းကလေး ပြန်ချိန်လားလို့ နောက်ကျတိုင်း မေးတတ်တဲ့အမေ ခုလိုဆို ဘာပြောမလဲ ဘဝအတွက် ရုန်းကန်နေရတယ် ည ၁၂ နာရီလည်း လမ်းပေါ်မှာ ရထားဆောင့်နေဆဲ အိမ်ပြန်ချင်တယ်....... ။ (အိမ်မက်စေရာ)
Posted on: Mon, 19 Aug 2013 07:07:15 +0000

Trending Topics



Recently Viewed Topics




© 2015