အဲဒီဆိုင်မှာ - TopicsExpress



          

အဲဒီဆိုင်မှာ သုံးခါလောက် စားဖူးတယ်။ သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ခေါ်သွားတာ။ ဆိုင်က menu အများကြီး မရဘူး။ ဒါပေမယ့် ရတဲ့ menu လေးက အရသာရှိတယ်။ စားပွဲထိုးလေးတွေဟာ မြန်မာစစ်စစ်ကလေးတွေ။ ဆင်းရဲမွဲတေတဲ့ ဘဝလေးတွေကို သူတို့နဲ့ ထိုက်တဲ့ ပညာသင်ပေးပြီး ဘဝပြောင်းအောင် ဆောင်ရွက်ပေးနေတဲ့ သင်တန်းနဲ့တွဲထားတဲ့ စားသောက်ဆိုင်ဖြစ်ပါတယ်။ စားပွဲထိုးတွေအပေါ်မှာ မောက်မောက်မာမာ ဆက်ဆံလို့ မောင်းထုတ်ခံရတယ်ဆိုရင် မောင်းထုတ်ခံရသူ အလွန်ပဲ ဖြစ်ပါလိမ့်မယ်။ စားပွဲထိုးတွေဟာ စကတည်းက အတော်လေး ရိုကျိုးနှိမ့်ချကြပါတယ်။ မျက်လုံးတွေကိုကြည့်လိုက်ရင် တခြားစားသောက်ဆိုင်က စားပွဲထိုးတွေထက် ပိုပြီး သိမ်ငယ်စိတ်ကို တွေ့ရလေ့ရှိပါတယ်။ ဆိုင်ရှင် မလွန်လောက်ပါဘူး။ အဲလိုဆိုင်မျိုး ဘယ်မြန်မာမှ မဖွင့်နိုင်တဲ့အတွက်တောင် အမြဲတမ်း စိတ်မကောင်းဖြစ်ခဲ့ရဖူးတယ်။ Copied from MOCT (ဆိုင်ကိုရော ဆိုင်ရှင်ကိုရော သိပါတယ် ... အခြေခံလူတန်းစားက လူငယ်လေးတွေကိုခေါ် ဟိုတယ်နဲ့ စားသောက်ဆိုင် အတတ် အခမဲ့သင်ပေး နိုင်ငံတကာ ဟိုတယ်တွေမှာ အလုပ်လုပ်ခွင့် ရအောင် စီစဉ်ပေးတဲ့ trainning restaurant ဖြစ်ပါတယ် ... နားလည်သလောက် NGO starter fund နဲ့ တည်ထောင်ထားတဲ့ social enterprise တစ်ခု ဖြစ်ပါတယ် ... link မှာ ဖော်ပြထားတဲ့ ဖြစ်စဉ်ကို ကိုယ်တွေ့ မဟုတ်လို့ ဘာမှ မှတ်ချက်မပြုလိုပေမဲ့ ဆိုင်ရှင်ကတော့ ဒေသခံတွေကို အထင်သေး နှိမ့်ချမဲ့ လူမျိုး မဟုတ်ဘူးလို့ ခံစားမိပါတယ် ...)
Posted on: Tue, 26 Nov 2013 06:09:24 +0000

Trending Topics



Recently Viewed Topics



CNN

© 2015