နှစ် ၂၅၀ ကျော်ရှိ - TopicsExpress



          

နှစ် ၂၅၀ ကျော်ရှိ ဗြိတိန်၏ သက်တမ်းရင့်ခရီးသွားလုပ်ငန်းစုက မြန်မာ၏ ထိပ်တန်းခရီးစဉ်ခြောက်ခုကို ကြေငြာ =========================== အေဝိုင်အီး | ၅-၉-၂၀၁၃ ဗြိတိန်နိုင်ငံ၏ နှစ်ပေါင်း ၂၅၀ ကျော်ကြာသည်အထိ သက်တမ်း အရှည်ကြာဆုံး ကမ္ဘာကျော်ခရီးသွားကုမ္ပဏီတစ်ခုဖြစ်သော Cox & Kings သည် မြန်မာနိုင်ငံကို သွားရောက်မည်ဆိုပါက အကောင်းဆုံးခရီးစဉ်ခြောက်ခုရှိကြောင်း ၎င်းတို့၏ ဝက်ဆိုဒ်မှ တရားဝင်ကြေညာရောင်းချပေးခြင်းများ ပြုလုပ်လာပြီဖြစ်ကြောင်း ၃၀-၈-၂၀၁၃ ရက် သတင်းများအရ သိရသည်။ Cox & Kings ၏ ဖော်ပြချက်များတွင် ပထမဦးဆုံးအဖြစ် မြန်မာ နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ပုဂံဒေသကို လည်ပတ် သည့်ခရီးစဉ်မျိုးစုံထဲမှ Balloon စီးခြင်းကို အဓိကထားဖော်ပြထား ပြီး စတုရန်းမိုင် ၂၆ မိုင်အကျယ်ကို အမြင့်မှ မြင်ရသော ပုဂံ၏ အလှကို တင်စားထားကာ လာမည့် ၂၀၁၄ တွင် အင်းလေးဒေသ ၌လည်း Balloon စီးနင်းနိုင်မည်ဟု မျှော်လင့်ရကြောင်း ဖော်ပြ ထားသည်။ ဒုတိယဖော်ပြချက်တွင် အင်္ဂလန်အသေးစားဟု တင်စားခေါ်ဝေါ် ခဲ့ရသည့် မော်လမြိုင်မြို့ခရီးစဉ်ဖြစ်ကြောင်းသိရကာ ဗြိတိသျှ လက်ထက် အဆောက်အအုံလက်ရာများကို မြင်တွေ့ရနိုင် ကြောင်း ဖော်ပြထားသည်။ တတိယမြောက်ဖော်ပြချက်အဖြစ် မြန်မာနိုင်ငံ၏ချစ်စရာကောင်း သော မြို့တစ်မြို့၊ တစ်နည်းအားဖြင့် တောင်တန်းများပေါ်၌ အိမ်ရာအစီအရီဆောက်လုပ်ထားသော ကလောမြို့ အကြောင်း ဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၀၀၀ နီးပါး ၌ရှိပြီး အပူချိန်မမြင့်လွန်းဘဲ နေထိုင်ရန်ကောင်းသည့် မြို့တစ်မြို့ ဖြစ်ကြောင်း ပြသထားသည်။ စတုတ္ထမြောက်အဖြစ် ငပလီကမ်းခြေအကြောင်းဖြစ်ကာ ဘင်္ဂလား ပင်လယ်အော်ရှိ အလှဆုံးသောကမ်းခြေတစ်ခုဖြစ်ကြောင်း ညွှန်းဆိုထားသည်။ ပဉ္စမမြောက်အဖြစ် ရွှေရောင်ကျောက်စိုင်ကြီးနှင့်အတူ အံ့ဩစရာ ကောင်းသော ကျိုက်ထီးရိုးဘုရားအကြောင်းဖြစ်ပြီး အဆိုပါဘုရား သည် မြန်မာနိုင်ငံ၏ အသည်းနှလုံး ရွှေတိဂုံဘုရားပြီးလျှင် နာမည် အကျော်ကြားဆုံးဘုရားဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။ ဆဋ္ဌမမြောက်အဖြစ် မြန်မာနိုင်ငံ၏ မိခင်ဧရာဝတီမြစ်ကြီးပေါ်၌ အပန်းဖြေသဘောင်္စီးခြင်းကို ဖော်ပြထားကာ မြစ်ကြောင်းတစ် လျှောက် ငေးမောမကုန်နိုင်သော မြင်ကွင်းများက ဆီးကြိုနေနိုင် ကြောင်း နိုင်ငံပေါင်း ၁၀၀ ကျော်ရှိ အပန်းဖြေနေရာမျိုးစုံကို ဖော်ပြ နေသည့် Cox & Kings က ညွှန်းဆိုရေးသားဖော်ပြထားခြင်းဖြစ်ပါသည်။ ပြည်မြန်မာ သတင်းဂျာနယ်
Posted on: Mon, 09 Sep 2013 02:31:21 +0000

Trending Topics



Recently Viewed Topics




© 2015