(၁၉) သတိုးမင်းစောသည် - TopicsExpress



          

(၁၉) သတိုးမင်းစောသည် ရှမ်းပြည်ကိုးစော်ဘွားထံ သံတမန်စေလွှတ်၍ မိမိဖက်မှကူညီရန် စည်းရုံးသည်။ ကိုးစော်ဘွားတို့ကလည်းကူညီမည်ဖြစ်ကြောင်း လျှောက်ထားသည်။ နောင်တော်တောင်ငူဘုရင် ပြည်ဘုရင်နှင့် ဇင်းမယ်ဘုရင်တို့ထံအကူအညီတောင်းခဲ့သည်။ သို့သော်မအောင်မြင်ခဲ့ပေ။ သတိုးမင်းစော၏ အကြံအစည်ကိုသိသော ဟံသာတီဘုရင်ငါးဆူဒါယကာသည် မိမိကအရင် အင်းဝကိုစတိုက်ရန် စီစဉ်သည်။ လက်အောက်ခံများဖြစ်သော တောင်ငူ ပြည် ယိုးဒယား၊ လင်းဇင်း ဇင်းမယ်တို့ထံမှ တပ်ကူများဆင့်ခေါ်သည်။ ဤသို့စစ်ပြင်ဆင်သည်မှာ အချိန်ကာလ တစ်နှစ်ကျော်ကြာသည်။ ၉၄၅ ခု တန်ခူးလပြည့်နေ့တွင် ဟံသာဝတီစစ်တပ် အင်းဝသို့ချီတက်သည်။ တပ်ပေါင်း (၁၇) တပ်ပါဝင်၍ ငါးဆူဒါယကာကိုယ်တိုင်ဦးဆောင်သည်။ ဟံသာဝတီတွင် မဟာဥပရာဇာမင်းကြီးစွာကို မြို.စောင့်အဖြစ်ထားခဲ့သည်။ ငါးဆူဒါယကာသည် အင်းဝအနီး ပင်းယသို့ရောက်သောအခါတပ်စွဲသည်။ (19) He organized nine Sawbwas (shan chief of former times) by sending messengers to get help him. Then he asked for help from his brothers-kings of Toungoo, King of Pyi and King of Zinmae, but in vain. Ngasudayakar of Hanthawaddy, who had known the plan of Thadominsaw, planned to attack him first. he summoned the troops from his subordinates-kings of Toungoo Pyi, Yodaya, Linzin and Zinmze. It took one year to prepare forward. Hantharwddy army, on the fullmoon day of Tagoo, 945 marched on Inwa. There were altogether 17 troops and Ngasudayakar himself led them. He left Maha U-payazar Mingyiswa in Hantharwaddy to guard the city. Ngasudayakar encamped when they reached Pinya near Inwa.
Posted on: Fri, 09 Aug 2013 15:16:25 +0000

Trending Topics



Recently Viewed Topics




© 2015