၁၉၇၃ ခုနှစ်က - TopicsExpress



          

၁၉၇၃ ခုနှစ်က တိုင်းရင်းသားများ (၁၃၅ မျိုး) တည်ရှိသတ်မတ်ပြီးထားတဲ့အတိုင်းသာ ဆက်လက်ထားရှိသွားမှာ ဖြစ်ပြီးတော့... အဲဒီ (၁၃၅ မျိုး) တိုင်းရင်းသားတွေ လက်ရှိအခြေအနေမှာ လူဦးရေဘယ်လောက်ရှိနေပြီလဲ.... ကျား/မ ဦးရေ.... စသဖြင့် သန်းခေါင်စာရင်း ကောက်ခံပြီး စာရင်းပြုစုသွားဖို့ပဲ ဖြစ်တယ်... ဆိုတော့ တိုင်းရင်းသားအသစ်ထပ်တိုးပေးမယ်၊ ထပ်ထည့်လို့ရတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး.... အဲဒီလိုသာ ထပ်တိုး/ထည့်လို့ရစတမ်းဆိုရင် လူမျိုးနွယ်စုတစ်စုချင်း သူတစ်လူ၊ ငါတစ်မင်း ဖြစ်ပြီး အားလုံးရှုပ်ကုန်မှာဖြစ်တယ်.... ချင်းတိုင်းရင်းသားလို့ပြောရင်.... မျိုးနွယ်စု (၅၃) မျိုးပါရှိပြီးဖြစ်ပါတယ်.... အဲဒီထဲမှာ လူဦးရေစုစုပေါင်း ဘယ်လောက်ရှိသလဲဆိုတဲ့ သန်းခေါင်စာရင်းပြုစုတာပါ.... ZOMI ဆိုပြီး တိုင်းရင်းသားအမည်နာမ အသစ်နဲ့ထပ်တိုး/ထည့်ဖို့ကို ဆိုလိုခြင်းမဟုတ်ပါ.... ဒီလို မြန်မာတနိုင်ငံလုံး သန်းခေါင်စာရင်းကောက်ခံတာကို နိုင်ငံတော်အစိုးရအနေနဲ့ သီးသန့်လုပ်ဆောင်နေတာမဟုတ်ပါဘူး... မြန်မာနိုင်ငံ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို အဓိကကူညီဆောင်ရွက်ပေးနေတဲ့ UNFPA (United Nations Populations Fund Activities) အဖွဲ့က Ms Janet Jackson ကလည်း မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်ခံမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာစံချိန်စံနှုန်းတွေနဲ့အညီ ကောက်ခံ သွားဖို့ပြင်ဆင်ထားကြောင်း ဒါဟာ မြန်မာနိုင်ငံသားတွေအတွက် အရေးကြီးကြောင်း ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပြီး တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုထားရှိဖို့ လိုအပ်ကြောင်းတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဆက်လက်လေ့လာဖို့ Link တွေပေးထားပါတယ်.... https://soundcloud/bbcburmese/w0qmjoknatid rfa.org/burmese/news/census-list-pc-12302013093948.html rfa.org/burmese/news/minister-asks-muslim-leaders-help-census-taking-11112013104303.html rfa.org/burmese/news/ministry-explain-census-01122014103312.html ZOMI တိုင်းရင်းသားအမည်နာမဖြင့် တောင်းဆိုခြင်း rfa.org/burmese/news/using-zomi-name-01252014094325.html rfa.org/burmese/news/ethnic-zomi-census-12302013103759.html Kuki တိုင်းရင်းသားအမည်နာမဖြင့် တောင်းဆိုခြင်း rfa.org/burmese/news/kuki-census-01062014095137.html
Posted on: Sun, 26 Jan 2014 04:53:20 +0000

Trending Topics



Recently Viewed Topics




© 2015