= = = - TopicsExpress



          

= = = အကြောက်တရားလွှမ်းမိုးစေရန် အကြမ်းဖက်မှုကို မည်သူတို့က ထောက်ပံ့သနည်း၊ အဘယ်ကြောင့်နည်း = = = (ဘာသာပြန် ၁) KMS 5 JAN 2014 ဆာဂျီ ဗာဆီလန်ကော့ဗ် ပရာဗဒါ-ရုရှား ၂၉ - ၀၄ -၂၀၁၃ Who funds terrorism and why? Sergei Vasilenkov Pravda.Ru 29.04.2013 နေ့တိုင်းလိုပင် တစ်နိုင်ငံ သို့မဟုတ် တစ်နိုင်ငံ၌ ပေါက်ကွဲမှုဖြစ်စဉ်များကို ကြားကြရပြီး အပြစ်မဲ့သော သွေးများ မြေကျလျှက်ရှိသည်။ ကမ္ဘာလုံးဆိုင်ရာ အကြောက်တရားလွှမ်းမိုးစေရန် အကြမ်းဖက်မှုသည် (၂၁)ရာစု အစောပိုင်း ကာလ၏ အဓိက ပြဿနာရပ်တစ်ခု ဖြစ်လာခဲ့သည်။ ၎င်းကို ကိုင်တွယ်ရန် ကြိုးပမ်းမှုများသည် မည်သည့် ရလာဒ်မျှ ထွက်ပေါ်ခဲ့ခြင်း မရှိပေ။ အကြောက်တရားလွှမ်းမိုးစေရန် အကြမ်းဖက်မှုသည် အသေအချာ ဖွဲ့စည်းထားသော တည်ဆောက်မှု တစ်ခု ဖြစ်သည်။ မည်သူသည် အကြောက်တရားလွှမ်းမိုးစေရန် အကြမ်းဖက်မှု လုပ်ရပ်များ၏ အဓိက ထောက်ပံ့ပေးကမ်းသူ ဖြစ်ပါသနည်း။ မည်သူသည် အကြောက်တရား လွှမ်းမိုးစေရန် အကြမ်းဖက်သူများအား ဘဏ္ဍာရေး ထောက်ပံ့နေကြသနည်း။ အဘယ်ကြောင့်နည်း။ Nearly every day in one or another country explosions are heard and innocent blood is shed. Global terrorism has become a major problem of the early 21st century. Attempts to deal with it have not produced any results. Terrorism is a well-organized structure. Who are the main sponsors of terrorist acts? Who is financing terrorists and why? အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့က အကြောက်တရားလွှမ်းမိုးစေရန် အကြမ်းဖက်မှုကို ဘဏ္ဍာငွေ ထောက်ပံ့ခြင်းနှင့် ငွေကြေးခ၀ါချခြင်းတို့တွင် ပါဝင်ပတ်သက်နေသည်ဟု သံသယ အဖြစ်ခံရသော နိုင်ငံများ၏ စာရင်းအသစ်ကို ထုတ်ပြန်ခဲ့သည်။ ၎င်း၏ ခန့်မှန်းတွက်ချက်မှုများအရ အီရန်နိုင်ငံ နှင့် မြောက်ကိုးရီးယားနိုင်ငံတို့ရှိ အခြေအနေများသည် အလွန် ဆိုးရွားလျှက် ရှိပြီး ကာကွယ်ရေးဆိုင်ရာ ချက်ချင်း “တုံပြန်ဆောင်ရွက်မှု” လိုအပ်လျှက် ရှိသည်။ အမေရိကန်တို့က နိုင်ငံပေါင်း (၁၃)နိုင်ငံနှင့် ဆက်နွယ်၍ “အင်အားဖြည့် ကြိုတင်သတိထားမှု”ကို ကျင့်သုံးဆောင်ရွက်ရန် အကြံပြုထားသည်။ ဗီယက်နမ် အင်ဒိုနီးရှား ယီမင် ကင်ညာ ပါကစ္စတန် နိုင်ဂျီးရီးယား မြန်မာ ဆာအို တိုမီနှင့် ပရင်စီပီ အီကွေဒေါ တူရကီ တန်ဇန်နီးယား ဆီးရီးယား နှင့် ယီမင်။ [ယီမင် နှစ်ကြိမ် ပါဝင်နေသည်။?] The U.S. financial intelligence unveiled its new list of the countries suspected of involvement in terrorism financing and money laundering. According to its estimates, the situation in Iran and North Korea is so serious that it requires immediate defensive counter-measures. The Americans advised to practice enhanced precautions in relation to 13 countries - Vietnam, Indonesia, Yemen, Kenya, Pakistan, Nigeria, Myanmar, Sao Tome and Principe, Ecuador, Turkey, Tanzania, Syria and Yemen. ကာဂျီဇ်စတန်နှင့် တာဂျီကီစတန် အပါအ၀င် နောက်ထပ် နိုင်ငံပေါင်း နှစ်ဒါဇင်မှာ “မဟာဗျူဟာအရ အားနည်းချက်များ”ရှိသော နိုင်ငံများဟု အမည်ပေးခံရရာ ၎င်းတို့နှင့် ညှိနှိုင်းလုပ်ကိုင်လိုကြောင်း ဆန္ဒကို ဖော်ပြကြခြင်း ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ အီရန်နှင့် မြောက်ကိုးရီးယားတို့အကြား ဆက်ဆံရေးများ မှာ အလွန်ပင် ရှုပ်ထွေးလှသည်။ ထိုနိုင်ငံများသည် စစ်ဖြစ်လုနီးပါး နိုင်ငံများဟု ဆိုနိုင်သည့် သဘောရှိကာ တစ်ဦး သို့မဟုတ် တစ်ဦးထံမှ အတိတ်နိမိတ်မကောင်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်တော့မည်ဟူသော ပြောဆိုဟစ်ကြွေးမှုများကို တစ်ကြိမ်မက ကြားနေရတတ်သည်။ ဤသည်မှာ အမေရိကန်ပြည်ထောင်စုက အကြောက်တရား လွှမ်းမိုးစေရန် အကြမ်းဖက်သူများအား ကူညီနေသော အန္တရာယ် အရှိဆုံး နိုင်ငံများ စာရင်းတွင် ထိုနိုင်ငံများကို ထည့်သွင်းထားရခြင်း၏ အကြောင်းရင်း အတိအကျပင် ဖြစ်သည်။ Another two dozen countries, including Kyrgyzstan and Tajikistan, have been named countries with strategic deficiencies who expressed willingness to deal with them. The relations between the United States, Iran and North Korea are quite complicated. These countries are virtually on the verge of a war, and ominous calls were heard from one party or another more than once. This is precisely why the United States included them in the list of the most dangerous countries helping terrorists. အမေရိကန်တို့သည် - အကျိုးစီးပွား မခံစားရသူများအား ရန်သူများဟု ခေါ်ဆိုခြင်းနှင့် မကောင်းဆိုးဝါး အစစ်များအား အပြစ်လွတ်စေခြင်း - သူတို့၏ အယူအဆများကို ယေဘုယျအားဖြင့် ပြောင်းလဲပစ်လိုကြသည်။ လွန်ခဲ့သော နှစ်က အမေရိကန်ပြည်ထောင်စုသည် အကြောက်တရား လွှမ်းမိုးစေရန် အကြမ်းဖက်သူများကို ပင်မ ထောက်ပံ့အားပေးသူဟူ၍ ဆော်ဒီအာရေဗျနိုင်ငံအား ခေါ်ဆိုခဲ့သည်။ အမေရိကန်တို့က ဆော်ဒီသားများ သည် အပြည်ပြည်ဆိုင်ရာ အကြောက်တရား လွှမ်းမိုးစေရန် အကြမ်းဖက်သူမှု နယ်ပယ်အားလုံးတွင် တက်ကြွ စွာ လှုပ်ရှားလျှက် ရှိသည်၊ သူတို့သည် တိုက်ခိုက်မှုများကို အစီအစဉ်ပြုလုပ်ခဲ့ကြပြီး ရာဇ၀တ် ဂိုဏ်းများ၏ လှုပ်ရှားလုပ်ဆောင်မှုများကို ဘဏ္ဍာငွေ ထောက်ပံ့ရာတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်ဟု ဖော်ပြခဲ့သည်။ The Americans generally like to change their opinions, calling the enemies those who are not beneficial at the time and justifying real devils. Last year the U.S. called Saudi Arabia the primary sponsor of terrorists. The Americans stated that the Saudis were active in all areas of international terrorism; they were planning attacks and engaged in financing the activities of criminal gangs.
Posted on: Mon, 06 Jan 2014 17:01:31 +0000

Trending Topics



Recently Viewed Topics




© 2015